ဂျာမနီ မြေက ဘွန်ဒက်စ်လီဂါပွဲစဉ် တွေကို ဒီ တစ် ပတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆက် လက် ယှ ဉ် ပြိုင် မှာဖစ် ပါတယ် ။
ဒီ ဇင် ဘာ ၅ရက် ညပို င်းနဲ့  ၆ရက် တွေမှာ
ဘွန် ဒက်စ်လီဂါပွဲစဉ် (၁၅)ကို ဆင် နွှဲတဲ့ အခါ
ဘိုင် ယန် မြူးနစ်က အဝေးကွင်းမှာ ဂလာဘတ် နဲ့ 
တွေ့ ဆုံရမှာဖြစ် တာကြောင့်  ပွဲကျပ် နေပြီး ဒေါ့မွန် တို့ ကလည်း အဝေးကွင်းမှာဝုဖ် ဘတ် နဲ့  ရင်ဆိုင်ရမှာမို့  ရင်ပွင့် မတတ် ကစားကြရဦးမှာ ဖြစ် ပါတယ် ။
**မိုဟတ်ချင်ဂလာဘတ် နှ င့်ဘိုင်ယန် မြူးနစ်**
ဘိုင်ယန်မြူးနစ်တို့ က ဂလာဘတ်နဲ့  ကစားတဲ့ ပွဲတွေမှာဆိုရင်
အခုနောက်ပိုင်း ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရတာချည်းဖြစ်ပါတယ်။
ဂလာဘတ်ဟာ ဘိုင်ယန်မြူးနစ်နဲ့  နောက်ဆုံးနှစ်ပွဲ
ကစားခဲ့ ရာမှာဂိုးမရှိသရေပွဲတစ်ပွဲနဲ့  နှစ်ဂိုး ပြတ်နိုင်ပွဲ
တစ်ပွဲရထားတာမို့  အခုပွဲမှာတော့ ဘိုင်ယန်မြူးနစ်တို့ 
ရှုံးကြွေးပြန်ဆပ် နိုင်မလားကြည့်ရမှာပါ။ ဂလာဘတ်တို့ က
အိမ်ကွင်းအားသာချက်ရှိနေပြီး ခြေ စွမ်းပိုင်းလည်း
ကောင်းမွန်နေတာမို့  ဘိုင်ယန်မြူးနစ်တို့  လူစုံထုတ်
ခင်းကျင်းမှ ရမှာဖြစ်ပြီး အမှတ်ရဖို့အတွက်
ခြေကုန်ထုတ်ရပါလိမ့် မယ်။
**၀ု ဖ်ဘတ် နှ င့်ဒေါ့မွန်**
ဝုဖ်ဘတ်နဲ့ ဆုံတိုင်း ဒေါ့မွန်တို့  ပျာယာခတ်အောင်
ကစားရတာချည်းပါပဲ။ အသင်းလိုက်စုဖွဲ့ မှု ကောင်းတဲ့
ဒေါ့မွန်တို့ က ဒီပွဲမှာတိုက်စစ်ဖွင့်ပြီး ဖိအားပေး ကစားပါလိမ့် မယ်။ ဒါပေမယ့်ဒီနှစ်ဘွန်ဒက်စ်လီဂါမှာ
အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့  ၀ုဖ်ဘတ်တို့ က
ဒေါ့မွန်တိုက်စစ်မှူးတွေကို ကောင်းကောင်းထိန်းချုပ်
ပါလိမ့်မယ်။ ၀ုဖ်ဘတ်ဟာ မိမိကွင်း၊ မိမိပရိသတ်ရှေ့ မှာ
ဒေါ့မွန်ကို အောင်ပွဲခံနိုင်အောင် အားထုတ်ပါလိမ့် မယ်။
**ကိုလုံးနှ င့်အော့ စ်ဘတ်**
တန်းဆင်းဇုန်ထဲက ရုန်းထွက်လာတဲ့  အော့စ်ဘတ်တို့ က
အခုပွဲမှာကိုလုံးနဲ့  တွေ့ တာမို့ပွဲမချောင်ပါဘူး၊
ပွဲတိုင်း အမှတ်ဆုံးရှုံးမှု မရှိအောင် ကစားလာတဲ့ 
ကိုလုံးတို့ က ဒီပွဲမှာအိမ်ကွင်းလည်းဖြစ်တာမို့ 
