Thursday, March 31, 2016

မြ၀တီ-မဲဆောက် ကူးတို့ဆိပ်များ ပိတ်ထားသဖြင့် အခက်အခဲဖြစ်

(MOEAF Thai မတ် ၃၁)

ထိုင်း-မြန်မာ နယ်စပ်ရှိ ကူးတို့ဆိပ်များကို ယနေ့ ပိတ်ထားသဖြင့် ထိုင်းဘက်ကမ်းကို မှီခိုကာ လုပ်ကိုင် စားသောက်နေ ကြသော မြန်မဘက်ကမ်းမှ မရှိဆင်းရဲသားများ အခက်အခဲနှင့် ကြုံတွေ့ကြရကြောင်း သတင်းရရှိသည်။ ကရင်ပြည်နယ် မြ၀တီမြို့မှ ထိုင်းဘက်ခြမ်း မဲဆောက်သို့ နေ့စဉ် ကူးသန်းကာ ဈေးရောင်းခြင်း နေ့စား အလုပ်များ သွား ရောက် လုပ်ကိုင်ခြင်း စသည်တို့အပါအ၀င် ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်းအလုပ်သမား များစွာတို့သည် ဤကူးတို့ဆိပ် များမှ တဆင့် နေ့စဉ် ဖြတ်သန်းသွားလာနေကြသောကြောင့် ယခုကဲ့သို့ ရုတ်တရက် ပိတ်ထားလိုက်သဖြင့် အခက်အခဲ ကြုံရကြောင်းကို ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဥက္ကဌ ဦးမိုးကြိုးက ´ဒီနေ့ နယ်စပ်က ကူးတို့ဆိပ်တွေ အားလုံးနီးပါး ပိတ်ထားတယ်။ ဇီးတောဂိတ်တခုဘဲ ဖွင့်ထားတယ်။ ဒါကြောင့်မို့လို့ မဲ ဆောက်ကို မှီခို စားသောက်နေကြရတဲ့ မြ၀တီဘက်က မရှိဆင်းရဲသား မြန်မာလူမျိုးတွေ အခက်အခဲ ကြုံကြရတယ်။ ဒီလို ကုတို့ဆိပ်တွေကို ပိတ်လိုက်ရတဲ့ အကြောင်းရင်းက ဒီနေ့ ကူးတို့သမားတယောက်က သေနတ် မိုးပေါ်ထောင် ပစ်လိုက် လို့။ အဲဒါကို ထိုင်းဘက်က မကြိုက်လို့ ပိတ်လိုက်တာဖြစ်တယ်ဆိုပြီး ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ အသိုင်းအ၀ိုင်းထံက သိရတယ်´ ဟု ဆိုသည်။  

ယခုအခါ သင်္ကြန်နီးလာသဖြင့်ထိုင်းနိုင်ငံအတွင်းပိုင်းမှ မြန်မာအလုပ်သမား
 မြောက်များစွာတို့ကလည်း နေရပ်ကိုစတင် ပြန်လျက်ရှိကြရာ ကူတို့ဆိပ်များကို ပိတ်လိုက်ခြင်းက များစွာ 
ဒုက္ခရောက်ရကြောင်းကိုလည်း သူက ယခုကဲ့သို့ ထပ်ပြောပြသည်။ ´ဒီအချိန်က အလုပ်သမားတွေ မြန်မာပြည်ကို ပြန်ကြတာ များတယ်လေ။ သင်္က်ြန်နီးပြီမဟုတ်လား။ တံတားပေါ်က တရားဝင် ဗီဇာထုပြန်မယ်ဆိုရင် ဘတ် ထောင်နဲ့ချီ ကုန်တယ် ဗျာ။ ဒါကြောင့် အတော်များများက လှေနဲ့ကူးကြတာ။ စရိတ်ကလည်း အများကြီး ကွာတယ် မဟုတ်လား´ မဲဆောက်-မြ၀တီချစ်ကြည် ရေး တံတားကြီးပေါ်မှ တရားဝင်ကူးသွားလျှင် ဘတ် ထောင်ချီကုန်ကျမည်ဖြစ်သဖြင့် ဘတ် ၃၀ သာပေးရသော ကူးတို့နှင့် ကူးကြခြင်း ဖြစ်ကြောင်း သူကဆိုသည်။ ထို့ပြင် သူက ´ဒါပေမယ့် ထိုင်းဘက်ကဖြစ်ဖြစ်၊ မြန်မာဘက်ကဖြစ်ဖြစ် စိတ်မထင်ရင် မထင်သလို အခုလိုခဏလေးပိတ်လိုက်၊ပြီးတော့ ရက်ပိုင်းပဲကြာပြီး ပြန်ဖွင့်လိုက်နဲ့ အပေးအယူလုပ်တမ်း ကစားနေတာကြာခဲ့ပြီမို့  မဲဆောက်နဲ့ မြ၀တီက အကြောင်းသိ တွေက ရိုးနေကြပါပြီ။ အခုပိတ်တာလည်း ခဏပဲကြာမှာပါ´ ဟု နယ်စပ်ဒေသမှ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောကိုလည်း ပြောပြသွားသေးသည်။

No comments:

Post a Comment