Wednesday, February 17, 2016

=လူထုကျန်းမာရေး(လမ်းဘေးစာစားရင် သတိထားကြပါ)=

**Public Health** 
 ရောစပ်ထားသော ငရုတ်သီးအချဉ်ရည်များတွင် ဆယ်မိုနဲလားပိုးပါဝင်မှုကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်) ၏သုတေသနစာတမ်းများအရ သိရသည်။ ဆယ်မိုနဲလားပိုးသည် ဘက်တီးရီးယားပိုးများတွင်တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါပိုးကြောင့် အူရောင်ငန်းဖျားရောဂါ၊ သွေးဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်ခန္ဓာ နာကျင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း သုတေသနစာတမ်းပြုစုသည့် သုတေသီများက ပြောကြားသည်။  

အဆိုပါသုတေသနအတွက် လမ်းဘေး၌ရောင်းချသော ဝက်သားတုတ်ထိုးဆိုင်များ၊ အမဲအူပြုတ်ဆိုင်များ၊ ကြာဆံကြော်ဆိုင်များနှင့် ဝက်သား၊ ကြက်သားပေါက်စီဆိုင်များတွင် တွဲဖက်စားသုံးသော အချဉ်ရည်များထဲတွင် ဆယ်မိုနဲလားပိုးပါဝင်မှုရှိမရှိကို ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ ၂၀၁၅ခုနှစ် မေလအထိ သုတေသနပြုလုပ်ထားခြင်းဖြစ်ပြီး အချဉ်ရည်နမူနာများတွင် ဆယ်မိုနဲလားဘတ်တီးရီးယားပိုး ၁၈ ဒသမ ၃၃ရာခိုင်နှုန်းပါဝင်နေသည်ကို 3M TM Petrifilm Salmonella Express (SALX) System ဖြင့်စမ်းသပ်တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။ 

 ဆယ်မိုနဲလားပိုးသည်ပန်းရောင်ဖြစ်ပြီး ရွေ့လျားနိုင်သောအချောင်းပုံစံဖြင့် အောင်စီဂျင်မရှိသောနေရာတွင်
 ပေါက်ပွားနိုင်သည့်အစွမ်းရှိကြောင်း၊ ထိုပိုးအများဆုံးတွေ့ရှိရသည့် အစားအစာများမှာ ဥ၊ ဥနှင့်ပြုလုပ်ထားသော အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစိမ်း၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆိုးဆေးသုံးထားသောအစာများနှင့် အရောင်ရှိသော အစာများတွင်ပါဝင်ပြီး ၎င်းတို့ထဲမှ ငရုတ်သီး အချဉ်ရည်နှင့် ရောစပ်ထားသောအချဉ်ရည်များတွင် တွေ့ရှိရကြောင်း ဆေးသုတေသနဦးစီးဌာန
(အောက်မြန်မာပြည်) ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲထံမှ သိရသည်။


 Credit to The Voice Weekly

No comments:

Post a Comment