Saturday, April 19, 2014

==အသည်းနှလုံးထဲကပေါါ်ထွက်လာ- ဂန်္ထ၀င်အနုပညာ===

နှစ်စဉ် စက်တင်ဘာ လဆန်းရက်များသို့ရောက်တိုင်း သတိရအောက်မေ့ ဖွယ်များကို အောက်မေ့သတိရမိမြဲဖြစ်သည်။ ကုလသမဂ်္ဂအဖွဲ့ကြီးက နိုင်ငံတကာအနေဖြင့် အထိမ်းအမှတ်ပြုအပ်၊ ပါဝင်လှုပ်ရှားဆောင်ရွက်အပ်သည့် အထိမ်းအမှတ်နေ့၊ အထိမ်းအမှတ်သီတင်း ပတ်နှင့်ဆယ်စုနှစ်များဟူ၍ သတ်မှတ်ထားရှိသည့်ရက်အများအပြားတွင် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့။ ကျောက်ပန်းတောင်းမြို့သို့ မီးရထားဖြင့် အဖွဲ့သားများခေါ်ပြီး ရုပ်ရှင်သွားရိုက်ခဲ့ရာ ဇာတ်ညွှန်းဟူ၍ ကြိုရေးမထားဘဲ မရိုက်မီတစ်ညတွင်သာရေးလျက် သဘာဝ ကျအောင် ဒေသခံများနှင့် ရိုက်ကူးခဲ့သည်။ ပထမဆုံးကျောက်ပန်းတောင်းဘက်ကို မင်းကျော်ရေးတဲ့အထဲပါတဲ့ အကြောင်းအရာတွေကို ဆာဗေးလုပ်ကြည့်တယ်။ လှလိုက်တာကွာလို့ ပြောမယ့် အစား လှချက်တော့ဆိုတာတွေပေါ့။ ပြီးတော့ စာသင်ရမှာ ကြောက်တဲ့သူတွေ ကို အားပါးတရပြန်လည်သိမှတ်ရပါသည်။ “အ”သုံးလုံးကျေ စာမတတ်သူ ပပျောက်ရေး မြန်မာ့စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အမှန်ပင် ဘယ်သူ ပြိုင်လို့လှပါတော့နိုင်ဟု ၀င့်ကြွားလောက်ပါသည်။ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဇာတ်ကားကိုလည်း နှစ်တိုင်း လိုလိုပင် ရုပ်မြင်သံကြား၌ ကြည့်ရှုဖြစ်ခဲ့သည်။ ကြည့်မိတိုင်းလည်း မရိုးနိုင်အောင် ရှိခဲ့သည်။ ၀တ်္ထုမှာ ကျောင်းဆရာတစ်ယောက်လည်းဖြစ်ခဲ့သော စာရေးဆရာကြီး မင်းကျော်၏ ၀တ်္ထု၊ ထိုဝတ်္ထုကို ထပ်ဆင့်အကယ်ဒမီရုပ်ရှင်ဒါရိုက်တာ ဆရာကြီး ဦးသုခက ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးဖန်တီးခဲ့သည်။ မြန်မာ့စာတတ် မြောက်ရေးလှုပ်ရှားမှုသည် ကမ်္ဘာသိသွားအောင်ပင် ၁၉၇၁ ခုနှစ်က မိုဟာမက်ရီ ဇာဖာလဗီဆုကို ပေးအပ်ချီးမြှင့်ခံရသကဲ့သို့ ဆရာဦးသုခ၏ ရုပ်ရှင်ဇာတ်ကား ကလည်း ၁၉၇၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပေးပွဲတွင် အကောင်း ဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ပို့ဆုများကို ချီးမြှင့်ခံခဲ့ရသည်။ အနုပညာ၏ဂုဏ်မြောက်မှုပင်ဖြစ်ပါသည်။ ဆရာဦးသုခသည် ထိုရုပ်ရှင်ဇာတ်ကားကို လူထုကြားတွင်မေတ်္တာဖြင့် အခမဲ့ပြသနိုင်ရန် ပညာရေးဌာနသို့ လှူဒါန်းပေးအပ်ခဲ့သည်။ နယ်များသို့ ကျွန်တော်တို့ ခရီးထွက်သည့်အခါ ရုပ်ရှင်အဖွဲ့က ရပ်ရွာလူထုကို ပြသခဲ့သည်။ ကွင်းပြင်ထဲ ပိတ်ကားထောင်ကာပြသ၍ ကြည့်ရတော့လည်း မရိုးနိုင်ခဲ့ပြန်ပါ။
