ည နေ ခင်း ဟာ
အ၀တ် အစား ပက်စက်တဲ့ မိန်းမ တစ် ယောက် လို
ပျော့ တိ ပျော့ ဖတ် နဲ့ ...
ကပိုကရို
လျှပ် ပေါ် လော် လီ လွန်း တယ် ... ။
မြင် မြင် သ မျှ
အ မှောင် တစ် ခြမ်း အလင်း တစ် ခြမ်း နဲ့
ခ ရမ်း ရောင် ပန်း တွေ ပွင့် တဲ့ ....
. ညနေတိုင်းကို
အ မှောင် က တိုး ဝှေ့ တိုက် စား
တ ရွေ့ ရွေ့ ... တွား သွား တတ် တဲ့ ... သတ္တ၀ါတစ်ကောင်လို
စိတ် ဓာတ် ကျခြင်း က ငါ့ ကို ဓား နဲ့ ... ထိုး တယ်။
တိတ် တိတ် နေ စမ်း ပါ
စိတ် ဓာတ် ကျခြင်း ရဲ့ ... အ သံ က
တ ကျူတ် ကျူတ်နဲ့ .... ကျယ် လောင် လွန်း တယ် ... ။
အိမ် ပြန် ချင် လဲ ပြန် တော့
လမ်း အ ဟောင်း ကို ပဲ
ခြေ ထောက် အ ဟောင်း နဲ့
လျှောက် ခဲ့ ပေ မယ့်
ခြေလှမ်းက အသစ်ဖြစ်ရမယ် ... ။
ဆို ရိုး အ ဟောင်း တွေ ကို
ပါး စပ် အဟောင်း နဲ့ .
. ပြော ဆို နေ ပေမယ့်
အ သံ က အ သစ် ဖြစ် တယ် ... ။
စိတ် ညစ် တယ် ...
အ သက် ရှူ လို့ ... မ ၀ ဘူး
တ နေ့ ပြီး တနေ့ ကုန် လွန် သွား တဲ့ ရက်စွဲတွေကို အားနာတယ်
မနေ့ က ဘာ လဲ
မနက်ဖြန် ဘာ လဲ
မ နေ့ က မျှော်လင့် ထား တာ ဒီနေ့  .. ဖြစ်မလာရင်
မနက်ဖြန် ရော ဖြစ် နိုင်ပါ့ မ လား ။
အဆင်မပြေတာ
ကိုယ်တစ်ယောက်တည်းတော့ ... မဟုတ်ဘူး
ဒါပေမယ့် ... ကိုယ်တစ်ယောက်တည်းလိုပဲ
ကံကောင်းခြင်း ကံဆိုးခြင်းဟာ
ကြမ်းတစ်ပြေးတည်းဆိုရင်
ငါ့ ဘက် က ကြမ်း ကို အ သစ် ပြန် ခင်း ရ လိမ့် ဦး မယ် ..။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+မိုဃ်းဝေ+

No comments:
Post a Comment