Thursday, March 31, 2016

=လူထုကျန်းမာရေး("ကြာကြာထိုင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ")=

+Public Health+ 
၁ - အကြာကြီးထိုင်ခြင်းဟာ အစာခြေဖျက်မှုကို နှေးကွေးစေပါတယ်။ စားပြီးပြီးချင်းထိုင်တာကြောင့်လည်း အစာခြေဖျက်မှု စနစ်ဟာ ပိုမိုနှေးကွေးသွားပါတယ်။
၂ - လည်ပင်း၊ ကြောရိုးနဲ့ ပခုံးတွေကို နာကျင်စေပါတယ်။ အချိန်ကြာကြာထိုင်လေ ခန္ဓာကိုယ်ပုံစံဟာ ညွတ်ကျသွားလေဖြစ်ပြီး ပုံသဏ္ဌာန်ပျက်သွားပါတယ်။
  ၃ - အထိုင်များခြင်းဟာ သွေးလည်ပတ်မှု အားနည်းခြင်း၊ အရိုးတွေအားနည်းခြင်းနဲ့ စတဲ့ပြဿသနာတွေကို ဖြစ်စေပါတယ်။ 
၎ - ကြွက်သားတွေ အားနည်းလာပါတယ်။ လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကြွက်သားတွေ မာကြောခြင်းမရှိဘူးဆိုပေမဲ့ ကွေးလွယ် ညွတ်လွယ်ရှိပါတယ်။ အထိုင်များရင်တော့ ဒီလို မဟုတ်တော့ပါဘူး။

= ရှောင်ရန်နည်းများ=

၁ - ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။ 
၂ - သွားမယ့်နေရာရဲ့ ဝေးဝေးမှာ ကားရပ်တာ၊ ဝေးတဲ့မှတ်တိုင်မှာ ဆင်းတာမျိုးတွေ လုပ်ပြီး လမ်းလျှောက် ပါ။ 
၃ - လက်တင်မပါတဲ့ ခုံမှာ ထိုင်ပါ။ ဒီလိုခုံတွေက သင့်ကို ပိုပြီး မတ်မတ်ထိုင်စေပါတယ်။
 ၄ - ၁ နာရီထိုင်ပြီးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပါ။ 
၅ - နေ့လည်စာစားပြီးတိုင်း လမ်းလျှောက်ပါ။ ကော်ဖီဆိုင်လမ်းလျှောက်သွားတာမျိုး အကျင့်လုပ်ပါ။ 


Credit : Duwun

No comments:

Post a Comment