
**ဝေဒနာ မြှုတ်နှံခြင်း**
ချစ်သူပေးလာ
မုန်းစာလွှာကို
အိမ်သာ တတ်စဉ် သုံးလိုက်သည်။
**နင်နဲ့ငါ**
ချစ်သူက ဗေဒါ
ကိုယ်က အီးတုံး
မြစ်နဒီ ရေယဉ်ကြောမှာ
မြော၍မဆုံး။ ။
**နင်နဲ့ငါ -၂**
ချစ်သူက အိမ်သာ
ကိုယ်က ဇလား
ခွဲရက်တယ် အာပနားရယ်
ရက်စက်တယ်တအား။ .။
**အိပ်မက်**
အိမ်မက်ထဲမှာ
ကြည်ဖြူတာနဲ့
ငါ့မှာနှစ်ချိုက်
စာပေးခိုက်တွင်
ပါးရိုက်ခံလိုက်ရပါသည်။ ။
**နယူတန်**
နယူတန်ရဲ့သီအိုရီ
သက်ရောက်မှုတိုင်း တုန့်ပြန်သည်
ဒါဆို အိုကေပြီ
ချစ်တဲ့သူဆီ အပြေးသွား
ချစ်တဲ့အကြောင်းတွေ ဇွတ်ပြောကြား
တုန့်ပြန်မှုက မောင့်ရဲ့ပါး
နီတဲ့အပေါ်မှာ လက်ဖဝါး
နယူတန် များ မှားသလား
ငါ့ခေါင်းထဲမှာ ဦးဏှောက်စား။ ။

**တန်ဘိုး**
အိမ်ရှေ့က စံပါယ်ပင်
အဖူးတွေဝင်
မကြာခင် တစ်ပင်လုံး
အပွင့်တွေ ဝေဝေဖုန်းပါလို့
သီကုံးကာ ခင့်အတွက်ရယ်ပေါ့
ရည်ရွယ်ရာ ပီတိမဆုံးခင်
သံစွာစွာ ပန်းသည်တစ်ဦးရယ်က
မာန်ပါပါ တန်ဖိုးဖြတ်ရက်တယ်ကွယ်
တစ်ကျပ်ဖိုး သုံးကုံး။ ။
(ငယ်ငယ်တုန်းက အမှတ်ရနေဆဲ ပေါက်ကရ ကဗျာများ)
**ကိုစိုးနိုင်**
No comments:
Post a Comment