Friday, April 1, 2016

=လူထုကျန်းမာရေး(လည်ပင်းနာ အသံဝင်နေခြင်း)=

+Public Health+ -

-အဖြစ်များရခြင်းမှာ-
အပူအအေးဥတုအပြောင်းအလဲဖြစ်ခြင်း ရေခဲရေ အသောက်များခြင်း အအေးပတ်ခြင်း လေထုအတွင်းမှဖုံသဲများရှုရှိုက်မှု့များခြင်း ပင်ပန်းနွမ်းနွယ်နေခြင်းတို့ကြောင့်အဖြစ်များရပါသည်။
တစ်ချို့ဆိုလျက် အာသီးရောင်ပါ ဖြစ်တက်ပါသည်။ ထိုသို့ဖြစ်ပါက လည်ပင်းတွင် ခြောက်ကပ်ကပ်ဖြစ်ပေါ်ခံစားနေရသလို အဖျားပါ ဖြစ်လာနိုင်ပါသည်။  


-ရှောင်သင့်ပါသည်-

 ရေခဲရေသောက်ခြင်း ၊ အချိုရည်သောက်ခြင်း ၊ ဆီကြော်စာစားခြင်း ၊ ဖုံထူထပ်ပြီး လူသွားလူလာများသည့်နေရာများရှောင်ပါ။

 -လုပ်ဆောင်သင့်သည်မှာ-

 ရေနွေးအဖြူမပူမအေးအနေထားကို ဆားအနည်းလေးပါထည့်ပြီး မကြာခဏ ငုံငုံပေးပါ ။ လည်ပင်းတစ်ဝိုက်နေရာကို ပုဝါ သို့မဟုတ် အဝတ်စားအစဉ်ပြေသလို လည်ပင်း မအေးစေရန် ဝတ်ပါ strepsils ဆေးကဲ့သို့ ဆေးပြားလေးကို ငုံပေးပါ ။ အာသီးရောင်နေခြင်းပါပူးတွဲဖြစ်ပေါ်နေပါက antibiotic ဆေးသောက်သင့်ပါသည်ဆိုပေမဲ့ ဖြစ်နေသည့် အနေအထားအတိုင်းအတာအရပြသပြီး တက်ကျွမ်းသူ၏ ပြောပြချက်ဖြင့်သာ သောက်သင့်ပါသည်။ 

အသက်ရာကျော်ရှည်ပါစေ 

+Mg Mandalay+

No comments:

Post a Comment