စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ဘက်
ဘာစီလိုနာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ စပိန်ကိုပါဒယ်ရေး
ဖလားရယူဆွတ်ခူးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လာလီဂါပြိုင်ပွဲတို့တွင်လည်း
ဖလားမျှော်လင့်နိုင်မည့် အနေအထားတွင်ရှိနေခြင်းကြောင့် ယခုနှစ်တစ်နှစ်
တည်းဖလားသုံးလုံးရရှိရန် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ်္ဘာ့စံချိန်တင်ပြောင်း
ရွှေ့ကြေးကစားသမားဖြစ်သူ တိုက်စစ်မှူးဂါရတ်ဘေးလ်က ပစ်မှတ်ထား
လျက်ရှိကြောင်း သိရသည်။
ဝေလတိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ဗလန်စီယာ၌ ယှဉ်ပြိုင်ကစားခဲ့
သည့် စပိန်ကိုပါဒယ်ရေးဖလားနောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်က
ဘာစီလိုနာကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်း
အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိစပိန်ကိုပါဒယ်ရေးဖလားကို
ရယူဆွတ်ခူးထားသည့်အပြင် လာလီဂါအမှတ်ပေးဇယားတွင် မြို့ခံပြိုင်ဘက်
အက်သလက်တီကိုမက်ဒရစ်အောက် သုံးမှတ်အကွာဖြင့် ဒုတိယနေရာ၌
ရပ်တည်နေပြီး လာလီဂါလက်ကျန်ပွဲ ငါးပွဲကစားရန်ကျန်နေသည်။ ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရရန်လည်း ရှိနေ
သေးသည်။
တိုက်စစ်မှူးဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ
လာလီဂါပွဲစဉ် ၂၅ ပွဲ၊ ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲ၊ စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်
လေးပွဲ စုစုပေါင်း ၃၈ ပွဲပါဝင်ကစားပေးခဲ့ရာ၌ လာလီဂါတွင် ဖန်တီးပေးမှု
၁၁ ကြိမ်၊ သွင်းဂိုး ၁၄ ဂိုး၊ ချန်ပီယံလိဂ်တွင် ဖန်တီးပေးမှု နှစ်ကြိမ်၊ သွင်းဂိုး
ငါးဂိုး၊ စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဖန်တီးပေးမှု တစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုး
စသည်ဖြင့် ဖန်တီးပေးမှုအကြိမ်ပေါင်း ၁၄ ကြိမ်၊ ပြိုင်ပွဲအရပ်ရပ်တွင်သွင်းဂိုး
စုစုပေါင်း ဂိုး ၂၀ အထိ ရှိထားသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်နှင့်အတူ
ရာသီကုန်ပါက တစ်နှစ်တည်းဖလားသုံးလုံးရယူဆွတ်ခူးနိုင်သည့် အသင်း
တစ်သင်းအဖြစ် မှတ်တမ်းဝင်ရန် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။
+ငွေကြယ်+
No comments:
Post a Comment