Thursday, December 3, 2015

=မန်ယူ၊မန်စီးတီး၊ချယ်လ်ဆီးတို့ အမှတ်ပြည့်ရဦးမယ့် ပရီမီယာလိဂ်ပွဲစဉ်(၁၅)=

ဒီတစ်ပတ်ရဲ့ ပရီမီယာလိဂ်ပွဲစဉ်(၁၅) ကိုတော့ ဒီဇင်ဘာ ၅ရက် နဲ့  ၆ရက် တွေမှာယှ ဉ် ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေမှာလည်းအသင်းကြီးတွေ အမှတ်ရဖို့ ခက်ခဲနေဦးမှာဖြစ် ပြီး မျှော်လင့်ချက် ပြည့်ဝဖို့  ဆိုတာ ခြေကုန် ဖွင့် ကစားမှရမှာဖြစ်ပါတယ် ။ မန်ယူအနေနဲ့ ခြေတက်လာတဲ့  ၀က်စ်ဟမ်းနဲ့  တွေ့ ရမှာဖြစ် သလိုချယ်လ်ဆီးတို့ က အိမ်ကွင်းမှာဘုန်းမောက် နဲ့ ကစားရမှာမို့  ကြွေတစ်လက်ကြက်တစ်ခုန်အချိ န်အတွင်းမှာ နည်းပြမော် ရင် ဟိုအတွက်ရင်တုန်လှို က်မောစရာ အဖြစ်အပျက်တွေ ပေါ်ထွက်လာဦးမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ် ။



 **မန်ယူ နှ င့်ဝက် စ် ဟမ်း**
မန်ယူဟာ ၀က်စ်ဟမ်းနဲ့  နောက်ဆုံးငါးပွဲတွေ့ ဆုံခဲ့ တဲ့ ရလဒ်ပိုင်းကိုကြည့်ရင် မန်ယူတို့ သုံးပွဲနိုင်ပြီး နှစ်ပွဲသရေဖြစ်ထားပါတယ်။ မန်ယူကွင်းမှာဆိုရင် အိမ်ရှင်တို့ အနိုင်ရတဲ့  အစဉ်အလာရှိနေပြီး အဲဒီမှတ်တမ်းကို ဒီပွဲမှာလည်း ဆက်လက်ရေးထိုးနိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ် ခြေစွမ်းကိုကြည့် ရင် ၀က်စ်ဟမ်းတို့ ရလဒ်တွေဆိုးရွားနေပြီး မန်ယူတို့ ကလည်း သရေပွဲတွေဆက်နေပါတယ်။ တန်းစီဇယားကို ဦးဆောင်ဖို့ အတွက် မန်ယူတို့ အမှတ်ပြည့်ယူပြီး အောင်ပွဲခံပါလိမ့် မယ်။

 **စတု တ် နှ င့် မန်စီးတီး**


 ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရယူခဲ့တဲ့ မန်စီးတီးတို့ ဟာ တန်းစီဇယားကို ဦးဆောင်နေပြီး စတုတ်တို့ ကတော့ အိမ်ကွင်းမှာ တိုက်စစ်ရော ခံစစ်ပါ ကျဆင်းနေပါတယ်။ စတုတ် တိုက်စစ်မှူးတွေ က ပြိုင်ဘက်ခံစစ်မှူးတွေကို ကျော်ဖြတ်နိုင်ကြပေမယ့်  အဆုံးသတ်ဂိုးသွင်းမှု အားနည်းနေဆဲဖြစ်ပါတယ်။ မန်စီးတီးတို့ ကတော့ ဒီပွဲမှာဘိုနီ၊ ကွန်ပနီတို့ ဆက်လက်လွဲချော်နေဦးမှာ ဖြစ်ပြီး ပါဝင်ကစားဖို့  မလွယ်သေးပါဘူး။ ဒါပေမယ့်  တိုက်စစ်အားကောင်းတဲ့  မန်စီးတီးဟာ ဒီပွဲကို ရလဒ်ကောင်းနဲ့ အတူကျော်လွှားပါလိမ့်မယ်။  

