**Public Health**
ဂီတသံစဉ်တွေဟာ လူသားတွေရဲ့ စိတ်ကိုအတော်အတန် လွှမ်မိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်း သီချင်းနားထောင်ခြင်းဟာ စိတ်ဖိစီးမှု ကင်းဝေးစေတယ်ဆိုတဲ့ လေလ့ာချက်တွေ ထွက်လာခဲ့တာပါ။
အဆွေးသီချင်းတွေဟာ စိတ်ကိုလန်းဆန်းမလာစေဘူးလို့ ယေဘုယျအမြင်တွေရှိနေကြတာ မှားယွင်းကြောင်း အခုသက်သေပြလိုက်ပါပြီ။
အဆွေးသီချင်းတွေနားထောင်ခြင်းဟာ စိတ်ကို ငြိမ်းချမ်းစေပြီး ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ ဖြစ်စေတယ်လို့ လေ့လာချက်က ထောက်ပြပါတယ်။
ဥပမာအားဖြင့် အဆိုတော် Adele ရဲ့ Hello သီချင်းဟာ ကြေကွဲဖွယ်ကောင်းတဲ့
အဆွေးသီချင်းဖြစ်ပေမယ့် လူတွေရဲ့စိတ်ကို ညစ်ညူးမှိုင်းပျသွားစေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဂျာမနီဘာလင်တက္ကသိုလ်က တာရက်ဖ်ဖီနဲ့ ခိုလ်ဆာ့ခ်ျတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်တုန်းက ဒီလေ့လာချက်ကို ပြုလုပ်ဖူးပါတယ်။ လူပေါင်း ၇၇၀ ကို မေးမြန်းထားတဲ့ လေ့လာချက်အရ
အဆွေးသီချင်းတွေ နားထောင်ခြင်းဟာ ကြင်နာသနားတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကို
ပိုရလာစေတယ်လို့ သိရပါတယ်။ ဝမ်းနည်းချိန်မှာ အဆွေးသီချင်း နားထောင်တဲ့အခါ
တကယ်တမ်းအားဖြင့် ပိုလို့တောင် စိတ်က ပြန်လည်ကြည်နူးဆန်းလာတတ်တယ်လို့
ဆိုပါတယ်။
Credit : duwun

No comments:
Post a Comment