Thursday, May 26, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ


(Explosion rocks Iran oil refinery shortly before Ahmadinejad arrives for visit)

**အီရန်တွင် ရေနံချက်စက်ရုံပေါက်ကွဲ တစ်ဦးသေဆုံး ဒဏ်ရာရ**
(တီဟီရန်၊ မေ ၂၄)
အီရန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရေနံစက်ရုံတစ်ရုံတွင် မေ ၂၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦးထက်မနည်းသေဆုံး၍ ၂၂ ဦး ဒဏ်ရာရရှိကြောင်း မီဟာသတင်းဌာနက သတင်းထုတ်ပြန်သည်။ အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်သည် အာဘာဒန်မြို့ရှိ ရေနံချက်စက်ရုံ၌ ကျင်းပသည့် စီမံကိန်းသစ် စတင်မှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် လာရောက်နေစဉ် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြသည်။ အဘာဒန်ရေနံချက်စက်ရုံ၌ဓာတ်ဆီထုတ်လုပ်ရေးစီမံကိန်းသစ်တစ်ရပ်ကို စတင်သည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ ရန် ပြင်ဆင်နေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အခမ်းအနားကျင်းပမှုကို ရပ်ဆိုင်းလိုက်ရသည်။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော အဆိပ်ဓာတ်ငွေ့နှင့် မီးခိုးလုံးကြီးများကြောင့် အလုပ်သမားများနှင့် အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေသူအချို့ မူးမေ့လဲကျခဲ့ကြောင်း၊ ၄င်းတို့ကို ကူဇက်စတန်ပြည်နယ်မြို့တော် အာမက်ဇ်ရှိ ဆေးရုံသို့ တင်ပို့လိုက်ကြော်ငး သတင်း၌ ရေးသားထားသည်။ အခမ်းအနား တက်ရောက်ကြမည့် အီရန်သမ္မတနှင့် ဧည့်သည်တော်များမှာမူ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိပေ။ မီးသတ်သမားများက မီးကို ထိန်းချုပ်နိုင်ခဲ့သည်ဟု မီဟာသတင်းဌာနက ဖော်ပြသည်။ (အမ်အင်အေ၊ ဆင်ဟွာ)


**ဘင်္ဂလားဒေ့ရှ်၌ မိုးကြိုးပစ်၊ ၁၀ ဦးသေဆုံး**
(ဒါကာ၊ မေ ၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင်နှစ်ခုတွင် မေ ၂၃ ရက်နံနက်က မိုးကြိုးပစ်သဖြင့် ကလေးနှစ်ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရသွားကြောင်း အရာရှိများက ပြောကြားသည်။ ချာပန်န၀တ်ဂျန်ခရိုင်အတွင်းမိုးကြိုးပစ်မှုကြောင့် ကလေးနှစ်ဦးအပါအ၀င် ရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း ဒေသခံပြည်နယ်အရာရှိတစ်ဦးက ပြောကြားသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့ထားသည်။ ဒါကာမြို့တော် အနောက်ဘက် ၂၁၆ ကီလိုမီတာအကွာ ပက်နာခရိုင်၌ မေ ၂၃ ရက်နံနက်က မိုးကြိုးပစ်မှုတွင် လယ်သမားနှစ်ဦး သေဆုံးပြီး ၁၃ဦးဒဏ်ရာရကြောင်း အခြားအရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)