**အာဆင်နယ် နှင့်  ဆန်းဒါးလန်း** 

 နောက်ဆုံးတွေ့ ဆုံခဲ့ တဲ့ ပွဲမှာအာဆင်နယ်ကွင်း ဖြစ်ပေမယ့်  ဆန်းဒါးလန်း တို့ ဂိုးမရှိ သရေပွဲ ကစားနိုင်ခဲ့ တာ သတိပြုရမှာဖြစ်ပါတယ်။ လောလော ဆယ်ခြေစွမ်းကိုကြည့် ရင်တော့ ဆန်းဒါးလန်းတို့ က တန်းဆင်းဇုန်မှာရှိနေပြီး ပွဲတိုင်းနီးပါး ရုန်းကန်နေရပါတယ်။ အာဆင်နယ်တို့  ကတော့ အိမ်ကွင်းမှာဆိုရင် အမှတ်ဆုံးရှုံးမှု နည်းအောင် ကစားနိုင်တာမို့ အခုပွဲဟာ အိမ်ရှင်အတွက် အခြေအနေကောင်းမယ့် ပွဲပါပဲ။ 


**ချယ်လ်ဆီး နှင့် ဘုန်းမောက်**
အခုအချိန်အထိ ရလဒ်တွေ ကမောက်ကမဖြစ်နေဆဲ ဖြစ်တဲ့  ချယ်လ်ဆီး တို့ ကတော့ ဘုန်းမောက်ကို ဖိအားပေးကစားနိုင်ပါလိမ့် မယ်။ ခြေစွမ်းဆက် တိုက်ကျဆင်းနေတဲ့  ဘုန်းမောက်တို့ ကတော့ အခုပွဲမှာချယ်လ်ဆီးရဲ့  အနိုင်ရလိုစိတ်ပြင်းပြင်း အောက်မှာ ဂိုးမပြတ်ရေး အာရုံစိုက်ရုံကလွဲပြီး တခြား မျှော်လင့် ချက်ထားလို့ မရတဲ့ ပွဲဖြစ်ပါတယ်။ 

 **ဆောက်သမ်တန် နှင့်အက်စတွန်ဗီလာ**

 မန်စီးတီးကို ရှုံးခဲ့ တဲ့  ဆောက်သမ်တန်တို့ က အခုပွဲကိုတော့ အနိုင်ကစားပါလိမ့် မယ်။ ဗီလာတို့ ရဲ့  အားထုတ်မှုကကျေနပ်စရာမရှိပေမယ့် ဆောက်သမ်တန်တို့ ကိုအကျပ်အတည်းတွေ့ အောင် ကစားနိုင်ပါတယ်။ တန်းဆင်း ဇုန်ထဲက ရုန်းထွက်ဖို့  ကြိုးစားနေပေမယ့်  လက်ရှိခြေစွမ်းအရ မလွယ်ပါဘူး။ ဆောက်သမ်တန်တို့ ရဲ့  နိုင်ပွဲ ရလိုစိတ်ပြင်းထန်မှုအောက်မှာ အမှတ်ဗလာနဲ့  အိမ်ပြန်ရပါလိမ့် မယ်။ 


**ဆွ မ်ဆီးနှ င့်လက်စတာ** 

ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံမှု ငါးပွဲမှာ လက်စတာက နှစ်ပွဲနိုင်ပြီး ဆွမ်ဆီးတို့က သုံးပွဲနိုင်ထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲမှာတော့ လက်စတာက နှစ်ဂိုးပြတ်နဲ့  နိုင်ပွဲ ရထားပါတယ်။ ဒါပေမယ့် ဒီနှစ် ပရီမီယာလိဂ်မှာ အဝေးကွင်းရှုံးပွဲမရှိသေးတဲ့ လက်စတာရဲ့ အားထုတ်မှုက ဒီပွဲ ရလဒ်ကောင်းကို ပိုင်ဆိုင်ခွင့် ရမှာဖြစ်ပါတယ်။ 

 ** ၀က်စ် ဖို့ ဒ် နှ င့် နော့ဝှစ်ခ်ျ** 

ဝက်စ်ဖို့ ဒ်ဆုံတိုင်းနော့ဝှစ်ခ်ျတို့  နိုင်ပွဲ ရတာများပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့ တဲ့  ပွဲမှာနော့ဝှစ်ခ်ျတို့ က သုံးဂိုးပြတ်နိုင်ပွဲရခဲ့  တာမို့  အခုပွဲမှာလည်း ၀က်စ်ဖို့ဒ်တို့ အပြင်းအထန် ခုခံကာကွယ်ရဖို့ ရှိနေပါတယ်။ ကစားအားကောင်းနေတဲ့ နော့ဝှစ်ခ်ျရဲ့  အသင်းလိုက်စုစည်းမှုကအမှတ် စုဆောင်းခွင့်ပေးမှာမဟုတ်ပါဘူး၊ ဒီပွဲမှာဝက်စ်ဖို့ ဒ်တို့  အမြင့်ဆုံးမျှော်မှန်းနိုင်တာကတစ်မှတ်ပါပဲ။ 


+မိုးမြင့်လင်းလက်+

No comments:

Post a Comment