** တေလာဆွစ်အနေဖြင့်ရည်းစားဟောင်းအပေါါ်ခံစားချက်
ရှိနေမည်ကိုကယ်လ်ဗင်ဟဲရစ်စိုးရိမ်**
အမေရိကန်ပေါ့ပ်ဂီတလောကမှာထိပ်တန်းအဆိုတော်
တစ်ဦးအဖြစ်အောင်မြင်နေတဲ့  တေးသံရှင်တေလာဆွစ်ဟာ
ဂီတလောကမှာအောင်မြင်မှုကြောင့်  အနုပညာကြယ်ပွင့်
တွေအနက် ကျော်ကြားသူတစ်ဦး ဖြစ်လာရုံသာမက
သူ့ ရဲ့  အချစ်ရေးကြောင့်လည်း နာမည်ကျော်ရသူတစ်ဦးပါ။
သူဟာ ဟောလိဝုဒ်မှာေ ကျာ်ကြားတဲ့ နာမည်ကြီးများစွာနဲ့ 
ချစ်သူဖြစ်ခဲ့ဖူးပါတယ်။ သူ့ ရဲ့ အသည်းကွဲဇာတ်လမ်း
တွေကြောင့်လည်း သီချင်းရေးကောင်းသူတစ်ဦးဖြစ်လာခဲ့ ပြီး
သူ့ ရဲ့ အချစ်ဇာတ်လမ်းတွေထဲကထင်ရှားတဲ့ဇာတ်လမ်း
တစ်ခုကတော့ ဗြိတိန်နာမည်ကြီးပေါ့ပ်တေးဂီတအဖွဲ့ 
““ One Direction””က ဟယ်ရီစတိုင်လ်စ်နဲ့ ဇာတ်လမ်းပါ။
သူတို့နှစ်ဦးချစ်သူဖြစ်ကြတဲ့အချိန်မှာ နှစ်ဦးစလုံးလျှမ်းလျှမ်းတောက်
အောင်မြင်နေချိန်ပါ။ ဟယ်ရီဟာတေလာထက်အသက်တစ်နှစ်ငယ်
ပေမယ့်  သူတို့နှစ်ဦးကိုလိုက်ဖက်တဲ့  ပေါ့ပ်ကြယ်ပွင့်စုံတွဲ
အဖြစ် ပရိသတ်တွေကအသိအမှတ်ပြုခဲ့ကြပါတယ်။
သူတို့ နှစ်ဦးဟာလအနည်းငယ်ကြာချစ်သူတွေ အဖြစ်
လက်တွဲခဲ့ ကြပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်းမှာ
လမ်းခွဲခဲ့ ကြတာပါ။တေလာဆွစ်ဟာမကြာသေးမီက
လမ်းခွဲခဲ့ ပြီးပြီဖြစ်တဲ့ ရည်းစားဟောင်းအတွက်ရည်ရွယ်တဲ့
စာသားအချို့ ကိုအင်တာနက်စာမျက်နှာကနေတစ်ဆင့် 
ဖော်ပြခဲ့ ရာ လတ်တလောမှာတေလာနဲ့  ချစ်သူတွေဖြစ်
နေကြတဲ့ ဒီဂျေပညာရှင် ကယ်လ်ဗင်ဟဲရစ်က တေလာအနေနဲ့ 
ချစ်သူဟောင်းဟယ်ရီအပေါ်စိတ်ဝင်စားမှုများရှိနေသေးလားဆိုတဲ
စိုးရိမ်စိတ်တွေပေါ်လာခဲ့ပြီး ဟယ်ရီအပေါ် မနာလိုစိတ်တွေ
ဖြစ်ပေါ်ခဲ့ ရကြောင်းဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းကဖော်ပြခဲ့ ပါတယ်။
ကယ်လ်ဗင်ဟာ တေလာနဲ့ လက်တွဲခဲ့ ပြီးနောက်မှာ
သူ့ ရဲ့ ယခင်ကရှုပ်ပွေတဲ့ အကျင့် စရိုက်တွေကို
စွန့် လွှတ်ခဲ့ ပြီး တေလာအပေါ်မှာပဲ အာရုံထားခဲ့ သူ
ဖြစ်တာမို့  တေလာကိုလည်းအခြားသောရည်းစားဟောင်း
တွေအပေါ် အာရုံစိုက်တာမျိုးကို သူ့ အနေဖြင့် 
မလိုလားကြောင်းနဲ့  ယခုပြုမူခဲ့ တဲ့တေလာရဲ့ အပြု အမူက
ကယ်လ်ဗင်ကို စိတ်ပျက်စေခဲ့ ကြောင်းလည်း သတင်းရင်းမြစ်
တစ်ဦးက ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းကို
ပြောကြားခဲ့ပါတယ်။ (အေးပြည့်)
**အသက်(၄၀)အရွယ်အထိCelltrion အလှကုန်ကုမ်္ပဏီရဲ့ 
ကိုယ်စားလှယ်ဖြစ်ခွင့်ရမယ့် ကင်မ်တေဟီး**
ကမ်္ဘာကျော်ဘိုင်အိုကုမ်္ပဏီတစ်ခုဖြစ်တဲ့  ““ Celltrion””က
