
တစ်ခါက အိမ်တစ်အိမ်တွင်မျက်စိတစ်ဖက်မကောင်းသဖြင့်
ကျောက်မျက်လုံးတပ်ထားရတဲ့ အဖိုးကြီးတစ်ယောက်နဲ့
သားဖြစ်သူ အရက်သမားတို့အတူနေကြသတဲ့။
တစ်ညမှာအဖိုးကြီးဟာ သူ့ကျောက်မျက်လုံးကို ဖန်ခွက်ထဲမှာ
ရေနဲ့စိမ်ပြီးတော့ အိပ်ရာဝင်သွားတယ်။ အဲ့ဒါနဲ့ သားအရက်သမား
အပြင်ကနေ မူးမူးနဲ့ပြန်လာတော့ ကျောက်မျက်လုံးစိမ်ထားတဲ့
ရေခွက်ကို သောက်မိသွားပြီး အိပ်ရာဝင်သွားတယ်။
မနက်မိုးလင်းတော့ အရက်သမားဟာ စအိုဝမှာ တစ်စုံတစ်ရာ
ခံစားရတာကြောင့် လိပ်ခေါင်းရောဂါရတယ်ထင်ပြီး ဆရာဝန်ဆီသွားပြတယ်။
ဆရာဝန်က လူနာရဲ့ဖင်ကို ဓာတ်မီးနဲ့ထိုးကြည့်တော့ ရုတ်တရက် လန့်ဖျပ်ပြီးမေ့မြောသွားတယ်။ အရက်သမားဟာ ဆရာဝန်ကိုလှုပ်နှိုးပြီး သတိရလို့မေးကြည့်တော့ ဆရာဝန်ဖြေပုံက . . .
''ငါ့တစ်သက် လူနာဖင်တော်တော်များများ ကြည့်ခဲ့ဖူးပါတယ်၊
ဒါပေမယ့် ငါ့ကိုပြန်ကြည့်တဲ့ ဖင်ကို ဒီတစ်ခါပဲတွေ့ဖူးလို့ပါ''
**Thet Khine**
No comments:
Post a Comment