“အ” သုံးလုံးလုပ်အားပေးကျောင်းသားများ၏ စာပေမှတ်တမ်း၊ ““ပဲ့တင်သံ”” မဂ်္ဂဇင်း ၁၉၇၁ မှ သိန်းထွန်း (မကနကောလိပ်)၏ ““စာသင်ချိန်”” အမည်နှင့် ၀ထကလသများသည် ထိုရုပ်ရှင်ဇာတ်ကားတွင် အလွန်မြူးထူးတက်ကြွသည့် ရုပ်ရှင်ဇာတ်ဝင်သီချင်းဖြစ်လာခဲ့သည်။ ကြည့်ဖူးကြားဖူးသူများစွာ နှစ်သက် သဘောကျကြသည်။ ဆရာဦးသုခသည် ငယ်စဉ်က ကျောင်းဆရာအလွန်ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ ကျောင်းဆရာ၊ ဆေးဆရာ၊ စာရေးဆရာတို့၏ အလုပ်များသည် ပိုက်ဆံရဖို့ အလုပ်များမဟုတ်ပါဟု ဆိုသည်။ အနုပညာပါရမီရှင်မို့ ကျောက် အများကြီးပဲ။ စာသင်ဖို့လာတယ်ဆိုရင် ထွက်ပြေးတယ်။ အဲဒါတွေကိုပါလာ အောင်လို့ အံ့ကျော်ကို ချစ်စရာအဖြစ်နဲ့ ထည့်ထားတယ်။ ““နင် ပုန်းနေ လို့ကော ရမှာလား ချစ်စရာရဲ့””။ ““ဒီကောင်က စာသင်ရမှာ မိန်းကလေးတွေမို့လို့ ရှက်နေသတဲ့””။ (ဇာတ်ဝင်စကား ဖြစ်ပါသည်။) ““ဒါကို ကျွန်တော်ပါရမီ ဖြန့်တာပဲ””ဟူ၍လည်း ဆရာဦးသုခက အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးသန်းဦးနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ သေးသည်ဟု မှတ်သားထိုက်သည့် စကားများပင်ဖြစ်ပါသည်။ ““အ””သုံးလုံးကျေ စာမတတ်သူ ပပျောက်ရေးဟူသော အသုံးနှင့် ခပ်ဆင်ဆင်တူစွာ စာမဖတ်သူပပျောက်ရေးဟူ၍ တစ်လောတုန်းက လှုံ့ဆော် ပြောဆိုသည်များရှိခဲ့သည်။ မိတ်ဆွေစာရေးဆရာတချို့က ကျောင်းအချို့မှာ စကားဝိုင်းဖွဲ့ဆွေးနွေးပြောဆိုကြသည်ဟု ကြားသိရသည်။ တကယ့်ကို ချစ်စရာ တို့လို ဘ၀ပေးကြောင့် စာမတတ်သူတို့ စာသင်ရမှာကို ရှက်စရာမဟုတ်။ စာတတ်ကြပြီး စာမဖတ်သူ ပပျောက်ရေးဟု ပြောဆိုခံရသည်ကမှ အမှန် ရှက်စရာဖြစ်သည်။ ဆရာကြီးဦးသုခက သူ၏တစ်သက်တွင် ပိုက်ဆံချမ်းသာနိုင်စေသည့် ရုပ်ရှင်ကားများကို မရိုက်ကူးခဲ့ဘဲ သူရိုက်ကူးခဲ့ရာ ကားများထဲမှ စွဲစွဲမြဲမြဲ ဖြစ်ခဲ့သော ရုပ်ရှင်ကားအချို့တွင် ““ဘယ်သူပြိုင်လို့ လှပါတော့နိုင်”” ရုပ်ရှင်ကား ပါဝင်သည်ဟု ဆရာကြီးဦးသန်းဦးကို ပြောပြခဲ့သည်။ ထိုအခါ ဆရာကြီး ဦးသန်းဦးက ဒီလိုကားတချို့မှာ ဘာကြောင့် စွဲမြဲရပါသလဲဟု မေးမြန်းတော့ ဆရာကြီးဦးသုခက ““ဘာဖြစ်လို့လဲဆိုတော့ အသည်းနှလုံးထဲက ထွက်လာတာကို”” ဟု ပြန်ဖြေခဲ့ကြောင်း သိရှိရသည်။ ကိုယ့်ရပ်ပြည်ရွာမှာ စာတတ်ကြစေချင်၊ စာဖတ်ကြစေချင်သော စေတနာလုပ်အားရှင်တို့၏ စာပေမှတ်တမ်းကျောင်းဆရာစိတ်အပြည့်ရှိသူ၏ ထုတ်လုပ်ခဲ့သော အနုပညာတို့သည် ဂန်္ထ၀င်ဖြစ်ခဲ့ပြီဟူ၍ အောက်မေ့မိ ပါသည်။ ။ 


+ရဲထွတ်နီ+

No comments:

Post a Comment