တောင်ကိုရီးယားမင်းသမီးချော ကင်မ်တေဟီးကို
ကုမ်္ပဏီမှထုတ်လုပ်တဲ့  အလှကုန်တွေအတွက်
မိတ်ဆက်ပေးမယ့်  ပင်တိုင်မော်ဒယ်တစ်ယောက်အဖြစ်
ခန့် အပ်ဖို့  ရွေးချယ်ခဲ့ ပါတယ်။ ကင်မ်ဟာ ယင်းကုမ်္ပဏီရဲ့ 
ကိုယ်စားလှယ်တစ်ယောက် အဖြစ် သူ့ အသက်(၄၀)အရွယ်
အထိ ဖြစ်ခွင့်ရမှာပါ။ ကင်မ်တေဟီးဟာ လတ်တလောမှာ
အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့အတွက်နောက်ငါးနှစ်တာကာလမှာ
အဆိုပါကုမ်္ပဏီရဲ့အလှကုန်တွေအတွက်ပင်တိုင်မော်ဒယ်
အဖြစ်ရပ်တည်ခွင့် ရနေမှာဖြစ်ပါတယ်။
အဆိုပါကုမ်္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူက
““ကင်မ်တေဟီး ရဲ့အလှဟာ သဘာဝအလှပါ။
နောက်ပြီးနန်းစံတယ်။ ထက်မြက်တဲ့ပုံလည်းပေါ်လွင်တယ်။
ဒါကြောင့်သူဟာ ကျွန်တော်တို့ ရဲ့  ထုတ်ကုန်တွေအတွက်
ပင်တိုင်မော်ဒယ်တစ်ဦး အဖြစ်နဲ့  ထုတ်ကုန်သစ်တွေကို
ပရိသတ်နဲ့  မိတ်ဆက်တဲ့ အခါ ကုမ်္ပဏီရဲ့  အယူအဆနဲ့ 
ရည်ရွယ်ချက်အမြင်တွေကိုထင်ဟပ်ပြသသွားနိင်မယ်
လို့  ယုံကြည်ပါတယ်””လို့  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအနုပညာရှင်အများစုဟာ အလှအပအတွက်
မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်လေ့ရှိပေမယ့် 
ကင်မ်ကတော့သူ့ ခန်္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ြုပုပြင်ထားတာ
လုံးဝမရှိပါဘူး။ ထုတ်ကုန်သစ်တွေကိုစတင်မိတ်ဆက်မယ့်
၂၀၁၆ခုနှစ် နှစ်စပိုင်းမှစတင်ကာကင်မ်ဟာယင်းဘိုင်အိုကုမ်္ပဏီရဲ့ အလှကုန်တွေအတွက် ကြော်ငြာရိုက်ကူးခြင်းနဲ့  အခြားသော
အနုပညာလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်သွားမှာ
ဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။ (အေးပြည့်)
**ဂျူဗီမှာအသင်းကောင်းဖြစ်သော်လည်းဘိုင်ယန်မှာဂျူဗီထက်
ပိုကောင်းတဲ့အသင်း--လို့ ဗီဒယ်ပြောဆို**
အသက်(၂၈)နှစ်အရွယ်ရှိ ချီလီတိုက်စစ်မှူး ဗီဒယ်သည်
ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းက
ဘိုင်ယန်မြူးနစ်အသင်းသို့  ပြောင်းရွှေ့ သွားခဲ့ ပြီး
မြူးနစ်၌ ကမ်္ဘာ့အကောင်းဆုံးကစားသမားများနှင့်အတူ
တွဲဖက်ကစားလျက်ရှိကြောင်း ပြောကြားခဲ့ သည်။
ထို့ ပြင် တိုက်စစ်မှူး ဗီဒယ်သည်ယခင် က
အီတလီစီးရီးအေကလပ် ဂျူဗင်တပ် အသင်းတွင်
ကစားခဲ့ သော်လည်း ဂျူဗင် တပ်အသင်းသည်
၎င်း၏ ကစားသမားဘ၀တွင် အကောင်းဆုံးအသင်းဟု
ဆိုနိုင် ကြောင်း၊ သို့ ရာတွင် ဘိုင်ယန်မြူးနစ်အသင်းမှာ
ဂျူဗင်တပ်အသင်းထက် ပိုကောင်းသောအသင်းဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားလိုက်သည်။
