သရော်စာကိုလည်း အတည်ထင်ပြီး မဆဲနဲ့။
စော်တကာကိုလည်း အပီခင်ပြီး မတွဲနဲ့။
သရော်စာကို အတည်ထင်ပြီး ဆဲက ဝိုင်းဟား ခံရလိမ့်မည်။
စော်တကာကို အပီခင်ပြီး တွဲက ခိုင်းစား ခံရလိမ့်မည်။
စစ်တပ်နဲ့ကာချုပ်ကို Facebook မှာ သိပ်မစနဲ့။
အပစ်ရပ်စာချုပ်ကို အတွေးညွတ်ကာ စိတ်မချနဲ့။
စစ်တပ်နဲ့ ကာချုပ်ကို Facebook မှာ သိပ်စက တရားစွဲလိမ့်မည်။
အပစ်ရပ်စာချုပ်ကို အတွေးညွတ်ကာ စိတ်ချက တအားလွဲလိမ့်မည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ကောင်းကင်ကို+
မှတ်ချက်။ ။မြန်မာစာပေနယ်တွင်ကျော်ကြားလှသောကြီးကန်ရှင်ကြီး
မေတ္တာစာ-ကိုကဗျာဆရာ
ကောင်းကင်ကိုကကျီးကန်းအရှင်ကြီး-ဟု
ပြုပြင်ရေးသားထားသည်မှာဆင့်ပွားတွေးစရာပါလေ။

No comments:
Post a Comment