Monday, November 30, 2015

=အနုပညာလမ်းကြောင်းသစ်ပေါ်မှဂျနီဖာလောရန့်စ်နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

**အနုပညာလမ်းကြောင်းသစ်ပေါ်မှဂျနီဖာလောရန့်စ်**

လတ်တလောမှာ ရုံတင်ပြသနေတဲ့  စွန့် စားခန်းရုပ်ရှင် ဇာတ်လမ်းတွဲ ““The Hunger Games”” ရဲ့  ဇာတ်ဆောင် မင်းသမီးချောဂျနီဖာလောရန့်စ်ဟာ သူ့ ရဲ့ ပင်မအနုပညာ လမ်းကြောင်းပေါ်မှတစ်ဆင့်တက်ကာလမ်းသစ်ကို စတင် လျှောက်လှမ်းခဲ့ပါ တယ်။ လတ်တလောမှာဟောလိဝုဒ်ရဲ့  ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ်ရပ်တည်နေတဲ့ လောရန့် စ် ဟာ ဒါရိုက်တာတစ်ဦးအဖြစ်ရုပ်ရှင်တစ်ခုကိုတာဝန်ယူ ရိုက်ကူးသွားမည်ဖြစ်ကြောင်း စကိုင်းဒေါ့ကွန်းက ဖော်ပြခဲ့ ပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ် ကင်မရာရှေ့ မှာလှုပ်ရှားရင်း အော်စကာဆုကိုပါသိမ်းပိုက်နိုင်ခဲ့ သည် အထိ အောင်မြင်ခဲ့တဲ့ အသက်(၂၅)နှစ်အရွယ် လောရန့် စ်ဟာ ““Project Delirium””လို့ အမည်ရတဲ့  သိပ္ပံ ရုပ်ရှင်ကို တာဝန်ယူရိုက်ကူးပေးဖို့  ကင်မရာ နောက်ကနေ ဒါရိုက်တာ တစ်ဦးအဖြစ်လှုပ်ရှားသွားမှာဖြစ်ကြောင်း လောရန့် စ်ကိုယ်တိုင်က ဖွင့်ဟခဲ့ပါတယ်။
အန်တာတိန်းမန့် ဝိခ်ကလီး သတင်းစာနဲ့  ပြုလုပ်ခဲ့ တဲ့  အင်တာဗျူးတစ်ခုမှာ လောရန့် စ်က ““အခု ရိုက်ကူးမယ့်  ရုပ်ရှင်ဟာ အမေရိကန်စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့  စစ်အေးတိုက်ပွဲကာလအတွင်းက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာနဲပတ်သက်တဲ့ လျှိုဝှက် စမ်းသပ်မှုအကြောင်းတွေကို ရေးသားထားတဲ့  ဆောင်းပါး အပေါ် အခြေခံထားပါ တယ်””ဟု ပြောကြားခဲ့ ပါတယ်။ ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ ခြင်းနဲ့  ပတ်သက် ပြီး လောရန့် စ်က သူ့ အနေနဲ့  (၁၆)နှစ် သမီးအရွယ်ကပင်ဒါရိုက်တာတစ်ဦး ဖြစ်ချင်ခဲ့ သည့် ဆန်္ဒရှိခဲ့ ကြောင်းနဲ့ ယခုအချိန်မှာတော့ သူ့ အနေနဲ့  ဒါရိုက်တာတစ်ဦးဖြစ်ရန် တကယ့် ကို အဆင်သင့် ဖြစ်နေပြီလို့  ခံစားရကြောင်းလည်း ရင်ဖွင့်ခဲ့ ပါတယ်။ (အေးပြည့်) 


