**Public Health**
ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးကလီစာဟာ အသည်းဖြစ်တဲ့အလျောက် သက်ရှိသတ္တဝါတို့ကျန်းမာရေးအတွက် သူကအရေးပါအရာ ရောက်ဆုံးပါပဲ။ အသည်းမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတဲ့အခါ ၄၈ နာရီအတွင်း ဆဲလ်နဲ့ တစ်သျှူးများအားလုံးထိ ကူးစက်ပျံ့နှံ့မှုနှုန်း မြန်ဆန်လှ၍ အမြန်ဆုံးဆေးဝါး ကုသမှု ခံယူသင့်ပါတယ်။ ခန္ဓာကိုယ်အတွက်မရှိမဖြစ်အသည်းကျွန်မတို့ နိစ္စဓူဝမျိုချလိုက်သော အစား အသောက်ထဲမှာပါလာတဲ့ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ သံဓာတ်တွေကို အသည်းက သို လှောင်ပေးထားတဲ့အပြင် သွေးထဲမှာ ဂလူး ကို့ စ် ပမာဏ ကျနေတဲ့အခါ သွေးကြောထဲကို ဂလူးကို့စ် အချိန်မီချပေးနိုင်ရန်အတွက်ကို လည်း အသည်းက အဆင်သင့်သိုလှောင်ပေးထားပါတယ်။ ဒါ့ပြင် အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်အတောက်ပြေစေခြင်း သွေးမကျဲစေရန် သွေး ခဲပေးခြင်း၊ သည်းခြေရည် စစ်ထုတ် ပေးခြင်း စသည့် ခန္ဓာကိုယ်တစ်ခုလုံး အတွက် အရေးကြီးတာဝန်များကို လုပ်ဆောင်ပေးတာမို့  အကယ်၍ အသည်းသာ ပျက်စီးခဲ့ရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတာကြောင့် မပေါ့ဆသင့်ပါဘူး။
+++အသည်းရောဂါ အမျိုးအစားများမှာ+++
(၁) အသည်းကြီးခြင်း (၂) အသည်းရောင်ခြင်း (၃) အသည်းကြွပ်ခြင်း (၄) အသည်းမာခြင်း
(၅) အသည်းခြောက်ခြင်း (၆) အသားဝါခြင်း (၇) အသည်းအနာဖြစ်ခြင်း
(၈) အသည်းအကျိတ်တည်ခြင်း (၉) အသည်းပိုးဝင်ခြင်း (၁ဝ) အသည်းအဆီဖုံးခြင်း
စသည်တို့ဖြစ်ပါတယ်။
+ ပေါက်ပေါက်+

No comments:
Post a Comment