Monday, December 7, 2015

=တိုက်ရိုက်ထုတ်လွှင့်မယ့်PSYရဲ့ ခရစ်္စမတ်ညဖျော်ဖြေပွဲ နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

**PSY၏ခရစ်္စမတ်ညဖျာ်ဖြေပွဲ..တိုက်ရိုက်ထုတ်လွှင့်မည်**

ကမ်္ဘာကျော်တောင်ကိုရီးယား တေးသံရှင်တစ်ဦးဖြစ်သည့် PSYသည်ယခုနှစ်ခရစ်္စမတ်ညတွင် ပြုလုပ်သွားမည့်  သူ၏တေးဂီတဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း စွန်ပွဒေါ့ကွန်းက ဖော်ပြခဲ့ သည်။ PSY က နှစ်စဉ်တေးဂီတဖျော်ဖြေပွဲ ““ All Night Stand”” ကို ဒီဇင်ဘာ ၂၄ရက်မှ ၂၆ရက်အထိဆိုးလ်ရှိ အိုလံပစ်ပန်းခြံ၌ ကျင်းပသွားမည်ဖြစ်သည်။ ဖျော်ဖြေပွဲသို့ လာရောက်မကြည့်ရှုနိုင်သည့် ပရိသတ်များအတွက် ရည်ရွယ်၍ အဆိုပါ တေးဂီတဖျော်ဖြေပွဲမှ ဒီဇင်ဘာ ၂၅ရက် ခရစ်္စမတ်ညတွင်ကျင်းပမည့်  တေးဂီတဖျော်ဖြေ ပွဲကိုရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသူ၏ဖျော်ဖြေရေး အေဂျင်စီဖြစ်သော ၀ိုင်ဂျီအန်တာတိန်းမန့် စ်က ထုတ်ပြန်ပြောကြားခဲ့ သည်။
လတ်တလောတွင် PSYသည် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ထုတ်လုပ်ခဲ့သည့်  သူ၏တေးအယ်လ်ဘမ်သစ်မှ တေးသီချင်းသစ်နှစ်ပုဒ်၏တေးဗွီဒီယိုကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့် ပြသခဲ့ သည်။ ယင်းတေးသီချင်းများအနက် ““ Napal Baji ””သည် အွန်လိုင်း မှ တစ်ဆင့် ကြည့် ရှုသူ ခြောက်သန်းကျော်ရှိသွားပြီဖြစ်ကာ ““Daddy ””တေးသီချင်းမှာ လည်း ထုတ်လွှင့်ခဲ့ပြီး လေးရက်အကြာတွင် အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသူ ၂၅ သန်းခန့် ရှိသွားခဲ့ ပြီဖြစ်သည်။ (အေးပြည့်)


