*ချစ်ခင်ပေါင်းသင်း၊ဆက်ဆံခြင်းကား။ကွေကွင်းနောက်ဆုံးဖြစ်ချေ၏*တဲ့။
ဒီလိုပါပဲ။တကယ်တော့အဲဒီတစ်နေ့ က(ဒီဇင်ဘာလ၁ရက်နေ့ World AIDSနေ့ )
ကမနက်စောစောမှာခါတိုင်းနှစ်တွေကလိုပဲ၁၄နှစ်မြောက်စုပေါင်းလမ်းလျှောက်ပွဲ
ဆင်နွှဲကြဖို့ မဲဆောက်မြို့ ရဲစခန်းဟောင်းစုရပ်မှာလူစုနေကြ၊အခမ်းအနားအစီအစဉ်
အခင်းအကျင်းတချို့ကိုသူ(ကိုနေဦး)နဲ့ ဆရာမိုးတို့ အခြား၂ဦးနဲ့ စကား
အနည်းငယ်(မှတ်မှတ်ရရ၃ခွန်း)ပဲပြောရသေးတယ်။
သူကဗြုန်းဆိုလဲကျသွား
တော့ဆရာမိုးရော၊အနီးအနားကလူတွေကပါကြွက်တက်တာလား၊
တခြားတက်တာတစ်ခုခုလားဘာာမှမခွဲခြားနိုင်ကြပဲသူ့ ကိုယ်ကိုဝိုင်းနှိပ်
ပေးခဲ့ကြပါတယ်။
(ကျနော်တို့ ထင်ပါတယ်။အဲဒီလိုလဲကျသွားစဉ်
မနက်၇း၅၀လောက်မှာကတည်းကသူအသက်မရှိတော့ပါဘူး)
မကြာမီကျနော်တို့ မဲဆောက်ရဲစခန်းကနေနည်းနည်းနောက်ကျပြီးမနက်(၈း၄၀)
လောက်မှာ
လမ်းစလျှောက်ကျတော့သူအသက်မရှိတော့ဘူးလို့ အတည်ပြု
သတင်းကိုလမ်းလျှောက်နေရင်းကြားသိခဲ့ကြရပါတယ်။
ဒါကြောင့်လည်း၁၄နှစ်မြောက်စုပေါင်းလမ်းလျှောက်ပွဲရဲ့ အဆုံးသတ်နေရာ
အခမ်းအနားကျင်းပမယ့်နေရာ(မယ်တော်ဆေးခန်း)ကိုရောက်ပြီးမကြာမီ
ကိုစိုင်းနောင်(မဲဆောက်မြို့ မက်ပ်ရေဒီယို)ရဲ့ အဆိုပြုချက်အရဆရာမိုး၊ကိုစိုင်းနောင်၊
ကိုချမ်းလင်းအေးတို့ ၃ဦးကဦးဆောင်ပြီးအခမ်းအနားစင်မြင့်ထက်ကနေ
လှုပ်ရှားဆောင်ရွက်ရင်းအသက်ဆုံးခဲ့ရတဲ့ကိုနေဦးအတွက်ဝမ်းနည်းခြင်း
အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေနဲ့ အတူ၁မိနစ်တာငြိမ်သက်ခြင်း
ကိုဖော်ဆောင်ပေးခဲ့ကြတာပါ။
ဒီလူကပဲခူးတိုင်းသအနောက်ခြမ်းသာယာဝတီမြို့ နယ်၊သုံးဆယ့်မြို့ ဇာတိ
သားတဲ့။ကွယ်လွန်ချိန်မှာ၃၈နှစ်ကျော်၃၉နှစ်ထဲရောက်နေပေမယ့်ငယ်ပါ
သေးတယ်။
လုပ်နိုင်ပါသေးတယ်။သူကWorld Vision(မဲဆောက်)ရုံးမှာ
မြန်မာနိုင်ငံသားတွေထဲကအရာရှိအဆင့်ရှိဝန်ထမ်းတစ်ဦးပါပဲ။သူက
*မဲဆောက်ပရဟိတ(နာရေးကူညီမှုအသင်း)ကိုတည်ထောင်ရာမှာ
ကမကထလုပ်ပေးပြီးလိုအပ်တာတွေကိုလူထုလူတန်းစားအလွှာအသီးသီးဆီက
ပူးပေါင်းဆောင်ရွက်မှုတစုံတရာရအောင်ဖော်ဆောင်ခဲ့တာရှိပါတယ်။
ဒါ့အပြင်မဲဆောက်ဒေသကြီးကမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကြားမှာHIV-AIDS-
TBစတဲ့ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေကိုအားစိုက်ခွန်စိုက်အကျိုးဆောင်
ခဲ့သူတစ်ဦးမို့ လို့ လူသိလည်းများသလိုလူခင်လည်းပေါပါတယ်။
မဲဆောက်မြို့ မက်ပ်ရေဒီယို(၁၀၂.၅၀)မီဂါဟတ်စ်မှာလည်း
HIV-AIDS-TBစတဲ့ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာပညာပေးအသံလွှင့်မှု
ကိုလည်းတစိုက်မတ်မတ်လုပ်ကိုင်ခဲ့သလိုသူမသေမီမက်ပ်ရေဒိယိုရဲ့ 
ကွင်းဆင်းပညာပေးရေး၊လှုံဆော်ရေးဖြစ်တဲ့မဲဆောက်မြို့ စနေဈေးနဲ့ 
တနဂံနွေဈေးမက်ပ်ရေဒီယိုကမ်ပ်ပိန်းမှာတောင်(နူတ်ဆက်တဲ့သဘောလားမသိ)
တက်တက်ကြွကြွပါဝင်ခဲ့ပါသေးတယ်။
ကိုနေဦး..ဆိုတာသတိရစရာတွေများစွာရှိခဲ့တဲ့၊ထားခဲ့တဲ့လူမှုအကျိုးပြု
လူတစ်ယောက်၊မြန်မာနိုင်ငံသားတစ်ယောက်ပါပဲဗျား။
။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ သောင်ရင်းနဂါး+




No comments:
Post a Comment