** ဆစ်ဒနီမြို့ ....နယ်လှည့်ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့တဲ့တေလာဆွစ်**

အမေရိကန်ပေါ့ပ် အဆိုတော်တေလာဆွစ်ဟာ နိုဝင်ဘာ ၂၉ ရက် ညပိုင်း (သြစတြေးလျ ဒေသ စံတော်ချိန် )က ဆစ်ဒနီမြို့ ရှိ ANZ ဘောလုံးကွင်းမှာ သူ့ ရဲ့ ““1989 ””တေး စီးရီးအတွက် နယ်လှည့်ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့ ရာပရိသတ် ခုနစ်သောင်း ခြောက်ထောင်ခန့် လာရောက် အားပေးခဲ့ ကြောင်း နယူးဒေါ့ကွန်း ကဖော်ပြခဲ့ ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲမှာ ပရိသတ်ရှစ်သောင်းနီးပါးလာရောက် ကြည့်ရှုခဲ့ခြင်းအပေါ် တေလာဆွစ်ကိုယ်တိုင်ကပင် အံ့ သြ၀မ်းသာဖြစ်ခဲ့ရပြီး ဖျော်ဖြေပွဲပြုလုပ်နေစဉ် အတွင်း တေလာက သြစတြေးလျ ပရိသတ်များ တစ်ခဲနက်လာရောက်အားပေးခဲ့သော ယခုဖျော်ဖြေပွဲသည် သူ၏ဂီတသက်တမ်း တစ်လျှောက်တွေ့ကြုံခဲ့  ရသော ဖျော်ဖြေပွဲများ အနက်ပရိသတ်အများဆုံးသော ဖျော်ဖြေပွဲ များတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်းမှတ်မှတ်ရရပြောကြားခဲ့ ပါတယ်။ အဆိုပါဖျော်ဖြေပွဲမှာ တေလာဆွစ်ကသူ့ ရဲ့ နာမည်ကျော်တေးသီချင်း တွေဖြစ်တဲ့  ““Welcome To New York ”” New Romantics““ ”Blank Space”နဲ့  ““ I Wish You Well ””စတဲ့  တေးသီချင်းတွေနဲ့  သီဆိုဖျော်ဖြေ ခဲ့ ပါတယ်။ တေလာဟာ အဆိုပိုင်နိုင်တဲ့တေးသံရှင် တစ်ဦးဖြစ်ရုံသာမက သီဆိုဖျော်ဖြေနေစဉ် အတွင်းမှာသူ့ ရဲ့  မျက်နှာ၊ ခြေ၊ လက်စတဲ့  ကိုယ်အမူအရာတွေဟာလည်း တမင်ဖန်တီးယူစရာမလိုဘဲ တေးသီချင်းနဲ့  လိုက်ဖက်စွာ သက်ဝင်လှုပ်ရှားနေလေ့ရှိတဲ့ အတွက် ပါရမီရှင် အဆိုတော် တစ်ဦးလို့တောင် ပြောလို့ ရပါ တယ်။ တေလာဟာ သူ့ ရဲ့တေး ဂီတ လမ်းကြောင်းအစမှာ ကျေးလက် သီချင်းတွေ ကိုသီဆိုလေ့ရှိတဲ့  ကန်းထရီး တေးသံရှင်တစ်ဦးအဖြစ် စတင် ကျော်ကြားခဲ့ပေမယ့် ယခုနယ်လှည့် ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့  ““ 1989””တေးစီးရီးထွက်ရှိပြီး နောက်ပိုင်းမှာ ပေါ့ပ်တေးဂီတဘက်ကို ခြေလှမ်းပြောင်းခဲ့ကာလတ်တလောမှာ 
 အောင်မြင်တဲ့  ပေါ့ပ်တေးသံရှင်တစ်ဦးအဖြစ်ရပ်တည်နေပါတယ်။



တေလာဆွစ်ဟာယခုပြုလုပ် ခဲ့တဲ့ စစ်ဒနီဖျော်ဖြေပွဲအပြီးမှာ သြစတြေးလျနိုင်ငံအတွင်းမှာပဲ အခြားသောတေးဂီတ ဖျော်ဖြေပွဲများကို ဒီဇင်ဘာ ၅ ရက်မှာဘရစ်ဘိန်းရှိ စန်းခရော့ပ်ဘောလုံးကွင်း ၌ လည်းကောင်း၊ ဒီဇင်ဘာ၈ရက်မှာအဒဲလိတ်ဒ်ဖျော်ဖြေရေးစင်တာ၌ လည်း ကောင်း၊ ဒီဇင်ဘာ ၁၀၊ ၁၁နဲ့ ၁၂ရက်တွေမှာ မယ်လ်ဘုန်းရှိ AAMIပန်းခြံတို့ ၌ လည်းကောင်း အသီးသီးပြုလုပ်သွားမှာဖြစ်ပါတယ်။(အေးပြည့်) 



