Tuesday, March 27, 2012

လူထုကျန်းမာရေး -ဆေးဖက်ဝင်အာနိသင်ရှိသော ဒူးရင်ဩဇာ(soursop)၏အကျိုးကျေးဇူးများ -


**Public Health**

ဒူးရင်းဩဇာသည် အရသာအရှိဆုံးအသီးဖြစ်သည်။

ဒူးရင်းဩဇာကို မရင့်မှည့်ခင်ခူးဆွတ်ရပါသည်။ ရင့်မှည့်ပြီးပါက သူ့အလိုလိုအောက်သို့ပြုတ်ကျသွား
သောကြောင့်ဖြစ်သည်။ ထိုသို့အောက်သို့ပြုတ်ကျသွားပါက အသီးသည် အညိုအမဲစွဲသွားပြီးမကောင်းတော့
ပါ။

အခွံသည် ပါးပြီး ကတော့ပုံသဏ္ဍာန်ရှိသော နံရိုးနုငယ်လေးများဖြင့်ဖုံးအုပ်ထားသည်။

သစ်သီး၏အသားပိုင်းသည် အဖြူရောင်ဖြစ်ပြီး အရည်ပါဝင်မှုနှုန်းများသည်။

နှစ်လိုဖွယ်အရသာရှိပြီး အထဲရှိ အမဲရောင်အစေ့ကိုစားလို့မရပါ။

ဒူးရင်းဩဇာတွင်အစေ့နဲပါးသောအသီးမှာရှားပါးလှသည်။

ဒူးရင်းဩဇာသည် အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းရုံသာမကအစာအိမ်ကင်ဆာ အစာအိမ်ရောဂါအစရှိသော ရောဂါငယ်မှအူထဲရှိကပ်ပါးပိုးအထိ ရောဂါအမျိုးမျိုးကို ကုသရာတွင်ဆေးဖက်ဝင်သည်။

အစေ့သည် အအန်ပျောက်စေသော ဂုဏ်သတ္တိပါဝင်သည်။

အရွက်၏အရည်သည် ခေါင်းပေါ်မှသန်းများကို ဖယ်ရှားပေးသည့်အပြင် ရောင်ရမ်းခြင်းကိုလျှော့ကျစေသည်။

လတ်ဆတ်သောအရွက်များသည် အရေပြားအပူလောင်ခြင်းကို လျင်မြန်စွာသက်သာအနာကျက်စေသည်။

အပင်၏အခေါက်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးသည်။

ဒူးရင်းဩဇာ၏အပွင့်များသည် လည်ချောင်းထဲတွင်ချွဲများလွန်ကဲများပြားနေခြင်းကို လျှော့နဲစေသည်။

စိစိညှက်ညှက်ကျေအောင်ချေထားသော အရွက်များသည် ဝဲနှင်းခူရောဂါကိုသက်သာပျောက်ကင်းစေသည်သာမက အရေပြားပြသနာအမျိုးမျိုးကိုပျောက်ကင်းစေသည်။

ူလေးစားစွာဖြင့်

**လရိပ်အိမ်**

**From-မေမွန်ကျော်**

No comments:

Post a Comment