**စူပါမန်းရဲ့ အကျဉ်းသားဖြစ်သွားတဲ့လင်းနို့လူသား**
ကမ်္ဘာတစ်ဝန်းရှိ ကလေးရောလူကြီးများပါစွဲလမ်းနှစ်သက်
ခဲ့ရသည့် လူစွမ်းကောင်းများပါဝင်သောရုပ်ရှင်များအနက်
တစ်ခုဖြစ်သည့်  ဒါရိုက်တာ ဇက်ခ်စနိုက်ဒါ ရိုက်ကူးသည့်
ရုပ်ရှင်သစ် ““ Batman v Superman: Dawn of Justice””ကို
စမ်းသပ်ပြသခဲ့ ရာ ယင်းရုပ်ရှင်သစ်တွင် လူစွမ်းကောင်း
ဇာတ်ဆောင်တစ်ဦးဖြစ်သည့်  လင်းနို့ လူသားအား
အခြားသောလူစွမ်းကောင်းတစ်ဦး ဖြစ်သည့်  စူပါမန်း၏
အကျဉ်းသားအဖြစ် တွေ့မြင်ရသည်။
၄၉ စက်္ကန့် ကြာ
ထုတ်လွှင့် ပြသခဲ့ သော အဆိုပါဗီဒီယိုတွင်
မင်းသားဘန်အက်ဖလက်ထ်က လင်းနို့ လူသားအဖြစ်
ပါဝင်သရုပ်ဆောင်ထားပြီး စူပါမန်း အဖြစ် ဟင်နရီကက်ဗေလ်က
သရုပ်ဆောင်ထားသည်။ အဆိုပါရုပ်ရှင်တွင် စူပါမန်းက
လင်းနို့လူသား၏ မျက်နှာဖုံးကိုချွတ်ခဲ့ ပြီး နောက်
လူစွမ်းကောင်းနှစ်ဦး၏ ထိပ်တိုက်တွေ့ ဆုံခဲ့ ကြပုံ
များကို ရိုက်ကူးထားကာ ၂၀၁၃ ခုနှစ်က ထွက်ရှိ
ခဲ့ သော ရုပ်ရှင်““Man of Steel””၏ နောက်ဆက်တွဲ
ရုပ်ရှင်လည်း ဖြစ်သည်။(အေးပြည့်)
**EXOရဲ့ ပထမဦးဆုံးသောမြောက်အမေရိကနယ်လှည့် ဖျော်ဖြေရေးခရီးစဉ်**
တောင်ကိုရီးယားအမျိုးသားပေါ့ပ်တေးဂီတ အဖွဲ့ များအနက်
အောင်မြင်သည့်  အဖွဲ့တစ်ဖွဲ့ ဖြစ် သည့်  ““EXO””သည်
သူတို့ ၏ ပထမဦးဆုံးသောမြောက်အမေရိကသို့ 
နယ်လှည့် ဖျော်ဖြေရေးခရီးစဉ် ကိုလာမည့် ၂၀၁၆ခုနှစ်
ဖေဖော်ဝါရီလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားခဲ့  သည်။
အဆိုပါခရီးစဉ်အတွင်း မြောက်အမေရိကရှိမြို့ငါးမြို့သို့ 
လှည့်လည်ဖျော်ဖြေမည်ဖြစ်ကာ ခရီးစဉ်၏ အသေးစိတ်
အစီအစဉ်များကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်
ဖြစ်ကြောင်း အမ်ဝေ့ဖ်ဒေါ့ကွန်းက ဖော်ပြခဲ့ သည်။
အဆိုပါတေးဂီတအဖွဲ့ သည် ပြည်ပနယ်လှည့် 
ဖျော်ဖြေပွဲအဖြစ် ပြီးခဲ့ သည့်  နိုဝင်ဘာလအတွင်းက
ဂျပန်နိုင်ငံသို့  သွားရောက်ဖျော်ဖြေခဲ့ သည်။
ထို့ ပြင် တရုတ်နိုင်ငံတွင်လည်းသွားရောက်ဖျော်ဖြေခဲ့ပြီး
နောက် အဖွဲ့၏အောင်မြင်မှုကို ကမ်္ဘာနှင့်ချီသည့် 
အောင်မြင်မှုမျိုးဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့ သို့ 
မြောက်အမေရိကသို့  သွားရောက်ဖျော်ဖြေရန်
စီစဉ်ခဲ့ ခြင်းဖြစ်သည်။ လတ်တလောတွင် EXO အဖွဲ့ 
သည် သူတို့ ၏ ဆောင်းရာသီအထူးတေးအယ်လ်ဘမ်သစ်
““Sing For You””ကို ထုတ်လွှင့်နိုင်ရန်စီစဉ်နေပြီး
ယင်းတေးအယ်လ်ဘမ်ကို ယခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်
စတင်ထုတ်လွှင်ပေ့းသွားမည် ဖြစ်သည်။ (အေးပြည့်)