**မန်ယူမှထွက်ခွာခဲ့ ပြီးနောက်အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေသောဟာနန်ဒက်ဇ်** 


မန်ယူနည်းပြ ဗန်ဟားလ်လက်ထက်တွင် ဂိုးသွင်းခြေ ပျောက်ဆုံးကာနေရာမရဖြစ်ခဲ့သော ဟာနန်ဒက်ဇ်မှာ လက်ရှိအချိန်တွင်ဂျာမာန်ကလပ်လေဗာကူဆင်၌ အကောင်းဆုံးပုံစံပြန်လည်ရရှိကာ ခြေစွမ်းပြနေ သောကြောင့်  မန်ယူမှထွက်ခွာခဲ့သည့်သူ၏ဆုံးဖြတ်ချက် မှာမှန်ကန် ခဲ့ ကြောင်းဂိုးဒေါ့ကွန်းက သုံးသပ်ဖော်ပြခဲ့ သည်။ ဗန်ဟားလ်၏ နည်းဗျူဟာချမှတ်မှုက တိုက်စစ်ကစားသမားများအနေဖြင့်  လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန်ခက်ခဲသည့်အတွက် မန်ယူတိုက်စစ်မှူးများမှာ အခြားတိုက်စစ်ကစားသမားများထက် ဂိုးရရှိရန် ပိုမို ရုန်းကန်နေရခြင်းဖြစ်သည်။ ဟာနန်ဒက်ဇ်မှာယခင်မန်ယူနည်းပြ ဖာဂူဆန်လက်ထက်တွင် အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့သော်လည်း နည်းပြဗန်ဟားလ်လက်ထက်တွင်ခြေစွမ်းပျောက်ခဲ့ သောကြောင့်  ၎င်းအားမန်ယူကယမန်နှစ်၌ ရီးယဲလ်သို့  အငှားချထားခဲ့  သလို ယခုနှစ်နွေဈေးကွက်တွင် လေဗာကူဆင်အသင်းသို့  အပြီးသတ်ရောင်းချခဲ့ သည်။ ဟာနန်ဒက်ဇ်သည် ယခုနှစ် ဘောလုံး ရာသီတွင် လေဗာကူဆင်အတွက်ခုနစ်ပွဲဆက်တိုက်ဂိုးသွင်းယူနိုင် ခဲ့ပြီးနောက်မက်္ကဆီကိုကစားသမားများထဲတွင်ယခင်ရီးယဲလ်ဂန်္ထ၀င် ကစားသမား ဟူဂိုဆန်းချက်ဇ်၏ ဥရောပလိဂ် ခြောက်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သော စံချိန်တစ်ခုကိုကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ သည်။ မန်ယူနည်းပြဗန်ဟားလ်က တိုက်စစ်မှူးဗန်ပါစီနှင့်  ဟာနန်ဒက်ဇ်တို့နှစ်ဦးအား ရောင်းချကာ မာရှယ်လ်နှင့်  ဒီပေးတို့ နှစ်ဦးအား ပြန်လည်အစားထိုးခေါ်ယူခဲ့ သော်လည်း ယခုထိ မန်ယူတိုက်စစ်ကိုအကောင်းဆုံးပုံဖော်နိုင် ခြင်းမရှိသေးပေ။ ထို့ ကြောင့်  ပီအက်စ်ဗွီနှင့်ကစားခဲ့ သည့်  ချန်ပီယံလိဂ်ပွဲစဉ်နှင့် လက်စတာအားရင်ဆိုင်ခဲ့ ရသည့်  ပရီမီယာလိဂ်ပွဲစဉ်များတွင် မန်ယူ၏တိုက်စစ်ကစားဟန်မှာ လုံးဝအသက်မဲ့ နေခဲ့ ခြင်းဖြစ်သည်။ (မေလဲသင်း) 



