Tuesday, March 1, 2016

=တန်းစီဇယားကိုဆက်လက်ဦးဆောင်မယ့်လက်စတာ၊ အိမ်ကွင်းမှာနိုင်ပွဲရှာဖွေမယ့်မန်ယူ=

ဒီတစ်ပတ်ကြားရက်ဖြစ်တဲ့  မတ် ၂ ရက်နဲ့  ၃ ရက်တွေမှာ ပရီမီယာလိဂ် ပွဲစဉ်(၂၈)ကို ကစားဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်မှာအသင်းကြီးတွေဖြစ်တဲ့  မန်ယူ နဲ့  အာဆင်နယ်တို့ က အိမ်ကွင်းတွေမှာလက်ခံကစားရမှာဖြစ်ပြီး လီဗာပူးနဲ့  မန်စီးတီး တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်ရင်ကို လှုပ်ခတ်စေဦးမှာ ဖြစ်ပါတယ်။ လက်စတာတို့ က အိမ်ကွင်းမှာဝက်စ်ဘရွန်းကို ဧည့် ခံရမှာမို့ အမှတ်ပြည့်ယူပြီး တန်းစီဇယားကို ဆက်လက် ဦးဆောင်ဦးမှာသေချာနေ ပြန်ပါတယ်။


 **မန် ယူ နှ င့်  ၀က် ဖို့  ဒ်**
နိုင်ပွဲ ပြန်ရနေတဲ့ မန်ယူတို့ လည်း ပရီမီယာလိဂ်မှာရလဒ် ကောင်းအောင် ပြန်လည်ရှာဖွေတော့မှာဖြစ်ပါတယ်။ မန်ယူရဲ့  နောက်ဆုံးကစားခဲ့ တဲ့  လေးပွဲ ရလဒ်ကိုကြည့် ရင် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားပြီးယူရိုပါလိဂ်မှာမစ်ဂျယ်လန်အသင်း ကို ငါးဂိုးအထိ သွင်းယူခဲ့ တဲ့  မန်ယူရဲ့  အားထုတ်မှုတွေက ပြန်လည်ရုန်းထနိုင် မယ့် အနေအထားပါပဲ။ မန်ယူတို့က ဒဏ်ရာရ ကစားသမားတွေ များနေပေ မယ့် လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်က ခြေစွမ်းပြ ဂိုးသွင်းနိုင်နေတာမို့ အိုးထရက်ဖို့ ဒ်ကွင်း မှာတော့ နိုင်ပွဲရလဒ်ကို မန်ယူတို့ပဲ ဆုပ်ကိုင်အောင်ပွဲ ခံသွားမှာပါ။


& nbsp;**လီဗာပူးနှင့်  မန် စီးတီး**
ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံခဲ့ တဲ့ ပွဲရလဒ်ကိုကြည့်ရင် တော့ မန်စီးတီး ကွင်းမှာလီဗာပူးက လေးဂိုး-တစ်ဂိုးနဲ့  ပြတ်ပြတ်သားသား နိုင်ပွဲရထားပါ တယ်။ လီဗာပူးရဲ့  လက်ရှိကစားအားကိုကြည့် ရင် အတက်အကျရှိနေပေမယ့် ပုံစံကောင်းတော့ပြန်ရနေပါတယ်။ မန်စီးတီးတို့ က ချယ်လ်ဆီးကို ငါးဂိုး-တစ် ဂိုးနဲ့  ရှုံးပြီး စပါးကိုလည်း နှစ်ဂိုး-တစ်ဂိုးနဲ့  ရှုံးထားတာမို့  ဒီပွဲမှာအဝေးကွင်း ဆိုပေမယ့်  နိုင်ပွဲပြန် ရှာဖွေပါလိမ့် မယ်။ ဒါပေမယ့်  အိမ်ကွင်းဖြစ်တဲ့  လီဗာပူး ကို ကျော်ဖြတ်ဖို့ ဆိုတာ မန်စီးတီးတို့  လွယ်ကူမှာတော့ မဟုတ်ပါဘူး။
** နော့ ၀ှ စ်ခ်ျ နှ င့်  ချယ်လ် ဆီး**


 ရလဒ်တွေ ဆိုးရွားနေတဲ့ ကြားက ပြန်လည်နိုးထလာတဲ့  ချယ်လ်ဆီးက အခု တလော ရလဒ်ကောင်းတွေကို ပြန်လည် ဆောင်ကြဉ်းနေပါတယ်။ မန်စီးတီး ကို ငါးဂိုး-တစ်ဂိုးနဲ့  အနိုင်ယူခဲ့ တဲ့ အတွက် ချယ်လ်ဆီးတို့  စိတ်ဓာတ်အမြင့် ဆုံး ရောက်ရှိနေတာမို့  ဒီပွဲမှာလည်း နော့ဝှစ်ခ်ျကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲရအောင် ဖော်ဆောင်ပါလိမ့်မယ်။ နော့ဝှစ်ခ်ျတို့ကတော့ လောလောဆယ် သုံးပွဲ ကစားခဲ့ တဲ့ ရလဒ်ကိုကြည့် ရင် နိုင်ပွဲ တစ်ပွဲမှ မရခဲ့ ပါဘူး။ ချယ်လ်ဆီးရဲ့  လိုအပ် နေတဲ့  အမှတ်တွေ ကို ဒီပွဲမှာသုံးမှတ်အပြည့်  စုဆောင်းနိုင်ပါလိမ့် မယ်။


