Wednesday, March 30, 2016

=" ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်." (သရဲတစ္ဆေ ကဏ္ဍ)=

ကျနော့် အတွက် ကိုယ်ရံတော် လို့ပဲခေါ်မလား.. သူတော်ကောင်း သရဲမ လို့ပဲခေါ်မလား..။ အဲ တစ်ခုသေချာတာကတော့ ကျနော့် ကိုတော့ ကောင်းကျိုးပေးတာပဲ..။အရင်တုန်းက ကျနော်တို့ မန်းလေးမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖူးပါတယ်..။ စဖွင့်တုန်းက ကျနော်တောင် အသက် ငယ်ငယ်လေးပဲရှိသေးတယ်.. စားသောက်ဆိုင်ဆိုပေမဲ့ ဘီယာပါတွဲရောင်းတဲ့ ဆိုင်ပေါ့.. အဲ...လွယ်လွယ်ကူကူ ဘီယာဆိုင်ပေါ့ဗျာ..။ အခု.. ကျနော် အသက် ၁ရ ကျော်လို့ ၁၈ ထဲဝင်လာပါပြီ.. ဒါပေမဲ့ ဒီအိမ်မက်ကို ကျနော့် အသက် ၆နှစ် ၇နှစ်ထဲက မက်တာပါ.. ဒီလို၁၀နှစ်ကျော်လောက်ကြာတဲ့အိပ်မက်ကိုပြန်မှတ်မိတာတော့ တော်တော်ထူးဆန်းတယ်ဗျ..။ ကျနော်မှတ်မှတ်ရရ အဲ့ညက လေတွေမိုးတွေကြီးနေတဲ့ည.. ။ အခုထိစဉ်းစားရင်အသေးစိပ်ကိုမှတ်မိတယ်.. ။ ဘယ်သူတွေပါတယ်ဆိုတာ...။ ကျွန်တော်တို့မိသားစုမှာ ကျနော်ရယ် မေမေရယ် ဖေဖေရယ် ကိုကိုရယ် ဘွားဘွားရယ် ရှိတယ်.. အဲ မေမေ့ ညီမ တစ်ယောက်တော့ရှိတယ်.. သူမှာက သမီး၃ယောက်ရှိတယ်..။ ကျနော်တို့တွေက ဘယ်လောက်ရင်းနှီးလဲ ဆိုရင် ဘယ်သူမေးမေး မောင်နှမ ၅ ယောက်ရှိတယ်လို့ပဲဖြေတာ..။ အဲ့လောက်ကိုရင်းနှီးတာ..။အဲ့နေ့ညက ကျနော်မက်တဲ့အိပ်မက်က ဘယ်လိုလဲဆိုတော့..။ကျနော့် ကို ကျနော့် ဒေါ်လေးက ပွေ့ထားတယ်...။ဘေးကိုလှည့်ကြည့်လိုက်တော့ အမ၂ယောက်နဲ့ ညီမလေးက ဘေးမှာ ရပ်နေတယ်..။ အရှေ့မှာက ဘွားဘွားရယ် မေမေရယ်.. ။ ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့ တော်တော်လေးကိုမှောင်မဲ နေတာပဲ...။ မျက်လုံးကျင့်သားရမှ မေမေ့ကိုလှမ်းမေးလိုက်တယ်.. ။ "မေမေ.. ဖေဖေနဲ့ကိုကိုဘယ်သွားလဲဗျ.. ဘာလို့ဆိုင်ကလဲအဲ့လောက်မှောင်နေတာလဲ ? ""သြော်.. သားတောင်နိုးလာပြီလား... သားဖေဖေနဲ့ ကိုကိုက မီးချောင်းသွားဝယ်တယ်လေ..