Friday, February 19, 2016

=လူထုကျန်းမာရေး(Cholestrol လျှော့ချလိုပါသလား)=

**Public Health** 
(တန်ဘိုးနည်းဝန်ပါ နည်း)
ကိုလက်စထရော(သွေးကြောတွင်းအဆီ)သည်ပိန်ခြင်း။ဝခြင်းနှင့် မဆိုင်။ထိုဓါတ်များလွန်းနေပါက သွေးတိုး။နှလုံးရောဂါ များဖြစ်နိုင်သ ဖြင့် လူတိုင်း ချလိုကြသည်။ ထိုဓါတ်ကျစေရန် ဆေးအမျိုး မျိုး။တန်ဘိုးကြီးနင်္ဂါးမောက်သီးအ ပါအဝင် သစ်သီးများကိုဝယ်ယူစားသောက်ကြရ သဖြင့်ကုန်ကျမှု များပြားပါသည်။ နင်္ဂါးမောက်သီးနှင့်ပါတ်သက် ၍ အမှတ်တရလေးရပါ။နှစ်အတော်ကြာပါပြီ။သီလရှင် ကျောင်းတခုသို့ရောက်သွားပြီးဆရာကြီးနှင့် စကားပြောနေစဉ်သီလရှင်လေးမှ ထန်းသီးကင်းသာသာရှိ နီရဲရဲ အသီး တလုံးအားယူသွားကာ ခွဲစိတ်ပြီး လာချပါသည်။ ဆရာကြီးက များများစားပါ။ ယိုးဒယားကပြန်လာတဲ့ ဒဂါကြီးလာ လှူ တာ။မြန်မာငွေဆို ၂၀၀၀ိ ကျော်တယ်။ကိုလက်စထရော တအားကျတယ်။ နင်္ဂါးမောက်သီး။ မြင်ရတာကတော့ နှမ်းအမဲ စေ့လေးတွေမြှုတ် ထားသလိုဘဲ။ မကြားဘူး မမြင်ဘူးပါ။စားကြည့် တော့ သိပ်မကြိုက်။ မြန်မာမှာ မစိုက် ကြသေးတဲ့ အချိန်ပါ။ (လူအများက သီလရှင်မှန်သမျှ ကို ဆရာလေးဟုခေါ်ဝေါ်ကြသော်လည်း ကျောင်းထိုင်ကိုဆရာကြီးဟုခေါ်ရ သည်။ကျောင်းထိုင်ကိုဆရာလေးဟု သုံးနှုန်းမိလျှင် အစားကောင်းနှင့် ဧည့်ခံမည်မဟုတ်) ဆေးစရိတ် ကုန်ကျများမည့် မည်မဟုတ်ဘဲ တန်ဘိုးနည်း ဝန်ပါနည်းက ကွမ်းရွက်ကို ထုထောင်း။ အရည်ကိုစတီးဇွန်းတဇွန်းစာ ရ အောင်ညှစ်။တကြိမ်သောက်။ တရက်ကို(၂)ကြိမ်သောက်ပါ။ (၇)ရက်ဆက်တိုက်သောက်ပါ။ ဆေးရည်သောက်ပြီးဆေးပြန် စစ်ပါ။မူလစစ်ထားသည်ထက် ကိုလက်စထရောများကျသွားပြီး ပုံမှန်ဖြစ်သွားသည်ကိုတွေ့ရမည်။

 (ဒေါက်တာ ဗမော် Gold Medalist ၏ လက်တွေ့သုသေသ န ပြု မှတ်တမ်းမှ)

No comments:

Post a Comment