လွန်ခဲ့ တဲ့ငါးနှစ်ကျော်အချိန်ကအန်ဒါလက်ခ်ျအသင်းကို
ဘယ်ဂျီယံပရိုလိဂ်ဆုဖလားကိုရယူပေးနိုင်ဖို့အတွက်
၁၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ အသက်၁၆ နှစ်
အရွယ်ကစားသမားတစ်ဦးရှိခဲ့ ပါတယ်။
ဘယ်ဂျီရုပ်သံတင်ဆက်သူနီကိုလိုက်နီက
သူဟာ ဟဲဗီးလ်ဝိတ်လက်ဝှေ့ သမားတစ်ဦးလို
ခန်္ဓာကိုယ်တည်ဆောက်ပုံရှိတဲ့  လူငယ်
ကစားသမားတစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုခဲ့
ပေမယ့်ဘယ်သူကမှဂရုတစိုက်နဲ့  သတိမထားမိ
ခဲ့ ကြပါဘူး။
အရိုးသားဆုံးဆိုရမယ်ဆိုရင်လည်း
ချယ်လ်ဆီးအသင်းကနေ ပေါင် ၁၇ သန်းနဲ့ မခေါ်ယူခင်
အချိန်အထိ သူ့ ကိုလူတွေကသတိထားရကောင်းမှန်း
တောင်မသိကြပါဘူး။ သူကတော့ လက်ရှိအဲဗာတန်
အသင်းမှာခြေစွမ်းတွေပြနေတဲ့ဘယ်ဂျီယံတိုက်စစ်မှူး
လူကာကူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်စနေနေ့ကတော့
တိုက်စစ်မှူး လူကာကူရဲ့  သမိုင်းဝင်ခဲ့ တဲ့  နေ့တစ်နေ့ 
ဖြစ်ခဲ့ ပါတယ်။ အဲ့ ဒါကတော့ အသက်၂၃ နှစ်မတိုင်ခင်
ပရီမီယာလိဂ် ဂိုး ၅၀ သွင်းယူ နိုင်ခဲ့ ခြင်းကြောင့် 
ဖြစ်ပါတယ်။
ပရီမီယာလိဂ်သမိုင်းမှာတော့ လူကာကူဟာ
အသက် ၂၃ နှစ် အပြည့် ခင် ပရီမီယာလိဂ်ဂိုး ၅၀
သွင်းယူနိုင်ခဲ့ တဲ့  ငါးယောက်မြောက်ကစားသမား
ဖြစ်လာခဲ့ ပါတယ်။ယခင်စံချိန်တင်ထားတဲ့သူတွေ
ကတော့ရော်ဘီဖောင်လာ၊ မိုက်ကယ်အိုဝင်၊ ရွန်နေးနဲ့ 
စီရော်နယ်ဒိုတို့ ဖြစ်ပါတယ်။ လူကာကူဟာ
လက်ရှိအချိန်အထိ ဟဲဗီးလ်ဝိတ်လက်ဝှေ့  သမား
တစ်ဦးလိုခန်္ဓာကိုယ်တည်ဆောက်ပုံရှိပေမယ့်
အင်္ဂလန်မှာကစားနေခဲ့ တဲ့  လေးနှစ်တာအတွင်း
လေ့လာသင်ယူမှုတွေကြောင့်လျင်လျင်မြန်မြန်နဲ့ 
ပိုမိုအင်တိုက် အားတိုက်ကစားနိုင်တာကိုလည်း
တွေ့ ရပါတယ်။ ဒါပေမယ့်လူကာကူရဲ့  ချယ်လ်ဆီး
ကစားသမားဘ၀ကြိုပန်ကြည့်မယ်ဆိုရင်တော့
ကောင်းမွန်တဲ့အရာကို သိပ်တွေ့ ရမှာမဟုတ်ပါဘူး။
(လူကာကူ့ရဲ့ ချယ်လ်ဆီးအသင်းခရီးလမ်းကတော့
မချောမွေ့ ခဲ့ပါဘူး။
ချယ်လ်ဆီးနည်းပြမော်ရင်ဟို နဲ့ လူကာကူ)
ဒါကလည်း သိပ်တော့ ရှက်စရာကောင်းတဲ့ အရာ
မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် ဘယ်ဂျီယံကစားသမား
ဒီဘရိုင်းဆိုရင်လည်း မန်စီးတီးအသင်းကို ပေါင် ၅၅ သန်းနဲ့ 
မပြောင်းရွှေ့ နိုင်ခဲ့ ခင်ကချယ်လ်ဆီးအသင်းကနေ
