ဟိုရှေးရှေးတုန်းကဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုစဉ်တုန်းကပေါ့။ အခုခေတ်အရဆိုရင်တော့
ဗာရာဏသီပြည်ဟာ အိန္ဒိယပြည်မြောက်ပိုင်းမှာရှိပါတယ်။
နှစ်သစ်ကူးပွဲရောက်ခါနီးအချိန်လေးမှာပေါ့။
နန်းတော်ဥယျာဉ်ရဲ့  ဥယျာဉ်မှူးတစ်ယောက်အပါအ၀င် မြို့ သူမြို သားအားလုံး နှစ်သစ်ကူးပွဲကို သုံးရက်လုံးလုံးဆင်နွဲဖို့ အသင့်စောင့်မျှော်နေကြလေရဲ့ ။
နန်းတော်ဥယျာဉ်ထဲမှာ မျောက်အုပ်ကြီးတစ်အုပ်ရှိတယ်။
သူတို့ဟာ သူတို့ခေါင်းဆောင် မျောက်မင်းကြီးရဲ့ စကားကို ဘာမှ မစဉ်းစားဘဲ မှားမှားမှန်မှန် လိုက်နာလေ့ရှိကြတယ်။
သူတို့အခေါ် ပညာရှိမျောက်မင်းကြီးပေါ့လေ။
ဥယျာဉ်မှူးလဲ အပြင်ထွက်ပြီး နှစ်သစ်ကူးပွဲဆင်နွဲချင်တဲ့အတွက် ဥယျာဉ်ကို မျောက်မင်းကြီးထံ အပ်နှံထားခဲ့တယ်။
"အရှင်မျောက်မင်းကြီး ကျနော်တစ်ခုတောင်းဆိုချင်လို့ပါ။
ကျနော် သုံးရက်တိတိ ဒီမှာရှိမှာမဟုတ်ပါဘူး။ နှစ်သစ်ကူးပွဲသွားရပါလိမ့်မယ်။
ဒီဥယျာဉ်ထဲမှာ အသီးအနှံ စားပင်သောက်ပင် အစုံအလင်ရှိပါတယ်။ အရှင်မျောက်မင်းကြီးနှင့်တကွ မျောက်တွေအားလုံး ကြိုက်သလောက်စားသုံးပါ။ ပြီးရင်တော့ ကျေးဇူးပြုပြီး သစ်ပင်တွေကို နေ့စဉ်ရေလောင်းပေးပါခင်များ"
"ဥယျာဉ်မှူးကြီး ဘာမှမပူပါနဲ့။ စိတ်ချလက်ချသွားပျော်ပါ။ ဥယျာဉ်ကို ကောင်းကောင်းစောင့်ရှောက်ထားပါ့မယ်။
Happy New Year ပါ ဥယျာဉ်မှူးကြီး"
ဥယျာဉ်မှူးကလဲ ရေလောင်းဖို့ ရေပုံးထားတဲ့နေရာကို
မျောက်မင်းကြီးကို ပြသပြီး စိတ်ချစွာဘဲ နှစ်သစ်ကူးပွဲ ဆင်နွဲဖို့ နန်းတော်က ထွက်ခွါလာခဲ့ပါတော့တယ်။
နောက်တစ်နေ့အရောက်မှာ
မျောက်မင်းကြီးဦးဆောင်တဲ့ မျောက်တပ်ပေါင်းစုကြီးဟာ
ဥယျာဉ်ထဲက အသီးတွေကို ကြိုက်သလောက်စားပြီး
သစ်ပင်တွေကို ရေလောင်းဖို့ပြင်ဆင်ကြတော့တယ်။
မျောက်မင်းကြီးအသံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။
"တပည့်မျောက်အပေါင်းတို့
ယခုငါတို့လုပ်နေတဲ့အလုပ်ဟာ ဘုရင့်နန်းတော်ဥယျာဉ်မှူးရဲ့ အလုပ်ဖြစ်တယ်။ ဂရုစိုက်ပြီးလုပ်ကြ။ ရေရှားပါးနေတဲ့အတွက်
ရေကို လုံးဝအလေအလွင့်မရှိအောင် သတိထား
သုံးစွဲကြရမယ်။
ပထမအနေနဲ့ သစ်ပင်တွေအားလုံး နှုတ်ပစ်လိုက်ပါ။
ဘယ်သစ်ပင်က အမြစ်ပိုရှည်သလဲဆိုတာ စစ်ဆေးပါ။ ပြီးရင် သစ်ပင်တွေကို ပြန်စိုက်ပါ။ အမြစ်ပိုရှည်တဲ့သစ်ပင်ကို ရေများများလောင်းပါ။ အမြစ်တိုတဲ့သစ်ပင်တွေကို ရေနဲနဲဘဲလောင်းပါ။ ဒါမှ
ရေကို မဖြုန်းတီးရာရောက်မယ်။ ဥယျာဉ်မှူးလဲ
ကျေနပ်ပါလိမ့်မယ်။ အမိန့် "
လက်အောက်ငယ်သား မျောက်တွေလဲ မျောက်မင်းကြီးရဲ့ အမိန့်တော်အတိုင်း သစ်ပင် ပန်းပင်တွေကို အကုန်လုံးနှုတ်
ပစ်လိုက်တယ်။ သစ်မြစ်အတိုအရှည်ကို စစ်ဆေးတယ်။ ပြီးတော့ပြန်စိုက်တယ်။ အမြစ်တိုတဲ့အပင်တွေကို
ရေနဲနဲဘဲလောင်းတယ်။ အမြစ်ရှည်တဲ့သစ်ပင်တွေကို ရေများများလောင်းတယ်။