**မော်ရင်ဟိုစိတ်တိုင်းကျကွင်းလယ်ဖန်တီးရှင်မဟုတ်သောဟာဇက်**

 ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက သူ့ စိတ်တိုင်းကျကွင်းလယ် ဖန်တီးရှင်နေရာမှာကစားနိုင်တဲ့ကစားသမားက ပြီးခဲ့တဲ့ နှစ် ပရီမီယာလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိတဲ့  ဟာဇက်မဟုတ်ဘဲ ပေါ်တိုကွင်းလယ်ကစားသမားဟောင်း ဒေကိုနဲ့  အခုဂါလာတာစာရေးမှာကစားနေတဲ့  ရှနိုက်ဒါတို့ သာ ဖြစ်တယ်လို့  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက နည်းဗျူဟာပိုင်းခင်းကျင်းတဲ့ နေရာမှာကွင်းလယ်ဖန်တီးရှင် နေရာမှာကစားနိုင်တဲ့ ကစားသမားကိုတည်ပြီး ကစားကွက်ဗျူဟာ ကို ချမှတ်လေ့ရှိတဲ့နည်းပြတစ်ဦးပါ။ သူဟာ ပေါ်တိုကအစပြုလို့ အခု ချယ်လ်ဆီးကို ဒုတိယအကျော့ ပြန်လည်ကိုင်တွယ်တဲ့ အထိ တိုင်အောင် ကျောနံပါတ်(၁၀)၀တ် ကစားသမားတွေကစားလေ့ရှိတဲ့ကွင်းလယ်ဗဟိုချက်နေရာမှာ အံဝင်အောင်ကစားနိုင်တဲ့ ကစားသမားတွေကိုအမှီပြု ပြီး အောင်ပွဲ အလီလီရရှိအောင်စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ အင်တာဗျူးတစ်ခုမှာ မော်ရင်ဟိုကို ““ ဟာဇက်က ခင်ဗျားစိတ်ကြိုက်ကျောနံပါတ် (၁၀)၀တ်ကစားသမားလား””လို့ မေးမြန်းခဲ့ ရာမှာသူက ““မဟုတ်ပါဘူး။ ကျောနံပါတ်(၁၀)၀တ်ကစားသမားဆိုတာ စွယ်စုံဖန်တီး နိုင်တဲ့ သူပါ။ဗဟိုကွင်းလယ်နေရာမှာကစားသမားနှစ်ယောက်ထားပြီး ကစားခိုင်းတဲ့ အခါတစ်ယောက်ကကွင်းလယ်ဖန်တီးရှင်နေရာကို သေချာပေါက်တာဝန်ယူရပါလိမ့် မယ်။ တဲလ်အဗစ်ကိုရင်ဆိုင်တဲ့ ပွဲမှာအော်စကာကစားသွားတုန်းကလိုပေါ့”” လို့ ပြန်လည် ဖြေကြားခဲ့ ပါတယ်။ မော်ရင်ဟိုက သူ့ စိတ်တိုင်းကျ ကျောနံပါတ်(၁၀)၀တ်ကစားသမား နှစ်ဦးမှာဒေကိုနဲ့  ရှနိုက်ဒါတို့  သာဖြစ်ကြောင်းဆိုခဲ့သလို သူတို့ နှစ်ဦးက နောက်တန်းအဖျက်နေရာ ကိုဆင်းကူနိုင်သလို ပင်နယ်တီဧရိယာအတွင်း အကောင်းဆုံး လှုပ်ရှားနို င်သူများလည်းဖြစ်ကြောင်းဆိုခဲ့ ပါတယ်။ ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းယူနိုင်မှုအပိုင်းပါပြည့်စုံမှသာလျှင် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ်သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း သူ့ ရဲ့  သဘောထားအမြင်ကို ပြောခဲ့ ပါတယ်။ (မေလဲသင်း)

No comments:

Post a Comment