Saturday, November 28, 2015

**မြန်မာမြန်မာချင်းတက်နင်းတဲ့အမှုတစ်ခု(သို့ ) မြန်မာဆပ်ကန်ထရိုက်တစ်ဦးကအလုပ်ခိုင်းပြီးလုပ်အားခမပေးသည့်အမှုတစ်ခုအားမဲဆောက်မြို့ ရှိထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးထံ တင်ပြရန်ဆရာမိုးကွင်းဆင်းဆောင်ရွက်**

+(နိုဝင်ဘာလ၂၈ရက်၊၂၀၁၅-သောင်ရင်းနဂါး)+

 မြန်မာဆပ်ကန်ထရိုက်တစ်ဦးကအလုပ်ခိုင်းပြီးလုပ်အားခမပေးသည့် အမှုတစ်ခုအားမဲဆောက်မြို့ ရှိထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးထံ တင်ပြရန်ထိုင်းအလုပ်သမားဝန်ကြီးဌာနမှကြီးမှူးဖွဲ့ စည်းထားသော တာ့ခ်ပြည်နယ်(ခရိုင်)အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖြန်ဖြေရေး ကော်မတီဝင်နှင့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ
(JACBA) ဥက္ကဌ-ဦးမိုးကြိုး(ဆရာမိုး)ကကွင်းဆင်းကြားနာဆောင်ရွက် ပေးခဲ့သည်။  

အဆိုပါဖြစ်စဉ်နျင့်ပတ်သက်ပြီးမဲဆောက်မြို့ မယ်ပတိုက်နယ်မှမြန်မာဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်သူအရှည်ကြီးပြောပြတာက-*ကျနော်တို့ ကမဲဆောက်မြို့  ဆောက်လုပ်ရေးလုပ်ငန်း.
..........ကပါ။ကျနော်တို့ ကိုထိုင်းသူဌေးက လုပ်အားခအပြည့်ရှင်းပေးပြီးတဆင့်ခံဆပ်ကန်ထရိုက်....ကလုပ်အားခမပေးတာဗျ။ ကျနော်ကနေ့ စားခ၃၀၀ဘတ်ရတယ်။၃၃ရက်စာရစရာရှိတာဆိုတော့(၉၉၀၀)ဘတ် ရရမယ်။ကိုနိုင်ကနေ့ စားခ၂၂၀ဘတ်နဲ့ ရစရာက၂၂ရက်စာဆိုတော့(၂၆၄၀)ဘတ် ရရမယ်။ဦးအာလူးကနေ့ စားခ၁၈၀ဘတ်နဲ့ ရစရာရှိတာက၂၉ရက်စာဆိုတော့ (၅၂၂၀)ဘတ်၊ကိုစိုးမင်းကနေ့ စားခ၂၀၀ဘတ်နဲ့ ရစရာရှိတာက၁၂ရက်ဆိုတော့ (၂၄၀၀)ဘတ်၊ကိုတင်အေးကနေ့ စားခ၂၂၀ဘတ်နဲ့ ၃၇ရက်စာရစရာရှိတာမို့ လို့ (၈၁၄၀) ဘတ်စသဖြင့်ကျနော်တို့ ၅ယောက်စလုံးအတွက်စုစုပေါင်းပြန်ရစရာလုပ်အားခငွေဟာ (၂၈၃၀၀)ဘတ်ဖြစ်ပါတယ်ခင်ဗျ။သူ့ ဆီမှာတောင်းကြည့်ပြီးပါပြီ။ဟိုနေ့ လိုလို၊ ဒီနေ့ လိုလိုနဲ့ ပြောတာမို့ သူဌေးဆီသွားမေးကြတယ်။သူဌေးက သူ...........ကိုအကြေရှင်းပေးပြီးပြီတဲ့။မင်းတို့ သူ့ ဆီကရအောင်တောင်းတဲ့...** ဟုရှင်းပြသည်။ 

အနှီအမှုနှင့်စပ်လျဉ်းပြီးမဲဆောက်မြို့ ရှိထိုင်းအလုပ်သမားဝန်ကြီးဌာန၊မဲဆောက်ခရိုင်ခွဲ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(LPO)သို့ ဦးမိုးကြိုး(ဆရာမိုး)ကိုယ်တိုင် ကွင်းဆင်းတွေ့ ရှိချက်များကိုတာဝန်ခံဦးစီးအရာရှိဖြစ်သူနန်းဆောင်လတ်ခတ်ကွန်းထံ တင်ပြမည်ဖြစ်ပြီးထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနှင့်လူမှုဖူလုံရေးအက်ဥပဒေ (BE-2541/1998)ပါရပိုင်ခွင့်များအတိုင်းတင်ပြတောင်းဆိုတတ်ရန်နှင့်ရုံးဌာနတွင် ပြောဆိုတတ်ရန်တို့ ကို
လိုအပ်သလိုဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ နှင့်ပတ်ဝန်းကျင်ဖြစ်သောမဲဆောက်ဒေသကြီးတွင် အလုပ်ရှင်မှဖြစ်စေ၊မန်နေဂျာမှဖြစ်စေ။ဆပ်ကန်ထရိုက်မှဖြစ်စေ၊အလုပ်ကြီးကြပ်ရေးမှူးမှ
 ဖြစ်စေအလုပ်စေခိုင်းပြီးလုပ်အားခမပေးပဲထားသောအမှုများထဲတွင် ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေး
လုပ်ငန်းအချို့ တို့ တွင်မြန်မာပြည်သားအချင်းချင်းလုပ်အားခမရှင်းသောအမှုများမှာ
ပိုမိုများပြားလာနေကြောင်း ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲ
လှုပ်ရှားမှုကော်မတီ(JACBA)က သုံသပ်တင်ပြသည်။ 


 ။။။။။။။။။။။။။။။။။။။။။။။။။။။။။ 


 သတင်း--သောင်ရင်းနဂါး 

သတင်းဓာတ်ပုံ---မင်းသူ

No comments:

Post a Comment