Monday, November 30, 2015

=မန်စီးတီး၊လီဗာပူးတို့ ခြေစွမ်းကိုစစ်ဆေးမယ့် ကတ်ပီတယ်ဝမ်းဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေလာပြီ=

ကတ်ပီတယ်ဝမ်းဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဒီဇင်ဘာ ၁ ရက်မှာယှ ဉ်ပြိုင်ကစားမှာဖြစ်ပါတယ် ။ ဒီ ပွဲစဉ်တွေမှာတော့ ကတ်ပီတယ်ဝမ်းဖလားကို ရယူဖို့  ရေပန်းစားနေတဲ့  မန်စီးတီးဟာ ချန်ပီယံခြေစွမ်း ပြပြီး အောင်ပွဲခံနို င် မလားဆိုတာစောင့်ကြည့် ရမှာဖြစ်သလို အဲဗာတန် တို့ ကလည်းအဝေးကွင်းမှာ မစ်ဒယ်ဘရော့နဲ့  ဆုံတွေ့ ရမှာမို့  ပွဲမချောင်ပါဘူး။ လီဗာပူးတို့ ကတော့ ဆောက်သမ်တန် နဲ့  အဝေးကွင်းမှာ ကစားရမှာမို့  စိ တ်ပန်းလူပန်းဖြစ်ရဦးမှာ သေချာနေပြန် ပါတယ်။



**မန်စီးတီး နှင့်  ဟားစ်စီးတီး**
ဂျူဗင်တပ်စ်နဲ့  လီဗာပူးတို့ ကို ရှုံးပွဲတွေဆက်တိုက် ကြုံတွေ့ ထားရတဲ့  မန်စီး တီးတို့ က အခုလိုအရေးကြီးတဲ ပွဲမှာတော့ အမှားအယွင်းခံမှာမဟုတ်ပါဘူး။ မန်စီးတီးတို့ က ဗီလာကိုလည်း သရေပွဲဖြစ်ခဲ့ ပေမယ့်  ရလဒ်ကောင်းတွေကို မဖြစ်မနေပြန်လည်ဖော်ထုတ်ဖို့  လိုအပ်နေတာမို့  အခုပွဲမှာဟားစ်စီးတီးကို အနိုင်ရအောင် ကစားပါလိမ့်မယ်။ ဟားစ်စီးတီးတို့ ကလည်း ဘရန့် ဖို့ ဒ်၊ မစ်ဒယ်ဘရော့တို့ ကို ဂိုးပြတ်သွင်းနိုင်ပွဲရခဲ့ ပြီး ဘရစ်စတိုးကို တစ်ဂိုးစီ သရေ ဖြစ်ထားတာမို့  စိတ်ဓာတ်ခွန်အားရရှိနေပါတယ်။ ဒီနှစ်သင်းရဲ့  နာက်ဆုံး တွေ့ ဆုံမှုရလဒ်ကိုကြည့်ရင် တစ်ဂိုးစီ သရေပွဲဖြစ်ထားတာမို့  အိမ်ကွင်းဖြစ်ပေမယ့် မန်စီးတီးတို့  ပေါ့ဆဆကစားလို့ မရပါဘူး။ လက်ရှိ ကစားအားအရ အိမ်ရှင်အားသာချက်ရှိနေပေမယ့်  ဟားစ်စီးတီးတို့ လည်း မျှော်လင့်ချက်ထား နိုင်တဲ့ ပွဲပါပဲ။


