Tuesday, March 1, 2016

**လမ်း**

ဘ၀တွေက ခါးတယ် ...။
 တခုနဲ့တခုကြား
သဘောထားတွေကလည်း များတယ် ...။

 တဦးနဲ့တယောက်ကြား
 စိတ်ထားတွေလည်း ခြားတယ် ...။

 နားနားပြီးသွား
ပန်းတိုင်တော့ တနေ့ရောက်ရမယ် ...။ 

သင့်တော်ရာတွေ
 သယ်ဆောင်သွားပါ
လိုက်ပါလိုသူတွေ ခေါ်ဆောင်သွားပါ
မလိုက်လို နေလိုက နေပါစေ ...။

 ရွေးချယ်မှုအတွက်
 ရလာဘ်တွေ ရှေ့မှာ ကြိုနေရောပေါ့ ...။ 

ဖြည်းဖြည်းလျှောက်
 မှန်မှန်သွား ခြေလှမ်းတွေ
မထိခိုက်ရအောင် ခလုတ်ကန်သင်းလေးတွေ
ဂရုစိုက်ရှောင်ရှားပေးပါ ...။



 +မိုးခါး+

No comments:

Post a Comment