**ဘစ်ဂ်စီရန်၏သီချင်းစာသားနှင့်လက်ဝတ်ရတနာများအခိုးခံရ**
အမေရိကန်ဟစ်ဟော့ပ်အဆိုတော် ဘစ်ဂ်စီရန်ဟာ ဒူဘိုင်းသို့  ခရီးထွက်သွားစဉ်မှာဟောလိဝုဒ်မှာရှိတဲ့  သူ့ ရဲ့ အိမ်အဖောက်ခံခဲ့ ရပြီး သူရဲ့ သီချင်းစာသားတွေနဲ့  လက်ဝတ်ရတနာတွေ အခိုးခံလိုက်ရ တယ်လို့  တီအမ်ဇက်သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။ ယင်းသို့ အိမ်ဖောက်ထွင်းခံခဲ့ ရသောကြောင့်  ဘစ်ဂ်စီရန်ရဲ့  ထုတ်လွှင့် ဖြန့်ချိရခြင်းမရှိသေးတဲ့  သီချင်းသစ်တွေရဲ့  စာသားမှတ်စုတွေနဲ့  ခန့် မှန်းခြေတန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲခန့် ရှိတဲ့  လက်ဝတ်ရတနာတွေ ပျောက်ဆုံး သွားခဲ့ ရပါတယ်။ အဆိုပါဖောက်ထွင်းမှုနှင့် ပတ်သက်၍ ဒေသခံရဲများက စီရန်၏အိမ်အကြောင်း သိနေသည့်  အတွင်းလူတစ်ဦးမှ ကျူးလွန်ခဲ့ ဖွယ်ရှိကြောင်း၊ ထိုသို့  မှတ်ချက်ချရခြင်းမှာဖောက်ထွင်းသည့် သူသည် ခိုးယူခဲ့  သည့် ပစ်္စည်းများ ထားရှိသည့် နေရာကို ကောင်းစွာ သိနေပြီး စီရန် ဒူဘိုင်းသို့  ခရီးထွက်သွားသည်ကိုလည်း သိနေသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ဘစ်ဂ်စီရန်ကတော့ အဆိုပါအမှုအပေါ်မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ လတ်တလောသူ့ ရဲ့  လူမှုကွန်ရက်မီဒီယာပေါ်မှာ ဒူဘိုင်းခရီးစဉ်အတွင်းက ရိုက်ကူးခဲ့ တဲ့  သူ့ ရဲ့ ဓာတ်ပုံတွေကို သာ ဖော်ပြခဲ့ ပါ တယ်။ အလားတူ ယခုရက်ပိုင်းမှာ ဟောလိဝုဒ်က အခြားအဆိုတော်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကော်ဝဲလ်ရဲ့ အိမ်လည်း ဖောက်ထွင်းခံခဲ့ ရပါတယ်။ ဒါပေမယ့်  စီရန်ရဲ့ ဖြစ်ရပ်နဲ့  မတူတာကတော့ ဆိုင်မွန်ရဲ့ အိမ်ကိုဖောက်ထွင်းခံရချိန်မှာ ဆိုင်မွန်ဟာအိမ်အပေါ်ထပ်မှာသူရဲ့ မိသားစုနဲ့ အတူ ရှိနေပါတယ်။ ဆိုင်မွန်ကတော့ လက်ဝတ်ရတနာတွေနဲ့  ပိုက်ဆံတွေအခိုးခံလိုက်ရတာပါ။ (အေးပြည့်)



**ပီအက်စ်ဂျီမှာဂိုးအများဆုံးသွင်းယူတဲ့စံချိန်ကို အီဘရာဟီမိုဗစ်..တင်လိုက်ပြီ**
ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အသင်းရဲ့  သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူတဲ့စံချိန်ကို တင်လိုက်ပြီဖြစ်ပါတယ်။ သူဟာ နန့်စ် အသင်းကို အနိုင်ရ တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ ပြီးနောက် ပီအက်စ်ဂျီ သမိုင်းမှာ ဂိုးအများဆုံးသွင်းနိုင်သူ ဖြစ်လာပါတယ်။ အသက် ၃၄ နှစ် အရွယ်ရှိတဲ့  တိုက်စစ်မှူးအီဘရာဟီမိုဗစ်ဟာ ပီအက်စ်ဂျီ အသင်းရဲ့  ပြိုင်ပွဲအားလုံး အတွက် ၁၁၉ ဂိုးသွင်းယူ ထားနိုင်ပြီဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာယခုနှစ်ရာသီမှာလည်း ပြင်သစ်လီဂူး -၁ မှာ ဂိုးအများဆုံးသွင်းယူထားတဲ့  တိုက်စစ်မှူးဖြစ်ပါတယ်။ သူဟာ ယခုနှစ်ထဲမှာစုစုပေါင်း ၁၂ ဂိုးသွင်းယူထားပြီး အခြားကစားသမားတွေကို ပံ့ပိုးပေးမှုခြောက်ကြိမ်ရှိ ခဲ့ပါတယ်။ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ပြင်သစ်ကလပ်ပီအက်စ်ဂျီမှာသာမက နိုင်ငံ လက်ရွေးစင်အသင်းနဲ့ အတူလည်း ခြေစွမ်းပြ ကစားနေသူပါ။ သူဟာဆွီဒင်အသင်းကို ယူရို -၂၀၁၆ ခြေစစ်ပွဲမှာလည်း ခြေစစ်ပွဲအောင်အောင် အဓိက ဦးဆောင်ကစားခဲ့ သူဖြစ်ပါတယ်။ ယူရို၂၀၁၆ပြိုင်ပွဲများကို ပြင်သစ်နိုင်ငံမှာကျင်းပ မှာဖြစ်တဲ့ အတွက် နိုင်ငံအသင်းကို ခြေစစ်ပွဲအောင်အသင်းဖြစ်အောင် ကြိုးစားခဲ့  တယ်လို့  သူက ဆိုပါတယ်။ (ကောင်းမြတ်သူ)