တိုက်စစ်မှူး ဗီဒယ်သည် ပြီးခဲ့ သည့်  ဘောလုံးရာသီက
ဂျူဗင်တပ်အသင်းနှင့်အတူ အီတလီစီးရီးအေဖလားနှင့် 
အီတလီယာကိုပါဖလားတို့ ကို ဆွတ်ခူးပေးနိုင်ခဲ့ သူ
ဖြစ်ပြီး တစ်နှစ်တည်းဖလားသုံးလုံးရရှိမည့်အခွင့်အရေး
ဖြစ်သည့် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင်မူ
ဘာစီလိုနာ အသင်းအား ရှုံးနိမ့် ခဲ့ ရသည်။ သို့ ရာတွင်
ယင်းအောင်မြင်မှုသည် ဂျူဗင်တပ်အသင်းအတွက်
တိုက်စစ်မှူး ဗီဒယ်အား အသင်းတွင် ဆက်ထိန်းနိုင်
လောက်သည့် ဆွဲဆောင်နိုင်မှုမဟုတ်ခဲ့ဘဲ
တိုက်စစ်မှူး ဗီဒယ်သည် ကစားဖော်များဖြစ် ကြသည့် 
ကားလို့တိဗက်ဇ်၊ ပီယာလို၊ ကင်စလေကိုမန်းတို့နှင့်
အတူ ဂျူဗင်တပ်အသင်းမှ အခြားကလပ်အသင်းများသို့
ပြောင်းရွှေ့သွားစေခဲ့ သည်။
““ဘိုင်ယန်ကို ရောက်လာတာဟာ ဘုရားပေးတဲ့ 
ဆုလာဘ်ပါ။ ဘိုင်ယန်မှာကစားစဉ်ကာလအတွင်းမှာ
အရေးပါတဲ့  ဆုဖလားတွေ ရယူပေးနိုင်ဖို့လည်း
မျှော်လင့်ထားပါတယ်””ဟု တိုက်စစ်မှူး ဗီဒယ်က
ဆိုသည်။ တိုက်စစ်မှူး ဗီဒယ်သည် ကမ်္ဘာ့ အကောင်းဆုံး
ကစားသမား ၅၀ စာရင်းတွင်လည်း ဖော်ပြခံခဲ့ရသူဖြစ်ပြီး
ထောက်ခံအားပေးတဲ့  ပုဂ်္ဂိုလ်များကို လည်း ကျေးဇူးတင်
ရှိကြောင်း ပြောကြားခဲ့ သည်။ (ငွေကြယ်)
**ဒဏ်ရာတွေနဲ့ ခြေစွမ်းပြနေတဲ့ စတာရစ်**
ဒ ဏ်ရာတွေနဲ့  ပြန်လာတဲ့  စတာရစ်ဟာ ဆောက်သမ်တန်နဲ့ 
ကစားတဲ့ ပွဲမှာအနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးပြီး
ခြေစွမ်းပြကစားခဲ့ ပါတယ်။ နည်းပြဂျာဂျင်ကလော့ကတော့
စတာရစ်ကို ဒဏ်ရာတွေရထားလို့ စိုးရိမ်နေတာပါ။
သို့ ပေမယ့်  စတာရစ်က ခြေစွမ်းပြကစားပြီး
အနိုင်ဂိုး နှစ်ဂိုးသွင်းယူသွားခဲ့ တာ ပါ။ အချိန်ကာ
ကြာမြင့်စွာဒဏ်ရာတွေကြောင့်  အနားယူထားရတဲ့ 
စတာရစ်ဟာ ယခုနှစ်ရာသီမှာတော့ ငါးပွဲမြောက်
ပါဝင်ကစားခဲ့ ခြင်းဖြစ်ပါ တယ်။
ည်းပြဂျာဂျင်ကလော့ကတော့ ပြီးခဲ့ တဲ့ အပတ်က
ပြန်လည်ကစားနိုင်ခဲ့တဲ့  စတာရစ်ကိုဒဏ်ရာတွေ
ရပြီးရင်း ရနေတဲ့အတွက်သင်ခန်းစာမရသေးဘူးလားလို့ 
မေးခွန်းထုတ်ခဲ့ ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ဟာ
ပရီမီယာလိဂ်မှာအဂူရိုပြီးရင် ဂိုးသွင်းအဆုံးသတ်သေချာတဲ့
တိုက်စစ်မှူး ဖြစ်တယ်လို့  ဆိုပါတယ်။ စတာရစ်ပြန်ကစားနိုင်ခြင်းဟာ
နည်းပြ ဂျာဂျင် ကလော့အတွက် ရလဒ်ကောင်းတွေ ပြန်လည်ရရှိ
အောင် ဖြည့် ဆည်းပေးနိုင် လိမ့် မယ်လို့  မျှော်လင့် 
ထားတယ်လို့  ဆိုပါတယ်။ (မြင့်မောင်စိုး)




No comments:
Post a Comment