ဟုတ်ကဲ့ပါ။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာ၁၄နှစ်သက်တမ်းရှိပြီဖြစ်တဲ့
*ကမ္ဘာ့ ခုခံအားလျော့နည်းကျဆင်းတဲ့နေ့ (World AIDS Day)စုပေါင်းလမ်းလျှာက်ချီတက်ပွဲ*ဟာအခုနှစ်မှာအင်မတန်ဝမ်းနည်းစရာ
ကောင်းလှတဲ့ဖြစ်ရပ်တစ်ခုနဲ့ 
မနက်စောစောစီးစီးရင်ဆိုင်ကြုံတွေ့ ခဲ့ကြရပါတယ်။
ဒီကနေ့ စုပေါင်းလမ်းလျှာက်ချီတက်ပွဲ*မှာပါဝင်ဆင်နွှဲကြမယ့်လူ၅၀၀လောက်ဟာ
မနက်စောစော(၈)နာရီမထိုးမီမဲဆောက်မြို့ နယ်ရဲစခန်းဟောင်းမှာစုရပ်အဖြစ်စုရုံး
ကြရပါတယ်။အဲဒီနေရာမှာပဲဒီနေ့ မနက်(၇း၅၀)လောက်မှာဆရာနေဦးဟာ
လမ်းလျှောက်ချီတက်မှုအစီအစဉ်အတွက်ဦးမိုးကြိုး(ဆရာမိုး)နဲ့ 
အခြား၃ဦးလောက်နဲ့ စကား၃ခွန်းလောက်ပဲပြောနေစဉ်မှာရုတ်တရက်လဲကျပြီး
လှုပ်နိုးလို့ မရဖြစ်တော့တာပါပဲ။(အဖြစ်အပျက်ကအိပ်မက်လိုလို၊ကျည်ဆံရထား
လိုလိုအလွန်မြန်လှပြီးမြင်ရသူတွေကြောင်စီစီဖြစ်ကြရပါတယ်။)
ဒီလိုနဲ့ ဆရာနေဦးကိုလုပ်ဖော်ကိုင်ဖက်တွေကရောဂါရင်းကိုမသိပဲလှုပ်နိုးလို့ 
ရအောင်သတိပြန်ရအောင်အလျင်အမြန်ကူညီဆောင်ရွက်ကြပါသေးတယ်။
ဒါပေမယ့်...သူပြန်မနိုးတော့ပါဘူး။ထိုင်းကယ်ဆယ်ရေးကားနဲ့ ဆရာနေဦးကို
မဲဆောက်မြို့ အထွေထွေရောဂါကုဆေးရုံကြီးကိုသယ်၊သူ့ ဇနီးကိုအမြန်ဆက်သွယ်၊
စတာတွေလုပ်နေကြရင်းလူ၅၀၀လောက်ကိုစုဝေးထားတာမို့ မူလဦးတည်ရာ
စုပေါင်းလမ်းလျှာက်ပွဲကိုလည်းဟန်မပျက်အောင်ထိန်းသိမ်းဆောင်ရွက်ကြရပါတယ်။
(ဘာပဲဖြစ်ဖြစ်လမ်းလျှောက်ချီတက်ပွဲရဲ့ ၁၄နှစ်တာကာလအတွင်းဝမ်းနည်းကြေကွဲ
စရာဖြစ်ခဲ့သလိုမူလကထိုင်းနိုင်ငံတော်သီချင်းကိုမနက်၈နာရီသီဆိုအပြီးမှာ
စုပေါင်းလမ်းလျှောက်ချီတက်ပွဲစတင်တဲ့အလုပ်ဟာလည်းမိနစ်၄၀လောက်
နောက်ကျခဲ့ရပါတယ်။)
ဒီလိုနဲ့ စိတ်မရွှင်မလန်းနဲ့ စုပေါင်းလမ်းလျှောက်ချီတက်ပွဲဆင်နွှဲကြသူ(၅၀၀)
ယောက်လောက်ဟာ
ကမ္ဘာ့ ခုခံအားလျော့နည်းကျဆင်းတဲ့နေ့ (World AIDS Day)အခမ်းအနားကျင်းပမယ့်မယ်တော်ဆေးခန်းဆီကိုေ၇ာက်လျှင်ရောက်ချင်း
မကြာမီမှာပဲတာဝန်ထမ်းဆောင်ရင်းရုတ်တရက်ကွယ်လွန်ရရှာတဲ့
ဆရာနေဦး(၃၈နှစ်WorldVision)အတွက်ဥိးမိုးကြိုး(ဆရာမိုး)။
စိုင်းနောင်။ချမ်းလင်းအေးတို့ ကစင်ပေါါ်မှာဝမ်းနည်းကြေကွဲ
စကားအနည်းငယ်ပြောဆိုအပြီးမှာရှိရှိသမျှပရိသတ်အပေါင်းနဲ့ အတူ
မတ်တပ်ရပ်ကာကြေကွဲမှု၁မိနစ်စာကိုဖော်ဆောင်ပေးခဲ့ကြပါတယ်။
အဲဒီနောက်မှာလူ့ ဘုံခန်းဝါရဲ့ သဘောသဘာဝအတိုင်းကံဇာတ်ဆရာရဲ့ 
အလိုတော်ကျအတိုင်းအခမ်းအနားကိုဆက်လက်ကျင်းပကကြပါတယ်။
ခါတိုင်းတစ်နည်ဒမဟုတ်တစ်နည်းစင်မြင့်အောက်မှာရော၊စင်မြင့်ပေါါ်တက်လို့ ပါ
လောင်စိန်လုပ်
တတ်ကြသူတွေဟာဆရာနေဦးကိုလေးစားခင်မင်သမှု
(၀မ်းနည်းမှုနဲ့အတူ)နဲ့ အသာအယာငြိမ်ကုတ်နေကြတာတွေ့ ရပါတယ်။
ဒီကနေ့ မှာမဲဆောက်မြို့ ဆေးရုံကြီးကတာဝန်ရှိသူတစ်ဦး၊မြ၀တီမြို့ ဘက်က
IOMကျန်းမာရေးစီမံချက်ကဒေါက်တာထက်ကိုကိုအောင်စသူတွေရဲ့ 
အဟောအပြောတွေအပြင်HIVပိုးနဲ့ နေထိုင်သူ၂ဦးရဲ့ အတွေ့ အကြုံ၊
မြ၀တီကလာတဲ့သွပ်ပြားတို့ 
လိင်တူချစ်သူတွေရဲ့ တစ်မျိုးပြီးတစ်မျိုး
မရိုးနိုင်တဲ့ကကွက်တွေ၊ဇာတ်လမ်းတိုတွေ
စသဖြင့်ပရိသတ်တွေရှုစားကြရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+သောင်ရင်းနဂါး+







No comments:
Post a Comment