Friday, May 27, 2011

မေမေတစ်ယောက်တည်းပဲ ..


.....
(၁)

**မူကြို**

ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။

ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်”


...

အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို

စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။



“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့

မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”



အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။



(၂)

**မူလတန်း**

ဆရာမိဘအစည်းအဝေးမှာ ဆရာမက “ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။

ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး”



အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို “ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့်

စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့” လို့ ပြောလိုက်တယ်။



သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး

သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။



နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။



(၃)

**အလယ်တန်း**

ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ

သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို

သူမေးလိုက်တယ်။



“အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး”



စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ “ သား... သားရဲ့အတန်းပိုင် ဆရာမက

ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့”




(၄)

သား အထက်တန်းအောင်ခဲ့ပါပြီ။

တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။



သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့

သားကို သူပြောခဲ့လို့ဖြစ်တယ်။



အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက်

တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။



“မေမေ... သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား

နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ”



သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့်

စီးကျလာခဲ့တယ်။


--
This life is too short even to love... I don't know how people find time to hate.....♫ ♥♫ ♥♫


§§§§§§§§§¶¶1§ Aʊяuღ ℝ@ßbḯ⊥1§¶§§§§§§§§§

No comments:

Post a Comment