**Public Health**
အထီးကျန်ဆန်တဲ့လူတွေဟာ ကိုယ်ခံအားစနစ်ပိုမိုအားနည်းတာကြောင့်အရွယ်မတိုင်ခင်မှာ
သေဆုံးနိုင်ခြေပိုများကြောင်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာ တွေ့ ရှိခဲ့ရပါတယ်။
တခြားလူတွေနဲ မကြာခဏပေါင်းသင်း ဆက်ဆံမှုမရှိဘဲ၊အထီးတည်းနေတတ်သူတွေဟာ
အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၄ ရာခိုင်နှုန်း ပိုများစေပါတယ်။
ဒါဟာ သူတို့ ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ ပိုမို နည်းပါးနေတာကြောင့်
ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆဲလ်တွေဟာ လူတစ်ယောက်ခန္ဓာကိုယ်ရဲ့ ရောဂါဘယ၊ဖျားနာမှုတွေကို
တွန်းလှန်တိုက်ထုတ်တဲ့ ဆဲလ်တွေ ဖြစ်ပြီး သုတေသနပညာရှင်တွေရဲ့
ပြောကြားချက်အရ ဒီလေ့လာတွေ့ ရှိမှုမှာ တခြားသက်ရောက်မှုတွေ
ရှိနိုင်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိအား နဲ့ လူမှုထောက်ပံ့မှုစတဲ့ အရာတွေ
မပါဝင်ဘဲ အထီးကျန်ခြင်း တစ်ခုတည်းကိုသာ ကောက်နှုတ်တွက်ချက်ထားတာ
ဖြစ်တယ်လို့ ဆိုပါတယ်။
ချီကာဂိုတက္ကသိုလ်ကသုတေသနသိပ္ပံပညာရှင်တွေဟာကျွန်တော်တို့ 
ခန္ဓာကိုယ်ကဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေးတဲ့ leukocytes
ခေါ်
သွေးဖြူဥဆဲလ်တွေရဲ့ မျိုးဗီဇ ပုံစံကို လေ့လာခဲ့ကြ ပါတယ်။
တွေ့ ရှိချက်အရအထီးကျန်တဲ့လူတွေဟာလူမှုအပေါင်းအသင်းဝင်ဆံ့တဲ့လူတွေထက်
သွေးဖြူဥဆဲလ်တွေ ပိုမိုနည်းပါးနေတာကို တွေ့ ရှိခဲ့ရပြီး ကိုယ်ခံအားစနစ်
ပိုမိုအားနည်းနေတာကို ဆက်စပ် တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုယ်ခံအားစနစ်ကျဆင်းရတာဟာ ရောဂါကူးစက်မှုတွေကြောင့်ရောင်ရမ်း၊
နီမြန်းခြင်းမှာတာဝန်ရှိတဲ့ မျိုးဗီဇ(gene) တွေ များပြားလာမှု နဲ့ ဗိုင်းရပ်ပိုးတွေ
ကိုတွန်းလှန်ပေးတဲ့ gene တွေကျဆင်းလာမှုကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။
အထီးကျန်ဆန်တဲ့ အခြေအနေမှာ
ဦးနှောက်ကနေ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်ပြလှိုင်းတွေ ထုတ်ပေးပြီး ဒါက
ခန္ဓာကိုယ်ကနေ သွေးဖြူဥထုတ်လုပ်ပေးမှုကို ထိခိုက်စေတာဖြစ်တယ်လို့ သိရပါတယ်။
+ဖိုးသူတော်+
Credit :--Trend Myanmar

No comments:
Post a Comment