။မီးတွေအကုန်ကျွှမ်းကုန်လို့လေ.. ။ သားကအိပ်နေလိုက်တာ ညနေကတည်းက အခုမှနိုးတယ်.. ။ အခုည ၃နာရီတောင် ရှိနေပြီ..။ " ည၃နာရီ.. ? ည၃နာရီမှဘာလို့ဖေဖေနဲ့ကိုကိုနဲ့က မီးချောင်းသွားဝယ်ရတာလဲ..? ဘာလို့အားလုံးကလဲ ဘာလို့မအိပ်ကြသေးတာလဲ..?မေးမယ်လို့ပါးစပ်ပြင်လိုက်တော့... ။ " ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်...။ အပြင်မှာ မိန်းမကြီးတစ်ယောက်ရပ်နေတယ်.. ဘယ်သူလဲ.? ဘာလို့အဲ့မိန်းမကြီးက ဆံပင်ကို မျက်နှာအရှေ့ချထားရတာလဲ ? ဘာလို့အဖြူရောင်ဝတ်ပြီး လေပေါ်မှာပျံနေတာလဲ ? ကျနော်ကြည့်ဖူးတဲ့ ကာတွန်းကားထဲက ဟို စူပါမန်းဆိုလား ဘာလား.. ။ အဲ အဲ့လိုအကောင်လား.. ။ ဒါပေမဲ့ ဟိုကာတွန်းကားက အဖြူမဝတ်ပါဘူး..။ ဒါကဘာလဲ ?အဲ့တုန်းက ငယ်ငယ်လေးဆိုတော့ အကုန်လျှောက်တွေးတာ.. ။ ကျနော်မညာဘူး.. ။ ကျနော်အဲ့လောက်ထိကိုအသေးစိပ်မှတ်မိနေတာ..။ တစ်သက်မှာ ဒါမျိုးအိပ်မက် ၂ခါပဲမက်ဖူးတယ်.. ဒါက တစ်ခု.. နောက်တစ်ခုကိုနောက်မှရေးမယ်..။ ထားပါတော့..။ ကျနော်အဲ့လိုစဉ်းစားနေတုန်းမှာ အားလုံးက ကြက်သေ သေသွားတယ်.. "မင်းတို့ထဲက ဘယ်သူကိုငါစောင့်ရှောက်ရမလဲ..? ငါဒီအိမ်မှာနေတဲ့ သူ.. " ဆိုတဲ့ အသံအက်အက်ကြီးက ကြီးစိုးနေတဲ့ အမှောင်ထုနဲ့ အသံထုကို လွှမ်းမိုးသွားတယ်..။ ရုတ်တရက် ကျနော့် ကိုပွေ့ထားတဲ့ဒေါ်လေးက " သားငယ်လေးကို စောင့်ရှောက်ပါ.. သားငယ်လေးကိုလုပ်ပေးပါ " ဆိုပြီးအော်ပြောပြီး ကျနော့် ကို သူ့ခေါင်းအကျော်ကို တင်လိုက်တယ်.. ။ အဲ့ချိန်မှာ အဲ့သရဲမ ဆံပင်တွေက ရုတ်တရက် လေပေါ်ကိုရောက်လာပြီး လေတွေထွက်လာသလိုပဲ ကျနော်ခံစားလိုက်ရတယ်..။စိမ့်ကနည်း ဖြစ်သွားတယ်....။ ရုတ်တရက် သူ့ရဲ့ မျက်နှာပြောင်ကြီး မြင်ပြီး အိပ်ယာ လန့်နိုးလာတယ်..။ ပြီးတော့ ငိုလိုက်တာဆိုတာ တစ်ညလုံးပဲ.. ကြောက်လို့ ပြန်လဲမအိပ်ရဲ.. လူကြီးတွေကို သွားနိုးလဲ ဆူခံရမှာဆိုးတာမနိုးရဲ.. တော်တော်မှတ်မိလိုက်တဲ့တစ်ညပဲ.. စောင်လေးခေါင်းမြီးခြုံလို့ တစ်ယောက်ထဲကြောက်နေခဲ့ရတာ..