Monday, December 7, 2015
= မန်ယူတို့ ရင်ပူရဦးမယ့်ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်=
 ဒီတစ်ပတ်ကြားရက် ဒီဇင်ဘ ၈ ရက်နဲ့  ၉ ရက်တွေမှာ
တော့ ချိန်ပီယံလိဂ်ပွဲတွေက အသင့်စာင့် ကြိုနေပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲတွေဖြစ်တာမို့ 
 ဖောင်ဖျက်တိုက်ပွဲဝင်ကြမယ့်  အသင်းတွေရော
ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။
 လာမယ့်အင်္ဂါနေ့ညမှာကစားမယ့်ထိပ်တန်းအသင်းတွေရဲ့
 အားပြိုင်မှုမှာဘယ်အသင်းတွေ နောက်တစ်ဆင့်တက်ပြီး
ဘယ်အသင်းတွေမှောင်အတိကျသွားမလဲဆိုတာ
 စိတ်ဝင်စားစရာကောင်းနေတာတော့အမှန်ပါပဲ။
**ရီးရဲမက်ဒရစ် နှ င့်မယ်မို **
အုပ်စု(A) မှာတော့ ရီးရဲမက်ဒရစ်တို့ က ၁၃ မှတ်နဲ့ 
ထိပ်ဆုံးကရပ်တည်နေ ပါတယ်။ မယ်မိုတို့ ကတော့
သုံးမှတ်နဲ့  မျှော်လင့်ချက်မဲ့ နေပါပြီ။ ရီးရဲမက်ဒရစ် တို့ 
က ပထမအကျော့အဝေးကွင်းမှာ နှစ်ဂိုးပြတ်နိုင်ပွဲ
 ရထားတာမို့  အခုပွဲမှာခြေစွမ်းပိုင်းရော
 တိုက်စစ်ပိုင်းမှာပါ သာလွန်တဲ့ အိမ်ရှင်ဟာ
 အမှတ်ပြည့်ယူပြီး နောက်တစ်ဆင့်ကို
 သေချာပေါက်တက်ရောက်ပါလိမ့်မယ်။
 **ပီအက် စ်ဂျီ နှ င့်ရှက်တာဒိုးနက်**
 အုပ်စု(A)မှာ ပီအက်စ်ဂျီတို့က ၁၀ မှတ်ရနေပြီး
 ရှက်တာဒိုးနက်တို့က သုံးမှတ်ပဲရရှိထားပါတယ်။
 ပထမအကျော့မှာပီအက်စ်ဂျီက သုံးဂုံးပြတ်နိုင်ပွဲ
ရ ထားပြီး အခုပွဲမှာရှက်တာဒိုးနက်တို့ 
ဘယ်လိုဗျူဟာခင်းခင်း ထိရောက်မှုရှိမှာ
မဟုတ် ပါဘူး၊ တိုက်စစ်ပိုင်းမှာထက်မြက်တဲ့ 
 ပီအက်စ်ဂျီတိုက်စစ်မှူးတွေရဲ့ 
ထိုးဖောက်ကျော်ဖြတ်မှုကို ရှက်တာဒိုးနက်တို့ က
ခွင့် ပြုရပါလိမ့် မယ်။  
**၀ု ဖ်ဘတ် နှ င့်  မန်ယူ**
 အုပ်စု(B)မှာတော့ နောက်တစ်ဆင့်တက်ရေး
 မန်ယူတို့ ကြိုးတန်းပေါ်လမ်း လျှောက်နေရပြီ ဖြစ်ပါတယ်။ 
အတိမ်းအစောင်းဖြစ်တာနဲ့ ကျန်ရစ်တော့မယ့်  
 မန်ယူဟာ ဂျာမနီမြေမှာကံကောင်းနိုင်ပါ့မလား
 ရင်ခုန်စရာဖြစ်နေပါတယ်။ ၀ုဖ်ဘတ်နဲ့ ဆုံတိုင်း
 မန်ယူတို့  နိုင်ပွဲရတာများပေမယ့်လက်ရှိမန်ယူရဲ့ 
 ကစားအားက အားရစရာမရှိတာတော့အမှန်ပါပဲ။ 
ဝုဖ်ဘတ်တို့ ကလည်း ခြေစွာနေ တာမို့  
မန်ယူအတွက် ခြေကုန်ဖွင့်မှ တော်ကာကျပါလိမ့် မယ်။ 
