
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မြ၀တီမြို့နယ် ရုံးဖွင့်လှစ်ပွဲကို ယနေ့ နံနက် (၈) နာရီတွင် ကျင်းပကြောင်း၊ ဘုရင့်နောင်လမ်းမကြီးတလျှောက် ကားများ၊ ဆိုင်ကယ်များကြပ်ညပ် ပိတ်နေလောက်အောင် လူအင်အားများပြားကြောင်း မြ၀တီမြို့မှ ဖားအံ့သို့ ကားတန်း အဆင်းနေ့ဖြစ်သောကြောင့် စိတ်ဝင်စားသူ ပိုမိုများပြားဟန်ရှိကြောင်း ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး စောထွန်းထွန်း တက်ရောက်ကာ အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။
** သတင်း- သောင်ရင်းနဂါး **
No comments:
Post a Comment