Saturday, November 28, 2015

**ငပိ..ဆီ...တန်းတန်းကြီး..ကိုယ်လာခဲ့ပါမယ်(သို့ ) ကျနော်စားခဲ့ရသောသူမတို့ ဆီကမိသားစုပမာ ထမင်းလုတ်များ**

ကျနော်သည်ငပိကိုအတော်နှစ်ခြိုက်သူဖြစ်ပြီးငပိရည်၊ ငပိထောင်း၊ငပိသုတ် စသဖြင့်တစ်ခုခုမပါလျှင်ထမင်းစားရမမြိန်ပါ။
 (မမေသူ--ဆို)*ဗျို့ ..ဆရာမိုးရာ....ငပိထောင်းလေးက..ကောင်းလိုက်တာ..... .မောင်..မင်းသူ....အပါ.. ဒီနေ့ ..လာခဲ့ပါ.....မယ်ဇလီဖူးသုတ်လား.....မြင်းခွာရွက်သုတ်လား....*

(မဇာ+မဖြူဖွေး)ဟောဒီ့ မှာ...ဆရာမိုးရာ..ကေသီပန်..ကေသီပန်(အဲလေ) ငပိထောင်း......ငပိထောင်း..စားလို့ ကောင်း...ကောင်းလိုက်တာ...လျှာလည်.... သွား...မှာ**  


သို့ဂလိုငပိထောင်း၏ဆွဲဆောင်အားကောင်းမှု၊တန်ဆောင်မုန်းလပြည့်ကျော် (သူခိုးကြီးညလက်ကျန်)မယ်ဇလီဖူးနှင့်မြင်းခွာရွက်တို့ ၏တိုက်တွန်းစေ့ဆော်မှု များကြောင့်ယနေ့ အဖို့ မူမဲဆောက်မြို့ မက်ပ်ရေဒီယိုအစီအစဉ်ပြီးသည်နှင့် ပွားဖော်ပွားဖက်မောင်မင်းသူကိုဂလိထိုးကာ(အဲလေ)လက်တို့ ကာ.. မမေသူ၊မဇာ၊မဖြူဖွေးစသည့်မော်ဒယ်ဂဲနဲ့ ပစ်(အဲလေ)မော်ဒယ်ဂဲတွေရှိရာ မဲဆောက်မြို့ အရှေ့ဘက်တောင်ကုန်းငယ်ကျေးရွာသို့ တည့်တည့်နဲ့ မှမတ်မတ် *ငပိ..ဆီ...တန်းလန်းကြီး(အဲလေ)တန်းတန်းကြီး..ကိုယ်လာခဲ့ပါမယ်.....*ဟု ဗဒင်ကိုပါးစပ်ထဲတပ်ကာဝေသာလီပြည်ဘီလူးစီးဘိကဲ့သို့ အ၀အပြဲဆွဲကြလေသတည်း။ 

......................


 +ဆန်တာကလော့စ်( ခေတ္တ- -အဂံပူ)+

No comments:

Post a Comment