**ပီအက်စ်ဗွီ နှ င့် CSKAမော်စကို **
အုပ်စု(B)မှာပီအက်စ်ဗွီတို့ က ခုနစ်မှတ်ရနေတာမို့ 
 မန်ယူနဲ့ အပြိုင်နောက် တစ်ဆင့်တက်ရေး
 ခြေကုန်ဖွင့်တော့မှာပါ။ CSKAမော်စကိုတို့ က
 မျှော်လင့်ချက်မရှိတော့တာမို့  ဒီပွဲမှာ
အိမ်ကွင်းလည်းဖြစ်တာမို့  ပီအက်စ်ဗွီရဲ့ 
ဖိအားပေးမှုအောက်မှာရုန်းကန်ရမယ့်  
အနေအထားကမပိုပါဘူး။ ပီအက်စ်ဗွီဟာ
 နောက်တစ်ဆင့်တက်ရေးအတွက် အောင်ပွဲ
 ရအောင် ကြိုးစားမှာသေချာနေ ပါတယ်။ 
 **ဘင်ဖီကာနှ င့် အက်သလက်တီကိုမက်ဒရစ်**
 အုပ်စု(C) မှာ နှစ်သင်းစလုံး ၁၀ မှတ်စီတူနေပြီး
 နောက်တစ်ဆင့်တက်ရေး အပြိုင်သေချာနေတဲ့
အသင်းတွေဖြစ်ပါတယ်။ ဒီပွဲရလဒ်က အုပ်စုပထမ 
ဘယ်သူဖြစ်မလဲ ရွေးချယ်တဲ့ ပွဲဖြစ်တာမို့ 
 ပြိုင်ပွဲကမြိုင်ဆိုင်ပါလိမ့် မယ်။ ပထမအကျော့
ပွဲစဉ်မှာအက်သလက်တီကိုတို့  နှစ်ဂိုး-တစ်ဂိုးနဲ့  
ရှုံးထားတာမို့  အခုပွဲမှာလည်း ဘင်ဖီကာကပ်ပြီး
 နိုင်ပွဲရသွားပါလိမ့်မယ်။
 **ဂါလာတာစာရေးနှ င့်အက် စ်တာနာ**
ပထမအကျော့က နှစ်ဂိုးစီ သရေပွဲဖြစ်ထားတဲ
့  ဒီနှစ်သင်းဟာအုပ်စု(C) မှာတော့နောက်တစ်ဆင့်
တက်ရေးမျှော်လင့်လို့ မရတော့တဲ့ အခြေအနေပါပဲ။ 
တစ်လှည့်စီ အနိုင်လုနေတဲ့  နှစ်သင်းဖြစ်တာမို့  
ဒီပွဲမှာအိမ်ရှင်အားသာချက်နဲ့ အတူ 
ဂါလာတာစာရေး ပရိသတ်တွေ အောင်ပွဲခံ
 ပြုံးပျော်မယ့် ပွဲပါ။ 
**မန်စီးတီးနှ င့် မိုချင်ဂလာဘတ်**
 အုပ်စု(D)မှာမန်စီးတီးတို့  ကိုးမှတ်ရနေပြီး 
ဒီပွဲကို အနိုင်ကစားမှ သေချာတဲ့  နောက်တစ်ဆင့်တက်ရေး
 ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ပထမအကျော့မှာမန်စီးတီးတို့ 
 နှစ်ဂိုး-တစ်ဂိုးနဲ့  နိုင်ပွဲရထားတာမို့  အခုပွဲမှာလည်း
 နိုင်ပွဲရအောင်ပုံဖော်ပါလိမ့် မယ့် ။ မန်စီးတီးမှာ
 ဒဏ်ရာရကစားသမားတွေရှိနေပေမယ့်အိမ်ကွင်းမှာ
 နိုင်ပွဲကိုရအောင်အားထုတ်ပါလိမ့် မယ်။ 
 **ဆီဗီလာနှ င့် ဂျူဗင်တပ်စ်**
ပထမအကျော့မှာဂျူဗင်တပ်စ်တို့  နှစ်ဂိုးပြတ်နဲ့ 
 နိုင်ပွဲရထားပါတယ်။ ဂျူဗင်တပ်စ် ဟာ 
အုပ်စုပထမနဲ့  နောက်တစ်ဆင့်တက်ရေး ကြိုးစားမှာ
မို့  ဒီပွဲမှာအဝေးကွင်းဆိုပေမယ့်  ဂျူဗင်တပ်စ်ရဲ့ 
 ခြေစွမ်းကို ပိုကြိုက်ပြီး အနိုင်ဆိုတာ ဂျူဗင်တပ်စ်တို့ 
 +မိုးမြင့်လင်းလက်+
No comments:
Post a Comment