**PSYရဲ့  တေးဗီဒီယိုသစ်Daddy**
တောင်ကိုရီးယားကမ်္ဘာကျော်တေး သံရှင်တစ်ဦးဖြစ်သည့်  PSY ၏
တေးဗီဒီယိုသစ် ““ Daddy ””ကို ထုတ်လွှင့်ပြသခဲ့ ကြောင်း
ဒီဇင်ဘာ ၁ရက်တွင် အေ့စ်ရှိုးဘေ့စ်ဒေါ့ကွန်းက ဖော်ပြခဲ့ သည်။
အဆိုပါ တေးဗီဒီယိုတွင် PSY က လက်ရှိသူ၏ပုံရိပ်အပြင်
ကလေးငယ်တစ်ဦး၏အသွင်နှင့်  အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်
တို့ ကို ဖန်တီးသရုပ် ဆောင်ထားသည်။ အဆိုပါတေးဗီဒီယို
သည် PSY ၏ နောက်ဆုံးထွက်ရှိထားသောတေး အယ်လ်ဘမ်သစ်
““ 7th AlbumCider ””တွင်ပါဝင်သည့်  တေးသီချင်းများအနက်
ပထမဦးဆုံးထုတ်လွှင့် ခဲ့သောတေးဗီဒီယိုဖြစ်သည်။
ယင်း တေးဗီဒီယိုတွင် တောင်ကိုရီးယား နာမည်ကျော်
အမျိုးသမီးပေါ့ပ်အဆိုတော် CL က ပါဝင်ကူညီသီဆို
ပေးထားပြီး တောင်ကိုရီးယားထိပ်တန်း မင်းသမီးချော
ချာဂျီဝန်လည်း ပါဝင် သရုပ်ဆောင်ထားသည်။
ယခုထုတ်လွှင့် ခဲ့ သည့်  တေးဗီဒီယို သည် PSY ၏
နောက်ဆုံးထွက်ရှိခဲ့  သောYou Tube ၀က်ဘ်ဆိုက်တွင်
လူကြည့်အများဆုံးသောတေးသီချင်း ဖြစ်သည့် 
““Gangnam Style””ထွက်ရှိခဲ့ ပြီးနောက် ပထမဦးဆုံး
ပြန်လည်ထွက်ရှိသည့်သူ၏တေးသီချင်းလည်း ဖြစ်သည်။
ယခုထွက်ရှိသည့်  တေး ဗီဒီယိုတွင်လည်း
“Gangnam Style ””တေးသီချင်းကဲ့ သို့ ပင်
မြူးကြွလှပဆန်းသစ်သည့်  PSY၏ ကကွက်များလည်း
ပါဝင်သည့်  မြူးမြူးကြွကြွတေးသီချင်း တစ်ပုဒ်ပင် ဖြစ်သည်။ (အေးပြည့်)
**Indiana Jonesရုပ်ရျင်သစ်ရိုက်ကူးလိုကြောင်းဖွင့်ဟလာတဲ့
ဒါရိုက်တာစတီဗင်စပီးလ်ဘာ့ဂ်**
နာမည်ကျော်စွန့် စားခန်းရုပ်ရှင် ဇာတ်လမ်းတွဲများအနက်
ကျော်ကြား သည့်  ““ Indiana Jones”” ရုပ်ရှင်များ ၏
ဒါရိုက်တာစတီဗင်စပီးလ်ဘာ့ဂ်က သူ့ အနေဖြင့် 
ငါးခုမြောက် အင်ဒီယာနာဂျုန်းစ်ရုပ်ရှင်ကို ယင်းရုပ်ရှင်၏
ပင်တိုင်ဇာတ်ဆောင်မင်းသားကြီး ဟယ်ရီစင်ဖို့ ဒ်နှင့် ပင်
ရိုက်ကူးသွားလို ကြောင်း ပြင်သစ်ရေဒီယိုသို့ ပြော ကြားခဲ့
သည်။မင်းသားကြီး ဖို့ ဒ်သည် ယခုအခါ အသက်(၇၃)နှစ်ရှိ
နေပြီဖြစ်သည့် အတွက် ရုပ်ရှင်သစ်ကို မင်းသားကြီး
အသက် (၈၀)မပြည့် မီ အပြီးသတ်ရိုက် ကူးသွားလို
ကြောင်းလည်း ဘာ့ဂ်က ဖွင့် ဟခဲ့ သည်။ အသက် (၆၈)နှစ်
အရွယ်ဒါရိုက်တာ စပီးလ်ဘာ့ဂ်က ““တစ်နေ့မှာ ငါး ကား
မြောက် အင်ဒီယာနာဂျုန်းစ်ရုပ်ရှင်ကို ရိုက်ကူးသွား
နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့
က တော့ မင်းသားကြီးဖို့ ဒ်အသက် (၈၀) မပြည့် မီ
ရိုက်ကူးချင်တာ။ ကျွန်တော်လည်း အသက်သိပ်မကြီး
ခင်ပေါ့ဗျာ”” ဟု ဆိုခဲ့ သည်။
အဓိကဇာတ်ဆောင် ““အင်ဒီ ယာနာဂျုန်းစ်””အဖြစ်
ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီးဟယ်ရီစင်ဖို့ ဒ်
သည် သူ၏ပထမဦးဆုံးသော အင်ဒီယာဂျုန်းစ်ရုပ်ရှင်
““ Raiders Of The Lost Ark ””ကို လွန်ခဲ့ သည့်  ၃၄နှစ်
အကြာကစတင်ရိုက်ကူးခဲ့ ခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်၏
အဓိကဇာတ်ဆောင်အင်ဒီယာနာဂျုန်းစ်သည် သူ၏
လက်စွဲတော်ကြာပွတ်ကိုကိုင်ဆောင်လေ့ရှိပြီး
ယခုရိုက်ကူးရန် ရည်ရွယ်ထားသည့် 
ရုပ်ရှင်သစ်တွင် ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့ သော
အင်ဒီယာနာဂျုန်းစ်ရုပ်ရှင် ““ the Kingdom Of The Crystal Skull””
တွင် မင်းသားကြီး၏ လက်ထောက်အဖြစ် ပါဝင်သရုပ်ဆောင်
ထားသောမင်းသားရှီလာလဘော့ဖ်က မင်းသားကြီး၏
အမွေကိုဆက်ခံကာ ကြာပွတ်ကိုကိုင်ဆောင်သူ ဖြစ်လာ
လိမ့် မည်ဟု လည်း အများကထင်ကြေးပေးကြ သည်။
ယင်းအင်ဒီယာနာဂျုန်းစ်ရုပ်ရှင်များ၏ထုတ်လုပ်သူ ဖရန့် ခ်မာရှဲလ်
က အဓိကဇာတ်ဆောင် အင်ဒီယာနာ ဂျုန်းစ်၏နေရာတွင်
အခြားမည်သည့်မင်းသားကိုမျှအစားထိုးရိုက်ကူးသွားရန်
အစီအစဉ်မရှိကြောင်းနှင့် အခြားသူတစ်ဦးအားအင်ဒီယာနာဂျုန်းစ်
အမည်တပ်မည်ကို သူ့ အနေဖြင့်မလိုလားကြောင်း
ပြီးခဲ့ သည့် နိုဝင်ဘာလ အတွင်းက ပြောကြားခဲ့ သည်။
မင်းသားကြီး ဖို့ ဒ်သည် အင်ဒီယာနာဂျုန်းစ်ရုပ်ရှင်များအပြင်
““Star Wars”” ရုပ်ရှင်များကြောင့်လည်း ကမ်္ဘာကျော်ခဲ့ 
သည့်  သရုပ်ဆောင်တစ်ဦးဖြစ်သည်။(အေးပြည့်)
**၂၀၁၄-၂၀၁၅ဘောလုံးရာသီ လာလီဂါတစ်နှစ်တာ
အကောင်းဆုံးကစားသမားဆု..မက်ဆီဆွတ်ခူး**
ဘာစီလိုနာတိုက်စ်မှူး လီယွန်နယ်မက်ဆီသည် အဓိက
ပြိုင်ဘက်ကစား သမား စီရိုနယ်လ်ဒိုအားကျော်လွန်ကာ
၂၀၁၄-၂၀၁၅ဘောလုံးရာသီ လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့်  အကောင်းဆုံးတိုက်စစ်
ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ ပြီဖြစ်သည်။
ယင်းဆုချီးမြင့် ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က
ကျင်းပခဲ့ ခြင်းဖြစ်ပြီး လူမှုမီဒီယာများနှင့်  ပရိသတ်များက
