Tuesday, March 8, 2016

=မရယ်ရတဲ့မိတ်ဆွေ=

အစိမ်းရောင်တွေ ဖိတ်တစ်ဝက်စင်တစ်ဝက်နဲ့ မခေါ်မပြောညနေ
အသံထွက်သိပ်မကောင်းတဲ့ အဖြူရောင် မေတ္တာတရား
(အရိုးတော့ သတိထားရလိမ့်မယ်)
စာလုံးပေါင်းတွေ ပြွတ်သိပ်မှားယွင်းနေတဲ့ ရှေ့ဖြစ်ဟောဖန်လုံးတစ်လုံး …
 တစ်နေ့စာ နေကတော့ စုန်းစုန်းမြုပ်သွားခဲ့ပြီ ………

တံတားတွေကို ဖျက်ပစ်လိုက်ပြီ
 ကောင်ကင်ထိ မရောက်မှတော့ ဘာလုပ်မှာလဲ သူတို့ ကျောခင်းပေးထားရတာ တောင့်တင်းနေကြလိမ့်မယ်
 … ကြယ်တွေကို ကမ်းစပ်မှာ လျှောက်ကောက်နေခဲ့မိတာလည်း
 တော်တော်တောင် ရနေခဲ့ပြီ

တချို့အချွန်အတက်တွေ စူးတတ်မှန်းသိတာကလွဲရင်
အဆိပ်တက်နေမှန်း မသိသေးဘူး ..
 ဒီ ဒုလ္လဘကြီးကိုက ရူးရူးနှမ်းနှမ်း ပျော်ပစ်လိုက်ဖို့ ကောင်းလွန်းပါတယ် .. သွက်သွက်လည်နေတဲ့ နေ့ရက်တွေကို ဘာလို့ ငေးကြည့်နေတော့မလဲ … ကိုယ်ခံအားလေး ကောင်းနေတဲ့နေ့ထိတော့
သင်လည်း အလိုက်သင့် ကခုန်နေနိုင်တာပဲ
 ကိုယ့်ငရဲကိုယ် တွင်းဆုံးထိ သိပြီးမှတော့
 ပြည်ဖုံးကားက ဘယ်အချိန်ကျကျပဲမဟုတ်လား
 ခဏလောက်ဖြစ်ဖြစ် အဲဒီညနေခင်းကို ဖြူပေးလိုက်စမ်းပါ
ဘုရားသခင် ကြားခွင့်ရှိတဲ့အခိုက်မှာတော့
 မေတ္တာတရားတစ်ခုနဲ့ပဲဖြစ်ဖြစ် လုံခြုံခဲ့လိုက်ချင်သေးတယ် ကိုယ့်သတ်ပုံကိုယ်စစ်ရမယ့် ရှေ့ဖြစ်တရားတွေအတွက်တော့
အဲဒီဖန်လုံးကိုရိုက်ခွဲပစ်လိုက်ပြီ
ဒီမှာ .. ဒီကဗျာအစ အဆုံး ရယ်စရာ တစ်လုံးမှ မပါဘူး …။ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

+မနော်ဟရီ+


No comments:

Post a Comment