 **ကောင်းမွန်သည့် ဘောလုံးရာသီတစ်ခုကိုမရရှိဟု ဂါရတ်ဘေးလ်ပြောဆို**
ဒီဇင်ဘာ ၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ သည့်  ရီးယဲလ်မက်ဒရစ်အသင်းနှင့်  ဂီတာဖေးအသင်းတို့ ၏ စပိန် လာလီဂါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ သော်လည်း ကောင်းမွန်သည့် ဘောလုံးရာသီတစ်ခုကို ရရှိခဲ့ ခြင်းမရှိကြောင်း ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က ထုတ်ဖော်ပြောကြားလိုက်သည်။ ရီးယဲလ်မက်ဒရစ် အသင်းက ဂီတာဖေးအသင်းအား အိမ်ကွင်းဘာနေဗျူး၌ လေးဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့ ရာတွင် ရီးယဲလ်မက်ဒရစ် အသင်းအတွက်သွင်းဂိုးများကို တိုက်စစ်မှူး ဘင်ဇီမာက နှစ်ဂိုး၊ တိုက်စစ်မှူး စီရိုနယ်လ်ဒို က တစ်ဂိုးနှင့်  တိုက်စစ်မှူး ဂါရတ်ဘေးလ်က တစ်ဂိုးသွင်းယူပေးခဲ့ ခြင်းဖြစ်သည်။ တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ယခုနှစ်ဘောလုံး ရာသီ တွင် ဒဏ်ရာပြဿသနာကြောင့် ရီးယဲလ်မက်ဒရစ် အသင်း၏ ပွဲစဉ်ငါးပွဲလွဲချော်ခဲ့ ရပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ ရသူဖြစ်သည်။““ကျွန်တော့် အတွက် အကောင်းဆုံးရာသီ ကို မရရှိခဲ့ ပါဘူး။ ဒဏ်ရာပြဿသနာတွေကလည်း ကျွန်တော့်  ရဲ့  ပုံမှန်ခြေစွမ်းကိုပျောက်ဆုံးစေခဲ့ တာပါ။ ဂိုးသွင်းတဲ့ အလုပ်ကသာ တိုက်စစ်မှူးတစ်ယောက်ရဲ့  အလုပ်ပါ”” ဟု လည်း ဂါရတ်ဘေးလ်က ပြောကြားခဲ့သည်။ လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ရမှတ် ၃၀ ဖြင့်  စပိန်လာလီဂါအမှတ်ပေးဇယား၏ အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိသည်။ အက်သလက်တီကို မက်ဒရစ်အသင်းမှာရမှတ် ၃၂ မှတ်ဖြင့်  အဆင့် (၂)နေရာ တွင် ရပ်တည်လျက်ရှိပြီး ဘာစီလိုနာအသင်းမှာ ရမှတ် ၃၄ မှတ် ဖြင့်  အမှတ်ပေးဇယား၏ ထိပ်ဆုံး တွင် ဦးဆောင်လျက်ရှိ သည်။ (ငွေကြယ်) Rest of your post

No comments:

Post a Comment