 **အာဆင်နယ် နှင့်  ဆွ မ်ဆီး**

 ဆွမ်ဆီးတို့က အာဆင်နယ်ကို ကောင်းကောင်းအခက်တွေ့စေနိုင် တဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာလည်း ခြေစွမ်းပြနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါ တယ်။ ပွဲကျပ်တွေ ဆက်တိုက်ဆင်နွှဲနေရတဲ့  အာဆင်နယ်တို့ ကတော့ အခုပွဲ အိမ်ကွင်းဖြစ်တဲ့အပြင် တန်းစီဇယား ထိပ်ဆုံးကို ပြန်လည်စိုးမိုးရေးအတွက် အမှတ်လိုအပ်နေတာမို့  ဒီပွဲကို အနိုင်ကစားပါလိမ့် မယ်။ အာဆင်နယ်တို့ က နောက်ဆုံးသုံးပွဲ ကစားခဲ့ တဲ့ ရလဒ်ကို ကြည့် ရင် ရှုံးပွဲမရှိခဲ့ တာမို့  အခုပွဲမှာလည်း အောင်ပွဲခံ ဦးမှာပါ။ 




**လက် စတာနှ င့် ၀က် စ်ဘရွန်း**
ဒီနှစ်သင်းရဲ့  နောက်ဆုံးတွေ့ ဆုံခဲ့ တဲ့ ရလဒ်ကိုကြည့် ရင် လက်စတာတို့ က အဝေးကွင်းမှာ နိုင်ပွဲရထားပါတယ်။ ဒအာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကို ရှုံးခဲ့ လို့  တန်းစီဇယားကို ဆက်လက် ဦးဆောင်ရေး အမှတ်လိုအပ်နေတဲ့  လက် စတာတို့ ဟာ အိမ်ကွင်းလည်းဖြစ်တာမို့  တိုက်စစ်ဖွင့် ကစားပါလိမ့် မယ်။ ၀က်စ်ဘရွန်းတို့ အတွက်တော့ ဒီပွဲဟာ အမှတ်ဗလာနဲ့  အိမ်ပြန်ရမယ့်  ကိန်းပါပဲ။ 


 **၀က်စ်ဟမ်းနှင့်  စပါး**

 ခရစ်္စတယ်ပဲလေ့စ်၊ ဖီအိုရင်းတီးနားနဲ့  မန်စီးတီးအသင်းတွေကို ဆက်တိုက် နိုင်ပွဲရယူထားတဲ့  စပါးအသင်းဟာ အခုပွဲ အဝေးကွင်းဆိုပေမယ့်  ၀က်စ်ဟမ်း ကို အနိုင်ရအောင် ကစားပါလိမ့်မယ်။ ဒါပေမယ့်  ၀က်စ်ဟမ်းရဲ့  အားသာချက်က အသင်းကြီးတွေနဲ့ ကစားတိုင်း ရလဒ်ကောင်းကို ရအောင် ယူနိုင်တဲ့ စွမ်းဆောင်ရည်ရှိတာမို့  စပါးတို့  သတိထားရပါ လိမ့် မယ်။ ဒီပွဲက လန်ဒန်ဒါဘီ ဖြစ်လို့  အိမ်ရှင်ဝက်စ်ဟမ်းရဲ့ အားထုတ်မှုဟာ အနိမ့် ဆုံးတစ်မှတ်တော့ ရပါလိမ့် မယ်။


 **ဘုန်းမောက် နှ င့်  ဆောက်သမ် တန်**

 ပုံမှန်ခြေစွမ်းပြန်ရနေပြီဖြစ်တဲ့  ဆောက်သမ်တန်တို့ လည်း ဒီပွဲမှာအမှတ် ပြည့် ရယူရေး ကြိုးစားပါလိမ့်မယ်။ ခြေစွမ်းကျဆင်း နေတဲ့  ဘုန်းမောက်ကို အဝေးကွင်းဆိုပေမယ့်  ဆောက်သမ်တန်တို့  ဂိုးပြတ်သွင်းပြီး အောင်ပွဲခံဖို့  ရှိ နေပါတယ်။ ဘုန်းမောက်တို့  မျှော်လင့် ချက်ထားလို့  မရတဲ့ ပွဲဖြစ်ပါတယ်။ ။


 +မိုးမြင့်လင်းလက်+

No comments:

Post a Comment