Wednesday, December 2, 2015

=လူထုကျန်းမာရေး(စိုးရိမ်ကြောင့်ကြမှုက သင့်အသက်ကို ငါးနှစ်မက နှုတ်ယူထား)=

**Public Health** 
စိုးရိမ် ကြောင့်ကြခြင်းနဲ့ ပက်သက်လို့ ဗြိတိန်မှာ သုတေသန လုပ်တဲ့အခါ ဗြိတိန်နိုင်ငံသား တစ်ဦးဟာပျမ်းမျှအားဖြင့် တစ်ရက်ကို၁နာရီနဲ့မိနစ် ၅၀စာကို စိုးရိမ်ခြင်း အတွက်အသုံးပြုနေကြကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ လူသက်တမ်းနဲ့ တွက်တဲ့အခါ ငါးနှစ်မကသော အချိန်က စိုးရိမ်မှု အတွက် ပေးထားရသလို ဖြစ်နေကြောင်း ဆိုပါတယ်။ စိုးရိမ်aကြာင့်ကြခြင်း ဟာလည်း လူ့အသက်ကို တိုစေပါတယ်။  

-စိုးရိမ်မှု အများဆုံးအတွက် ထိပ်တန်း အကြောင်းအရာများကတော့- 

အလုပ်၊ ငွေကြေး ပြဿနာ၊ နောက်ကျခြင်း၊ မိမိ ချစ်သောသူ တစ်ယောက်ရဲ့ ကျန်းမာရေး နဲ့ မိမိ ကျန်းမာရေး၊ အချစ်ရေး၊ တစ်စုံတစ်ခုကိုမှီရန် နောက်ကျခြင်း၊ မနက် အိပ်ရာထ နောက်ကျခြင်း၊ ရုပ်ရည် အသွင်အပြင်၊ မိသားစု လုံခြုံရေး အစရှိသဖြင့်တို့ ပါဝင်ပြီး သွားကိုက်ခြင်း ပြဿသနာကလည်းနံပါတ် ၁၂ မှာရှိနေပါတယ်။ စိုးရိမ်ပူပန်ခြင်းဟာ မိမိရဲ့ ပျော်ရွှင်မှုကို သယ်ဆောင် သွားတဲ့ အရာများ ဖြစ်ပြီး မိမိအတွက် ဘာမှ အကျိုးထူး ဖြစ်ထွန်းလာစေမှာ မဟုတ်ပါဘူး။ တစ်ခုခုကို မရမှာ၊ မဖြစ်မှာ စိုးရိမ်နေမယ့် အစား သတိတစ်ချက် မိမိကိုယ်ကိုယ် ပေးပြီး ဂရုမပြုပဲ ထားလိုက်နိုင်ရင် စိတ်ထဲမှာ ရှင်းပါတယ်။ အကယ်၍ မဟုတ်ပဲ နာရီကို ခပ်မြန်မြန်ပဲ သွားစေချင် သလိုလို၊ ပြန်ပဲ အနောက်ဆုပ်စေချင်သလို ဖြစ်ရင်တော့ မိမိကို အသက်တိုစေမှာပဲ ဖြစ်ပါတယ်။ 


+ရိုးရာလေး+

No comments:

Post a Comment