ရွေးချယ်သော ပရိသတ်အကြိုက်ဆုံး ကစားသမားဆုကို
ဆွတ်ခူးခဲ့ သောစီရိုနယ်လ်ဒိုက ဆုချီးမြှင့် ပွဲသို့ 
တက်ရောက်ခဲ့ ခြင်းမရှိပေ။ ရီးယဲလ်ကစားသမား
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဘာစီလိုနာကွင်းလယ်လူ
အင်နီယေစတာနှင့်  အက်သလက် ကြယ်ပွင့် ဂရစ်ဇ်မန်းတို့ 
အား ကျော်လွန်ကာ အကောင်းဆုံးကွင်းလယ်
ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ သည်။
ထို့ ပြင် ဘာစီလိုနာနောက်ခံလူ ပီကေးနှင့် 
ဗလန်စီယာနောက်ခံလူ အော့တမန်ဒီတို့ အား
ကျော်ဖြတ်ကာ ရီးယဲလ်အသင်းခေါင်းဆောင်ရာမို့ စ်က
အကောင်းဆုံးနောက်ခံကစားသမားဆုကို ဆွတ်ခူးခဲ့
သလို ဘာစီလိုနာဂိုးသမား ဘရာဗိုက အကောင်းဆုံး
ဂိုးသမားဆု၊ နေမာက အကောင်းဆုံး တောင်အမေရိ က
ကစားသမားဆု၊ ဖက်ဂ်ဟိုလီက အာဖရိကအကောင်းဆုံး
ကစားသမားဆု၊ စီရိုနယ်လ်ဒိုက ပရိသတ်အကြိုက်နှစ်သက်ဆုံးဆု
ဘာစီလိုနာနည်းပြအန်းနရစ် က အကောင်းဆုံးနည်းပြဆုကို
အသီးသီးဆွတ်ခူးနိုင်ခဲ့ ကြသည်။ (မေလဲသင်း)
**ကစားသမားဘ၀ကိုပီအက်စ်ဂျီအသင်းမှာသာအဆုံးသတ်ရန်
သီယာဂိုဆေးလ်ဗားစီစဉ်ထား**
ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်း၏ အသင်းခေါင်းဆောင်
သီယာဂိုဆေးလ်ဗားသည် ပီအက်စ်ဂျီအသင်း၌သာကစားသမား
ဘ၀အဆုံးသတ်ရန် စီစဉ်ထား ကြောင်းသိရသည်။
သီယာဂိုဆေးလ်ဗားသည် ၎င်း၏ လက်ရှိစာချုပ်သက်တမ်း
သည် ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ခြင်းကြောင့်
ကစားသမားဘ၀ကို ပီအက်စ်ဂျီ အသင်း၌သာ
အဆုံးသတ်လိုကြောင်း အသင်းဥက်္ကဋ္ဌ အယ်လ်ခီလိုင်ဖီအား
ပြောကြားရန် စီစဉ်ထားကြောင်းလည်း အခိုင်အမာ
ပြောကြားခဲ့ သည်။ ဘရာဇီးနောက်တန်းကစားသမား
သီယာဂိုဆေးလ်ဗား သည် ၂၀၁၂ ခုနှစ်တွင် အီတလီ
စီးရီးအေကလပ် အေစီ မီလန်အသင်းမှ ပြင်သစ်ပထမတန်း
ကလပ် ပီအက်စ်ဂျီ အသင်းသို့  ပြောင်းရွှေ့ လာခဲ့ သူဖြစ်ပြီး
ပီအက်စ်ဂျီအသင်း နှင့် အတူ ဆုဖလားများစွာရယူ
ပေးနိုင်ခဲ့ သူ ဖြစ်သည်။ လက်ရှိတွင် အသက်အရွယ်အားဖြင့် (၃၁)နှစ်သို့ ရောက်ရှိလာခဲ့ ပြီဖြစ်သောကြောင့်  ပီအက်စ်ဂျီအသင်း
မှ အခြားကလပ်အသင်းများသို့  ပြောင်းရွှေ့ မကစားလိုကြောင်း
နှင့်  ကစားသမားဘ၀ကိုလည်း ပီအက်စ်ဂျီအသင်း၌သာ
အဆုံးသတ်လိုကြောင်းပြောကြားခဲ့ သည်။ (ငွေကြယ်)





No comments:
Post a Comment