Saturday, March 17, 2012

ဖအေတူ သမီးဟု ရည်ညွှန်းလိုသည်...


စာရေးသူသည် ဗိုလ်ချုပ်အောင်ဆန်းအား လွန်စွာလေးစားသည်။ ဤသို့ လေးစား ရခြင်းမှာ အကြောင်းရှိသည်။ အဘယ်အကြောင်းကြောင့် ဆိုသော်ဗိုလ် ချုပ်အောင်ဆန်းသည် အကြောင်းအကျိုး ဆိုင်ရာအမြင် နက်ရှိုင်းရှင် သန်သော ကြောင့် ဖြစ်သည်။
အကြောင်းအကျိုး အမြင်သည် မှန်ကန်သော အမြင်ပင်ဖြစ်၍ ဗုဒ္ဓဘာသာကလည်း လက်ခံသည်။ သိပ္ပံပညာရှင်များကလည်း လက်ခံ သည်။ ဒဿနပညာရှင်များကလည်း လက်ခံသည်။ ဗုဒ္ဓဘာသာ၌ အကြောင်းအကျိုး ဝါဒသည် ဗုဒ္ဓဝါဒပင်ဖြစ်ကြောင်း အစဉ် အလာအဆုံးအမရှိသည်။" ယေဓမ္မာ ဟေတုပ္ပဘဝါ" ဟူသော စကားက အထောက် အထားဖော်ပြလျှက်ရှိသည်။
"Off things that proceed from a cause, their causes the Tathagata has told and also their cessation : thus teaches the great Ascetic"ဟူ၍ အနောက်တိုင်း များ ဂုဏ်ယူစွာ သင်ယူကြသည်။ ဗုဒ္ဓ ဘာသာ၏အနှစ်ချုပ်သည် အကြောင်း အကျိုးဝါ ဒဖြစ်သည်။
သိပ္ပံပညာရှင်များ ကလည်း ကျွန်တော်တို့သည် အကြောင်း အကျိုးဝါဒကို လက်ခံသည်။ မငြင်းပယ်ပါ အကြောင်းအကျိုးဝါဒကို ကျွန်တော် တို့က ငြင်းပယ်လိုက် လျှင် ကျွန်တော်တို့ သည် လူ့အသိပညာကြီးကို ငြင်းပယ်ရာ ကျပေလိမ့်မည်ဟု သိပ္ပံပညာရှင်(Max Born- Noble Prize Winner) က ပြောခဲ့လေ သည်။ ဒဿန ပညာရှင်များမှာမူ အကြောင်း အကျိုးကို အမျိုးမျိုးဆွေးနွေး ဝေဖန်ခဲ့ ကြသည်မှာ ဒဿန သမိုင်းတစ်လျှောက် လုံးပင်ဖြစ်သည်။
အကြောင်း အကျိုးဝါဒ ကို နက်နက်ရှိုင်းရှိုင်းသာမက လျှင်လျှင်မြန်မြန် ရှင်သန်စွာ လက်တွေ့ကျစွာ ရှုမြင်သုံးသပ်ခဲ့သော ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားခင်မင် ရခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏အကြောင်း အကျိုးအမြင်နှင့်ပတ်သက်၍ မိမိမကြာ ခဏရေးခဲ့ ပါသည်။ အဓိကမှာ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းသူပြည်သားများ အား ပြောသောအခါ "လွတ်လပ်ရေးသည် အကျိုး တရားဖြစ်သော်လည်း အနာဂတ်အတွက် လွတ်လွတ်လပ်လပ် အကြောင်းခံနိုင်ရန် ကြိုးစားရမည်သာဖြစ်သည်" ဟုအကျိုး ကို အကြောင်းနှင့်ဖလှယ်၍ ရှင်းပြသွား ခဲ့ဖူးသည်။
ဤအမြင်မှာ လွန်စွာနက်ရှိုင်းသည်။ ဤအမြင်ကိုချီးကျူး၍စာဖွဲ့လျှင် စာလွန်စွာ ရှည်သွားနိုင်လောက်အောင် ပင်လွန်စွာနက်ရှိုင်းပါသည်။ ကျွန်တော် တို့လို လက်တွေ့အကြောင်းအကျိုး ရူသတ်နေသော ပုဂ္ဂိုလ်များကပင် အသိ အမှတ်ပြု၍ ချီးကျူးထုတ်ဖော်နေရသည် မှာ ထူးခြားသောဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း အကျိုး အမြင်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကို လေးစားခဲ့သည်။ ယခုအခါ "Like father like daughter"ဟု ဆိုရမည် ကဲ့သို့ ဒေါ် အောင်ဆန်းစုကြည်သည် လွန်စွာမှ ထက်မြက်၍ အသိပညာရှင်သန်စွမ်း ဆောင်နိုင်သည်။
ထို့ကြောင့် ချီးကျူးဖွယ် ရာကောင်းသည်။မြန်မာနိုင်ငံချီးကျူး ဖွယ်ရာကောင်းသော ပုဂ္ဂိုလ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း စာရင်းပေးရမည် သာ ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်၏ စွမ်းဆောင်ချက် များသည် အင်အားအင်မတန်ကောင်း တမ်းပြုဂုဏ်ယူလောက်ပေသည်။ စာရေးသူသည် တစ်ချိန်က အမေရိကန်နိုင်ငံသို့ ခေတ္တရောက်ခဲ့ သည်။ ထိုအခါထိုစဉ်က အမေရိကန် သမ္မတဖြစ်သောကလင်တန်က ဒေါ် အောင်ဆန်းစုကြည်ထံ တိုက်ရိုက်ရေး သော စာ တစ်စောင်ကို အမေရိကား၌ ဖတ်ခဲ့ရသည်။
အင်္ဂလိပ်ဘာသာနှင့် ကလင်တန်ကဒေါ်အောင်ဆန်းစုကြည် ထံရေးသောစာဖြစ်သည်။ မိမိသည် အသေးစိပ်တော့ မမှတ်မိသော်လည်း ကလင်တန် က ဒေါ်အောင်ဆန်းစု ကြည်အား အားပေး စကားပြောကြားရင်း ရေးသားထားသော အင်္ဂလိပ်ဘာသာ စကားနှင့်ပေးစာဖြစ်သည်။ ယင်းစာထဲတွင် "အားရှိပါ အဖေ့ခြေရာ နင်း၍ အဖေ လိုအောင်မြင်မည်" ဟူသော စကားအဓိပ္ပာယ်ပါသည်။

ထိုစဉ်က လျှမ်းလျှမ်းတောက်သော သမ္မတဖြစ် သူကလင်တန် ကပင်လျှင်ဒေါ်အောင် ဆန်းစုကြည်ကို ခင်မင်လေးစားစွာ အားပေး စကားနှင့်အောင်မြင်ရ မည်ဖြစ် ကြောင်း နိမိတ်ဖတ်ကြိုတင်ပြောခဲ့သည် မှာ မိမိကိုယ်တိုင်ဖတ်ခဲ့ရသော ထိုစာ ကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းရည် ထက်မြက်မှုများသည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသည် ဖြစ်သည်။ ထို့ ကြောင့် မိမိလေးစားသော ဗိုလ်ချုပ် အောင်ဆန်း၏ ဖအေတူသမီးဖြစ်ရာ မိမိသည် ဆန္ဒပြုကြောင်းကို ပွင့်ပွင့်လင်း လင်းရေးသား လိုက်ရပါကြောင်း---

**ဗုဒ္ဓစာပေဆုရ ဒေါက်တာချစ်ငယ်(ဒဿန)**

**မေမွန်ကျော်**

No comments:

Post a Comment