  **မစ်ဒယ်ဘရော့ နှ င့်  အဲဗာတန်**
မန်ယူကိုဂိုးမရှိသရေကစားပြီး ချာလ်တန်၊ ရော့သာဟမ်၊ ကျူပီအာတို့ ကို အနိုင်ကစားထားတဲ့  မစ်ဒယ်ဘရော့ကို အဲဗာတန်တို့  လျှော့တွက်ရင်မှားပါလိမ့်မယ်။ မစ်ဒယ်ဘရော့ဟာ ဟားစ်စီးတီးကို သုံးဂိုးပြတ်ရှုံး ခဲ့ပေမယ့် နောက်ပွဲတွေမှာအနိုင်ရလဒ်ကိုပြန်လည် ရှာဖွေနိုင်တဲ့  စွမ်းရည်ရှိပါတယ်။ အဲဗာတန်တို့  ကလည်း လောလောဆယ်ခြေစွမ်းကိုကြည့် ရင် ဆန်းဒါးလန်းကိုခြောက်ဂိုး-နှစ်ဂိုးနဲ့ ပြတ်ပြတ်သားသား နိုင်ပွဲ ရထားပြီး ဗီလာကိုလည်း လေးဂိုးပြတ်နဲ့  အောင်ပွဲခံထားပါတယ်။ တိုက်စစ်စွမ်းရည်ထက်မြက် နေတဲ့  အဲဗာတန်ကို မစ်ဒယ်ဘရော့တို့ အိမ်ကွင်းမှာ ကစားရပေမယ့်  ခက်ခဲပါလိမ့်  မယ်။ ဒါပေမယ့် ခံစစ်ပိုင်းကျစ်လျစ်တဲ့  မစ်ဒယ်ဘရော့ကို အဲဗာတန်တိုက်စစ် မှူးတွေကျော်ဖြတ်ဖို့ တော့ မလွယ်ပါဘူး။ ဂိုးမပြတ်ပေမယ့် ဧည့် သည်ကို ပိုပြီးနှစ်သက်တာ အမှန်ပါပဲ။ **စတုတ် နှ င့်  ရှ က် ဖီး** စတုတ်တို့ က အခုတလောပုံမှန်ခြေစွမ်းရနေပြီး ရလဒ်တွေလည်း ကောင်းအောင်အားထုတ်နိုင်စွမ်း ရှိနေပါတယ်။ ဆောက်သမ်တန်နဲ့  ချယ်လ် ဆီးတို့ ကို နိုင်ပွဲရအောင်ကစားထားတဲ့ ခြေစွမ်းမျိုးစတုတ်ပြန်ရရင် ရှက်ဖီး တို့  မလွယ်ပါဘူး။ ရှက်ဖီးတို့ က ဟက်ဒါဖီးလ် ကို အနိုင်ကစားခဲ့ ပေမယ့်  ချာလ်တန်ကို ရှုံးခဲ့ တဲ့ ခြေစွမ်းက စိတ်ပျက်စရာဖြစ်နေပါတယ်။ ဒါပေမယ့်  အာဆင်နယ်လို အသင်းကို သုံးဂိုးပြတ်နဲ့ နိုင်ပွဲရအောင်စွမ်းဆောင်နိုင် ခဲ့ တာက ချီးကျူးစရာပါပဲ။ ဒီပွဲမှာစတုတ်တို့  ပုံမှန် ခြေစွမ်းရနေမှုက ရှက်ဖီးကို နိုင်ပွဲနဲ့  ဝေးစေမယ်လို့  ယုံကြည်ပါတယ်။ 




**ဆောက်သမ် တန် နှ င့် လီဗာပူး**

နှစ်သင်းစလုံးခြေရည်တူနေတာမို့  အကြိတ်အနယ် ရှိမယ့်  ပွဲပါပဲ။ ဘုန်း မောက်နဲ့  ဆန်းဒါးလန်းအသင်း တွေကို နိုင်ပွဲရအောင် ကစားနိုင်ခဲ့ ပြီး စတုတ် ကိုရှုံးခဲ့ တဲ့ ဆောက်သမ်တန်ရဲ့ ခြေစွမ်းက ယုံကြည်ဖို့ ခက်ခဲနေပါတယ်။ လီဗာပူးတို့ က ခရစ်္စတယ်ပဲလေ့စ်ကိုရှုံးခဲ့ ပေမယ့် မန်စီးတီးကို အနိုင်ကစား ခဲ့ တဲ့  ခြေစွမ်းပြန်ရရင်တော့ ဆောက်သမ်တန်တို့  ရင်မောရကိန်းဆိုက်သွား နိုင်ပါတယ်။ အကြိုက်ကလီဗာပူးပါပဲ။ 



 +မိုးမြင့်လင်းလက်+

No comments:

Post a Comment