**ဆိုယုဇ်အာကာသယာဉ် အောင်မြင်စွာပြန်လည်ဆင်းသက်**
(မော်စကို၊ မေ ၂၄)
ဆိုယုဇ်အာကာသယာဉ်သည် နိုင်ငံတကာအာကာသယာဉ်စခန်းမှနေ၍ အီတလီအာကာသယာဉ်မှူးတစ်ဦး၊ ရုရှားအာကာသယာဉ်မှူးတစ်ဦးနှင့် အမေရိကန်အာကာသယာဉ်မှူးတစ်ဦးကို သယ်ဆောင်င်ကာ ရုရှားနိုင်ငံ ကာဇက်စတန်ရှိ မြေပြင်စခန်းသို့ ဘေးကင်းချောမောစွာ ပြန်လည်ဆင်းသက်နိုင့်ခဲ့ကြောင်း ရုရှားအရာရှိများက မေ ၂၄ ရက်၌ ပြောကြားသည်။ ဆိုယုဇ်သယာဉ်မြေပြင်သို့ ဆင်းသက်ချိန်မှာ မေ ၂၄ ရက်ဒေသစံတော်ချိန် နံနက် ၆ နာရီနှင့် ၂၇ မိနစ်တွင် ဖြစ်ပြီး ကာဇက်စတန်ရှိဂျက်ကာဂန့်မြို့ အရှေ့ဘက် သတ်မှတ်ထားသည့် မြေပြင်သို့ တိကျစွာဆင်းသက်နိုင်ခဲ့သည်။ (အင်တာနက်)

**၂၁၀၀ ခုနစ်၌ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု တစ်မီတာကျော်မည်ဟုဆို**
(ဆစ်ဒနီ၊ မေ ၂၄)
ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ရာစုနှစ်တစ်ခုအတွင် အမြင့်တစ်မီတာကျော်မြင့်တက်မည်ဖြစ်ကြောင်း သြစတြေးလျအစိုးရ ရာသီဥတုဆိုင်ရာကော်မရှင်က တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ ယင်းကဲ့သို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုသည် ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်ဖြစ်ပွားတတ်လေ့ရှိသော ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးမှုကို ပေါ်ပေါက်စေနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။ ကမ္ဘာ့မြေမျက်နှာပြင်သည် ပိုမိုလျင်မြန်စွာပူနွေးလာသည်မှာ သံသယရှိဖွယ်မလိုကြောင်း ရာသီဥတုဆိုင်ရာ ကော်မရှင်၏ အစီရင်ခံစာတွင်ဖော်ပြသည်။ စက်မှုလုပ်ငန်းများက ထုတ်လွှတ်သော ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များသည် ကမ္ဘာ့အပူချိန်မြင့်တက်လာမှုသမုဒ္ဒရများ ပူနွေးလာမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတို့၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းလုံးမှ နောက်ဆုံးရရာသီဥတုဆိုင်ရာ အချက်အလက်များကို စုစည်းသုံးသပ်ထားကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။ (အေအက်ဖ်ပီ)


**ဆာဘီးယား၌ မိုးသည်းထန်ပြီးရေလွှမ်း၊အိမ် ၁၀၀၀ ခန့် ရေဘေးကြုံတွေ့**
(ဘဲလ်ဂရိတ်၊မေ ၂၄)
ဆာဘီးယားနိုင်ငံတွင် မေ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော်ဘဲလ်ဂရိတ်၏ အနောက်တောင်ဘက် နိုဗီပါဇီမြို့အနီးတွင် ရေလွှမ်းမှုဖြစ်ပွားရာနေအိမ် ၁၀၀၀ ခန့် ရေနစ်မြုပ်လျက်ရှိကြောင်း ဆာဘီးယားအသံလွှင့်ဌာနက မေ ၂၄ ရက်၌ သတင်းထုတ်ပြန်သည်။ မိုးသည်းထန်မှုကြောင့် လီကာနှင့်တာနာဗီကာမြစ်များ ရေလျှံတက်ပြီး ရေကာတာများ ရေလျှံမှုကြောင့် တံတားသုံးစင်းနှင့် ကားများ ရေထဲမျောပါသွားခဲ့ကြောင့်းဘဲလ်ဂရိတ် ဒုတိယမြို့တော်ဝန် ဗြူဂျီကာတီအိုဆာဗ်ဂျီဗစ်က ပြောကြားသည်။ (အင်တာနက်)



စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:

Post a Comment