**ရီးယဲလ်အသင်းဆီကဘာစီလိုနာဟာသခံန်းစာယူရမယ့်လို့ ရာမို့စ်ပြောဆို**
ဘာစီလိုနာအနေနဲ့  အခုအချိန်မှာအကောင်းဆုံး ပုံစံ
ရရှိနေပေမယ့် လည်း ဒီအခြေအနေကို
အမြဲတမ်းထိန်းထားဖို့မလွယ်ပါဘူးလို့ ရီးယဲလ်အသင်း
ခေါင်းဆောင်ရာမို့ စ်ကသတိပေးစကားဆိုခဲ့ပါတယ်။
ဘာစီလိုနာက နောက်ဆုံးကစားခဲ့ တဲ့  သုံးပွဲ
(ရီးယဲလ်၊ ရိုးမား၊ ဆိုစီဒက်)မှာ၁၄ဂိုးအထိသွင်းယူ
ထားနိုင်ပြီး အမှတ်ပေးဇယားဒုတိယနေရာက
အက်သလက်တီကိုတောင် လေးမှတ်အထိ
ဖြတ်ချထားနိုင်ပေမယ့်  မနှစ်က ရီးယဲလ်ရဲ့
ဖြစ်ရပ်ကို အတုယူမယ်ဆိုရင် ချန်ပီယံဆုဖလား
အတွက် အပြောင်းအလဲဖြစ်နိုင်သေးတယ်လို့ 
ရာမို့ စ်က ဆိုခဲ့ ပါတယ်။ မနှစ်က ရီးယဲလ်က
နှစ်ကုန်အထိ အမှတ်ပေး ဇယားထိပ်ဆုံးနေရာကို
ဦးဆောင်နေခဲ့ ပေမယ့်  နောက် ပိုင်းမှာ
ရလဒ်တွေဆိုးလာခဲ့ ပြီး လာလီဂါချန်ပီယံဆုကို
ဘာစီလိုနာက သိမ်းပိုက်သွားနိုင်ခဲ့ တာကို
ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်လို့  ရာမို့စ်က
ဆိုခဲ့ပါတယ်။ အားကစားလောကမှာဝေဖန်ခံရတာနဲ့ 
ချီးမွမ်းခံရတာက အမြဲတမ်းဒွန်တွဲနေတာကြောင့်
အန်းနရစ်နဲ့ ဘာကာ ကစားသမားတွေအနေနဲ့ 
အကောင်းဆုံးပုံစံကို ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းဖို့ 
တော့ ခက်ခဲမှာဖြစ်တယ်လို့ လည်း ရာမို့ စ်ကပြောပါတယ်။ (မေလဲသင်း)
**ကမ်္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုဆန်ခါတင်စာရင်းမှာ
ဆွာရက်ဇ်လည်း ပါဝင်သင့် တယ်လို့ မက်ဆီနဲ့နေမာတို့ ပြောဆို**
ကမ်္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ( Ballon & Or )
ဆန်ခါတင်သုံးဦးစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
မက်ဆီ၊ နေမာနဲ့ စီရော် နယ်ဒိုတို့  သုံးဦးကို ဆန်ခါတင်စာရင်းမှာ
ထည့်သွင်းကြေညာလိုက်ပြီဖြစ်ပါ တယ်။ ဒီဆန်ခါတင်စာရင်းမှာ
ဆွာရက်ဇ်လည်းပါဝင်သင့် တယ်လို့ကစားဖော်တွေဖြစ်တဲ့
မက်ဆီနဲ့နေမာတို့က အခိုင်အမာပြောဆိုလိုက်ပါတယ်။
လာလီဂါအကောင်းဆုံးဘောလုံးသမားဆုပေးပွဲမှာ
မက်ဆီနဲ့ နေမာတို့ က ပြောဆိုလိုက်တာပါ။
ဒီနှစ် စပိန်လာလီဂါရဲ့  အကောင်းဆုံးဘောလုံးသမားဆုကို
ဘာစီလိုနာကငါးဆုဆွတ်ခူးနိုင်ခဲ့ ပါတယ်။ တိုက်စစ်မှူး
ဆွာရက်ဇ်ဟာ ပြီးခဲ့ တဲ့ နှစ်က လီဗာပူးမှ ထွက်ခွာခဲ့ ပြီး
တဲ့ နောက် ဘာစီလိုနာအသင်းမှာအဓိက ခြေစွမ်းပြ
ကစားခဲ့ တဲ့  တိုက်စစ်မှူး ဖြစ်ပါတယ်။ မက်ဆီ၊နေမာနဲ့ 
ဆွာရက်ဇ် တို့ ဟာ ဥရောပရဲ့အကောင်းဆုံး တိုက်စစ်အတွဲ
လို့  ဆိုပါတယ်။ ဒီ့ အတွက် နေမာနဲ့မက်ဆီတို့ က
ကမ်္ဘာ့ အကောင်းဆုံး ဘောလုံးသမားစာရင်းမှာ
ဆွာရက်ဇ်ပါသင့်တယ်လို့  အခိုင်အမာပြောဆိုခဲ့ ပါတယ်။
(ကောင်းမြတ်သူ)





No comments:
Post a Comment