ဝုဖ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ ရတာဖြစ်ပါတယ်။
မာတစ်ဆိုရင်လည်း ချယ်လ်ဆီးအသင်း ပထမအကြိမ်
ကစားခဲ့စဉ်ကမအောင်မြင်ခဲ့ ဘဲ ဘင်ဖီကာအသင်းကို
ပြောင်းရွှေ့ ခဲ့ ရပြီး ဒုတိယအကြိမ်မှချယ်လ်ဆီးအသင်းမှာ
နေရာရရှိခဲ့ တာလည်းဖြစ်ပါတယ်။ ဒါတွေကြောင့် 
ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့် ရရှိဖို့ဟာ
လူငယ်ကစားသမားတစ်ဦးအတွက်အလွန်ခက်ခဲကြမ်းတမ်း
လွန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမယ့်လူကာကူဟာ ငယ်စဉ်ကတည်းက သူ့ ရဲ့ 
အရည်အချင်းအပေါ်မှာအမြဲတမ်းယုံကြည်မှုရှိခဲ့ တဲ့သူ
လည်း ဖြစ်ပါတယ်။ သူဟာကျောင်းနေစဉ် ချယ်လ်ဆီး
ကစားကွင်း စတန်းဖို့ ဒ်ဘရစ်ကိုလာရောက်လည်ပတ်ရ
တဲ့ အခါ သူ့ ရဲ့ ဆရာက “ဒီနေရာကို မင်းတို့ စိတ်ကူးယဉ်လို့ 
ရပါတယ်”လို့ ပြောတဲ့ အခါ လူကာကူက“ဒါဟာ ကျွန်တော့် 
အတွက်တော့ စိတ်ကူးယဉ်စရာမဟုတ်ပါဘူး။ တစ်နေ့မှာ
ကျွန်တော်ဟာ ဒီမှာကစားနိုင်မှာပါ”လို့ လည်း ပြောဆိုခဲ့ 
ပါတယ်။ ဒါတွေကိုကြည့် တာနဲ့  လူကာကူဟာ ငယ်စဉ်
ကတည်းက သူ့ ရဲ့ အရည်အချင်းအပေါ်မှာ လုံလောက် တဲ့ 
ယုံကြည်မှုတွေ အပြည့်အ၀ရှိခဲ့ တယ်လို့  ပြောရမှာပါ။
ဒါပေမယ့်  သူ့ရဲ့ ချယ်လ်ဆီးအသင်းခရီးလမ်းကတော့
မချောမွေ့ ဘဲ နောက်ထပ်နေရာသစ်ကိုရှာဖွေခဲ့ ရပါတယ်။
ဒီနှစ်ရာသီကတော့ လူကာကူရဲ့  ကစားသမားဘ၀မှာ
အောင်မြင်မှုတွေ အတောက်ပဆုံးရာသီလို့လည်း ဆိုရမှာ
ဖြစ်ပါတယ်။ လက်ရှိအချိန်မှာသူ့ ရဲ့ အသက်ဟာ ၂၂နှစ်
သာရှိပြီး ၁၃ ပွဲမှာကိုးဂိုးအထိ သွင်းယူထားနိုင်တဲ့ 
ကစားသမားလည်းဖြစ်ပါတယ်။ လက်ရှိပရီမီယာလိဂ်
ထိပ်တန်းဂိုးသွင်းစာရင်းမှာတော့ သူ့ရဲ့ အထက်မှာ
လက်စတာတိုက်စစ်မှူး ဗာဒီတစ်ဦးတည်းသာရှိတာ
တွေ့ ရမှာပါ။ အသင်းအတွက် ဂိုးရရှိဖို့ ကိုလည်း
လေးကြိမ် တိုင် ပံ့ ပိုးပေးထားတာကြောင့်  အသင်းအတွက်
အကျိုးအပြုဆုံးကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
လူကာကူရဲ့ ယခုနှစ်ရာသီမှာသွင်းယူထားတဲ့
ဂိုးအရေအတွက်နဲ့ ဂိုးပံ့ပိုးပေးမှုဟာ ပြီးခဲ့ တဲ့တစ်ရာသီလုံး
က သွင်းယူခဲ့တဲ့ဂိုးအရေအတွက်နဲ့  တူညီနေပြီလို့ ပြောရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့ တဲ့ ရာသီကဆိုရင် ပြည်တွင်းပြိုင်ပွဲနဲ့ 
ဥရောပပြိုင်ပွဲတွေကိုမျှတအောင်ကစားပြီး ဂိုးတွေသွင်းယူ
ပေးနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့ တဲ့ 
ရာသီက ယူရိုပါလိဂ်မှာ ရှစ်ဂိုးသွင်းယူနိုင်ခဲ့ တဲ့ သူ
ဖြစ်ပါတယ်။ ဒါပေမယ့်လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ
ကစားခဲ့ ရတဲ့၁၀ပွဲမှာတော့ ဂိုးလုံးဝသွင်းယူနိုင်ခဲ့ 
ခြင်း မရှိခဲ့ ပါဘူး။ လူကာကူရဲ့ ခြေစွမ်းကိုအဲဗာတန်မှာ
ကစားနေခဲ့ တဲ့  ပြီးခဲ့ တဲ့  နှစ်ရာသီကိုကြည့် မယ်ဆိုရင်
ပြိုင်ပွဲအားလုံးမှာတော့ အနည်းဆုံး ၁၅ ဂိုးကျော်
သွင်းယူထားနိုင်တဲ့ကစား သမားတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့်  သူ့ ကိုခေါ်ယူဖို့ အတွက် ထိပ်တန်းအသင်းကြီးတွေ
ဖြစ်တဲ့  မန်ယူ၊ အာဆင်နယ် အသင်းတို့ က ခေါ်ယူဖို့
စိတ်ဝင်စားခြင်းမရှိတာကတော့ အံ့ သြစရာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်  ဒါကလည်း လူကာကူဟာအစွမ်းကုန်ခြေစွမ်းပြ
နိုင်ခြင်းမရှိဘဲ အနည်းငယ်ကောင်းရုံ၊ အနည်းငယ်
ပိုကစားနိုင်ရုံကြောင့်သာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်  စဉ်းစရာကောင်းတာက မန်ယူဆိုရင်
ပြီးခဲ့ တဲ့ နွေရာသီက လူသိပ်မသိသေးတဲ့ 
အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး မာတီရယ်ကို
ပေါင် ၃၆ သန်းနဲ့  စွန့် စားပြီး ခေါ်ယူခဲ့ တယ်။
ချယ်လ်ဆီးအသင်းကလည်း ဖယ်ကာအိုကိုအငှားနဲ့ ခေါ်ယူ
ခဲ့ ပြန်တယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် အသင်းကြီးတွေရဲ့ 
စိတ်ကြိုက်ဖြစ်မှုဟာ တစ်ခါ တစ်ရံမှာတော့ ခန့် မှန်းရတာ
ခက်ခဲနေသရောင်ရှိပါတယ်။ ဒါပေမယ့်  ဘောလုံးကျွမ်းကျင်
သူတွေကတော့ လူကာကူဟာ အဲဗာတန်လိုအသင်းမျိုးကို
ပေါင် ၂၈ သန်းနဲ့  ပြောင်းရွှေ့ သွားတာကြောင့် အသင်းကြီး
တွေရဲ့ စိတ်ဝင်စားမှုလျော့ကျသွားတယ်လို့ 
လည်း ဆိုကြပါတယ်။
ဒါပေမယ့်  လက်ရှိအချိန်မှာလူကာကူအနေနဲ့
အဲဗာတန်အသင်းအတွက် အကျိုးပြုမှု
တွေကတော့ သူ့ ရဲ့  ပြောင်းရွှေ့ ကြေးနဲ့ ယှဉ်ရင်တန်နေပြီ
လို့  ဆိုရမှာဖြစ်ပါတယ်။ ဒါတွေကြောင့်  လူကာကူဟာ
ကျန်ရှိနေတဲ့ ရာသီအတွက် အသင်းကိုအကောင်းဆုံး
ကူညီပေးပြီး ပရီမီယာလိဂ်ရဲ့  အကောင်းဆုံးတိုက်စစ်မှူးအဖြစ်
သက်သေပြနိုင်မလား ဆိုတာကတော့ ဆက်လက်
စောင့် ကြည်ရဦးမှာဖြစ်ပါ တယ်။
+ အောင်က+



No comments:
Post a Comment