Tuesday, March 8, 2016

=မယူလိုက်က မိုက်လို့ထင်... ယူလိုက်ပြန်က ကြိုက်လို့ထင်=.

ကြားဖူးကြမလားမသိဘူး. စာဆိုတော်မယ်ခွေဆိုတာလေ.။ သူ့ကဗျာလေးတစ်ပုဒ် ကျွန်တော် ပြန်ရေးပြမယ်နော်. သိသူတွေလည်း သိပြီးရောပေါ့.။.

 ဆေးတံညို တညိုလောက်... ရော့သောက်တော့ပေး...
 မယူလိုက်က မိုက်လို့ထင်... ယူလိုက်က ကြိုက်လို့ထင်..
. သောက်စေချင်.. ကုတင်တွင်ထောင်ခဲ့ကွယ့် ညိုနွဲ့ရဲ့လေး........

လှလိုက်တဲ့ ကဗျာလေးဗျာ. နော်. ရှေးခေတ်က လူပျိုကာလသားတွေ လူပျိုလှည့်တော့ အပျိုလေးတွေအိမ်ကိုသွားကြတာပေါ့ဗျာ. အဲဒီ့မှာ ဇာတ်လိုက်မလေးရဲ့ ဆီးခရစ်အက်ဒမိုင်းယား ကာလသားချော နေထက်လင်း ((အဲလေ.) ယောင်လို့. ရွာတွေမှာ သူ့ကိုကြိုက်ကြတယ်ဗျ. ဤကားစကားချပ်။) ပြန်ဆက်မယ်ဗျာ. အဲဒါနဲ့ ကာလသားချော ကိုလူပျိုက ဆေးတံကို အထာနဲ့လှမ်းပေးသတဲ့.. ယူလိုက်ပြန်ရင်လည်း သူ့ကို ကြိုက်နေတယ်လို့ ထင်ရော့မယ်. မယူလိုက်ပြန်ရင်လည်း သူ့ကိုမကြိုက်ပါဘူးဆိုပြီး လက်လျှော့နောက်ဆုတ်လို့ နောက်တစ်ယောက်ဆီ ချဉ်းကပ်ရင် ကိုယ့်အမှားဖြစ်ရော့မယ်. ကဲ. မောင်ကြီးရယ်... သောက်စေချင်တယ်ဟုတ်... ကုတင်နားမှာ ထောင်ခဲ့ပါလားရှင်ရယ်လို့... အပျိုမလေးက ပြန်ပြောတဲ့ အခန်းလေးကို ကဗျာလေးစပ်ထားတာပါ. ငယ်ငယ်တုန်းက လှစ်ခနဲ အမှတ်တမဲ့ဖတ်လိုက်ရတယ်. ကြိုက်ခဲ့ပါတယ်. ကြီးလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ရာက ဒီည ဖတ်ဖြစ်တဲ့ စာပိုဒ်လေးထဲမှာ အဲဒီ့ကဗျာလေးလည်းပါလာရော... ဘလော့ဂါ အင်စတင့် (Blogger Instinct) က ဟုန်းခနဲ ထတောက်ပါလေရောလားဗျာ... .......... ကြည့်ပါလား.. ရေးထားတာလေးကိုက အထာလေးနဲ့. မသိရင် ဘလော့ဂါကာလသားတွေအားလုံးကိုပဲ ဆိုလိုသလိုလိုနဲ့. ရင်ခုန်သံ စက်သေနတ်ပစ်တယ်ဆိုတာ အဲလိုမျိုးပေါ့. ဘယ်သူထိထိ ထိချင်တဲ့သူထိဆိုပြီး အထာလေးနဲ့ ရေးထားတာ. ကော်မန့်သွားရေးပြန်ရင်လည်း သူ့ကိုကြိုက်လို့ ထင်တော့မယ်. မရေးပြန်ရင်လည်း သူ့ကို ဂရုမစိုက်ပါဘူးဆိုပြီး အပြစ်တင်ရော့မယ်. အဲဒီ့ဘလော့ဂါဇာတ်လမ်းလေးတစ်ပုဒ်ကို ကျွန်တော် ကိုရေခဲငှက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုလေး စပ်ပြတယ်ဗျ.. ပို့စ်တင်ခါ အသာတို့ ... ဖတ်ဖို့သူပေး... ကော်မန့်ရေးက ခိုက်လို့ထင်.. မရေးပြန်က မိုက်လို့ထင်... ရေးစေချင်...ကုတင်မှာထောင်ခဲ့ကွယ့်. (အဲလေ..မွှားသွားလို့) ရေးစေချင်...ပြင်ဆင်ပါ မော်ဒရိတ် တိုးတိတ်တိတ်လေး.... အဟေးးဟေးး... (အဲဒါကတော့ ကိုရင်ညိမ်းကြီးရဲ့ လက်သုံးရယ်သွမ်းသွေးသံပေါ့. ဘရိတ်အုပ်လိုက်တာပါ..) ကောင်းသောညပါ မိတ်ဆွေတို့... ဂွတ်နိုက်နော် မ... (လွမ်းနေမယ်. အိပ်မက်ထဲထိ.) (လောလောဆယ် ကျွန်တော်အတည်ပေါက်တွေ ရေးလို့ မရသေးလို့ပါ. ခွင့်လွှတ်နော် မ.) အာဘွားးးး 

။။။။။။။။။။။။။။။။။။။။။။။။။ 

+ရန်အောင်+

No comments:

Post a Comment