ဒီလိုနဲ့ သုံးရက်မြောက်နေ့ရောက်တော့ သစ်ပင်တွေအားလုံး ညိုးနွမ်းပြီး သေလုမတတ်ဖြစ်နေကြပြီ။
ဒါပေမဲ့ ပထမနေ့ကအတိုင်းဘဲ မျောက်တွေအားလုံးပြုလုပ်
နေကြတယ်။
ပညာရှိတစ်ယောက် ဥယျာဉ်အနားက ဖြတ်အသွား ဒီအချင်းအရာတွေကို မြင်လိုက်တယ်။
ပြီးတော့ မျောက်တွေကို မေးမြန်းပြောဆိုလိုက်တယ်။
"မျောက်မိုက်တွေ... ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ.. ဒါ ဘုရင့်နန်းတော်ဥယျာဉ်ဆိုတာ မသိကြဘူးလား။
ဒီအတိုင်းလုပ်နေရင်တော့ နန်းတော်ဥယျာဉ်ထဲက
သစ်ပင်ပန်းပင်တွေ အားလုံးသေကုန်ကြတော့မှာဘဲ။
ဘယ်သူလုပ်ခိုင်းလို့ လုပ်နေကြတာလဲ"
"ကျနော်မျိုးတို့ရဲ့  ပညာရှိမျောက်မင်းကြီးရဲ့  အမိန့်တော်အရ အခုလို ရေကိုလဲ ဖြုန်းတီးရာမရောက်အောင် ဥယျာဉ်ကိုလဲ ရေလောင်းပြီးသားဖြစ်အောင် လုပ်နေကြတာပါ။
ခင်ဗျားလဲ ဒီနည်းစနစ်ကို ယူသွားပါလား"
အေး.. ဒီလောက် မိုက်မဲ ဥာဏ်တုံးတဲ့ မျောက်မင်းကြီးကို
မင်းတို့က ပညာရှိလို့ ခေါ်မှတော့ မင်းတို့ကိုယ်တိုင်ရဲ့  ဥာဏ်ရည်ဥာဏ်သွေးကိုတော့ ငါစဉ်းစားကြည့်ဖို့ မလိုတော့
ပါဘူးလေ။
မင်းတို့ရဲ့  ရေကို အကျိုးရှိရှိအသုံးချမှုကြောင့် မကြာခင် ဘုရင့်နန်းတော်ဥယျာဉ်ကြီးလဲ ပျောက်ကွယ်ခြင်းသို့ ရောက်တော့မှာပါ"
ပညာရှိလဲ သတိပေးဆုံးမစကားပြောပြီးပြန်သွားတော့သတဲ့။
..................................
စဉ်းစားကြည့်ရင်သိသာပါတယ်။
ဒီလောက်ပူအိုက်ပြီး ရေရှားပါးနေတဲ့အချိန်မှာ သစ်ပင်ပန်းပင်တွေကို ဆွဲနှုတ်ပြီး ပြန်စိုက်၊ ရေပြန်လောင်းလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ အပင်လေးတွေ
အခြေခိုင်နေပြီးဖြစ်လို့ အားစိုက်ပြီး ဆွဲနှုတ်တဲ့အခါမှာ အပင်နာမယ်။ အမြစ်တွေပြတ်ထွက်မယ်။ နာပြီးသားဖြစ်နေတဲ့အပင်ကို ပြန်စိုက် ရေလောင်းပေမဲ့
ပြန်ရှင်နိုင်ဖို့ အခွင့်အရေးနဲသွားပါပြီ။ ပြီးတော့ ရေက နဲနဲဘဲ ပြန်အလောင်းခံရတဲ့အပင်ဆို ပိုဆိုးရောပေါ့။
.............................
ဒီဇာတ်တော်ကို မြန်မာလိုရေးထားတဲ့စာအုပ် သေချာပေါက်
ရှိမှာပါ။ မြန်မာလိုရေးထားတဲ့ ဇာတ်တော်ကို ဖတ်ကြည့်ရင် ပိုပြီးပြည့်စုံမယ်လို့ထင်ပါတယ်။
ကျနော့်အနီးတစ်ဝိုက်မှာ မြန်မာစာအုပ်သိပ်မရှိတဲ့အတွက် အင်္ဂလိပ်လိုရေးထားတဲ့ ဒီဇာတ်တော်လေးကိုဘဲ ကြိုးစားပြီး ဘာသာပြန်ကြည့်လိုက်တာပါ။
ဒီဇာတ်တော်ထဲက ရလိုက်တဲ့ သင်ခန်းစာကတော့
"Only fools can make good deeds into bad ones.
လူမိုက်တွေသာ ကောင်းတဲ့အရာကို မကောင်းအောင်
လုပ်နိုင်ကြပါတယ်" တဲ့။
////////////////////////////////////////////////////////////
စာအုပ်နာမည်က Buddist tales for young and old။
ခေါင်းစဉ်လေးက Watering the Garden ကိုဘာသာပြန်ပေးလိုက်ပါတယ်။
.........................
+သူကြီးမင်း (တုံးဖလား) +
No comments:
Post a Comment