ခြေကုန်ဖွင့်ကစားပါလိမ့် မယ်။ ဒီနှစ်သင်းရဲ့  နောက်ဆုံး
သုံးပွဲ တွေ့ ဆုံမှုရလဒ်ကို ကြည့် ရင် အော့စ်ဘတ်တို့ 
ရှုံးပွဲမရှိခဲ့ ပါဘူး။ ဒီပွဲမှာအော့စ်ဘတ်တို့ က
အဝေးကွင်းဆိုပေမယ့်  အမှတ်ပြည့်  ရအောင်
ကြိုးစားမှာဖြစ်ပြီး ကိုလုံးတို့ ကလည်း အိမ်ကွင်းမှာ
အားထည့် တတ်တာ မို့  ဒီပွဲဟာ အမှတ်ခွဲယူရကိန်း
ဆိုက်သွားနိင်ပါတယ်။
**ဟမ်းဘတ် နှ င့် မိန့် ဇ်**
တစ်လှည့်စီအနိုင်ယူနေတဲ့  ဒီနှစ်သင်းရဲ့  တွေ့ ဆုံမှုက
အကြိတ်အနယ်ရှိပါလိမ့်မယ်။ ဟမ်းဘတ်တို့ က
အိမ်ကွင်းမှာဆိုရင် မိန့် ဇ်ကို အနိုင်ကစားနိုင်ပေမယ်
အဝေးကွင်းမှာဆိုရင် ခြေစွမ်းကကျဆင်းတတ်ပါတယ်။
နောက်ဆုံးသုံးပွဲ တွေ့ ဆုံမှုရလဒ်ကိုကြည့်ရင်
ဟမ်းဘတ်တို့  အသာစီးရတာများတာမို့  အခုပွဲမှာ
မိန့် ဇ်ရဲ့  ကြိုးစားမှုအရာထင်ဖို့  မလွယ်ပါဘူး၊
အမှတ်လိုအပ်နေတဲ့  ဟမ်းဘတ် တို့ ပဲ ဒီပွဲရဲ့ 
အမှတ်တွေကို အကုန်သိမ်းယူပါလိမ့် မယ်။
**ဟာသာဘာလင် နှ င့် လေဗာကူ ဆင်**
ဟာသာဘာလင်နဲ့  ဆုံတိုင်း လေဗာကူဆင်တို့  နိုင်ပွဲ
တွေရအောင် စွမ်းဆောင် နိုင်ပါတယ်။ ဟာသာဘာလင်
တို့ ကတော့ အိမ်ကွင်းမှာဆိုရင် ခြေစွမ်းပြနိုင်ပေမယ့် 
ရလဒ်ပိုင်းကောင်းမွန်အောင် ရုန်းကန်ခဲ့ ရတာချည်းပါပဲ။
ဟာသာဘာလင် တို့ က ဥရောပ၀င်ခွင့် တစ်နေရာ
မျှော်လင့်ချက်ရှိနေတာမို့  ဒီပွဲမှာ အိမ်ရှင်တို့ 
အမှတ်ပြည့် ရယူရေး အာရုံစိုက်ကြိုးစားပါလိမ့် မယ်။
**အင် ဂို စတက် နှင့် ဟော့ ဖန် ဟိန်း**
ဟော့ဖန်ဟိန်းတို့ က အင်ဂိုစတက်နဲ့  အိမ်ကွင်းမှာ
လက်ခံကစားတိုင်း ရှုံးပွဲမရှိခဲ့ ပေမယ့်  အခုပွဲက
အဝေးကွင်းဖြစ်နေတာမို့  အလေးအနက် ကစား
ရတော့မှာပါ။ အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ 
ဟော့ဖန်ဟိန်းတို့ က အခု ပွဲမှာအမှတ်ရဖို့ 
ဦးတည်ကစားမှာဖြစ်ပြီး အင်ဂိုစတက်တို့ ကတော့
အိမ်ကွင်း အားသာချက်နဲ့ အတူ နိုင်ပွဲရအောင်
အာရုံစိုက်သွားပါလိမ့် မယ်။ နှစ်သင်းစလုံး အမှတ်
လိုအပ်နေတာမို့  ဒီပွဲရလဒ်ဟာ တစ်မှတ်စီခွဲယူ
ရကိန်း ဆိုက်သွားနိင်ပါ တယ်။
+မိုးမြင့်လင်းလက်+




No comments:
Post a Comment