။နောက်နေ့ကစပြီးလူက ကံကောင်းတာလား ဒါမှမဟုတ် အဲ့သရဲမက ပဲစောင့်ရှောက်လို့လားတော့မသိဘူး..။ ဘာမှကိုမဖြစ်တာလူက.. ။ ဥပမာ ကျနော် ငယ်ငယ်က ရန်ခဏခဏ ဖြစ်တယ်.. အဲ့လို အိပ်မက် မက်ပြီးတဲ့ နောက်ပိုင်းမှာ ရန်ဖြစ်ပြီဆိုရင်ကျနော် နိုင်တာများတယ်... မှတ်မှတ်ရရ ကျနော့် ကို အနောက်ကနေ လူတစ်ယောက် လာရိုက်တော့မယ်ဆိုရင် နားထဲမှာ သူ့အလိုလို " သတိထား...!!! " ဆိုတဲ့ စကားတိုးတိုးလေး ကြားရတယ်.. အဲ့ဆို အနောက်က ကောင်ကလဲ ရုတ်တရက် ခဏရပ်သွားတာတို့ ချော်လဲတာတို့ဖြစ်သွားတယ်. အစကတော့ ကံကောင်းလို့ ပဲလို့ထင်တာပေါ့.. နောက်တော်တော်ကြာမှ မဟုတ်မှန်းသိတာ.. ဘယ်လောက်ထိလဲဆို စာမေးပွဲမှာ စာတစ်လုံးမှမကျက်ဘူး.. ရမ်းဖြေတာတောင် အောင်တယ်.. အကျလို့ကိုထင်တာ.. ပိုးစိုးပတ်ဆက်မကျပါစေနဲ့လို့ပဲ ဆုတောင်းချိန်မှာ စာမေးပွဲတောင်အောင်တယ်.. ကဲ အဲ့လောက် ဆိုတော့ မူမမှန်တော့ဘူးပေါ့နော်.. တော်တော်ကြာကြာ အဲ့လိုပဲနေခဲ့တယ်.. တစ်ခါတစ်လေဆို..ကျနော့် နားမှာလူတစ်ယောက် ရပ်နေတယ်လို့တောင်ခံစားရတယ်..။ ကျနော့် အသက် ၁၀နှစ်ကျော်လည်း ရောက်ရော ကျနော့် ကိုအိမ်က ကိုရင်ဝတ်ပေးတယ်...။ ကျနော်တို့အိမ်က ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်.. အဲ့ဘုန်းကြီးကဆိုရင် ဝိနည်းနဲ့အရမ်းကိုညီတာ...။ ဈာန်ပါကြွတယ်..လို့ လူတွေပြောကြတယ်။ ကျနော့် ကိုအဲ့ဘုန်းကြီးကျောင်းမှာ ရှင်ပြုပေးတဲ့အချိန်မှာ ကျနော့် ကိုဘုန်းဘုန်းက တစ်ချိန်လုံးပဲကြည့်နေတာ.. ကျနော်လဲ နဲနဲတော့ နေရထိုင်ရကျပ်တာပေါ့.. ။ညနေ အားလုံးပြီးလို့ ခဏနားတဲ့အချိန်မှာ ဘုန်းဘုန်းက ကျနော့် ကိုအခေါ်လွတ်လိုက်တယ်.။ ပြီးတော့ ကျနော့် ကိုမေးတယ်..။ "ဒီလို ပရလောကသားတွေနဲ့ပတ်သတ်ဘူးလား...??? "တဲ့. ။ ဘာလဲပေါ့ ပရလောကဆိုတာ..။ ကျနော်ကလဲ ဘုန်းဘုန်းကိုလျှောက်တယ်.. တပည့်တော်မသိပါဘူးဘုရား ပေါ့.. ကျနော့် ကို.." ဝိညာဉ်တွေနဲ့ပတ်သက်ဖူးလား...???" တဲ့ ( ကျနော်တို့ရဲ့ အက်မင် ဝိညာဉ် ကိုပြောတာမဟုတ်ဘူးနော်..:P ) ကျနော်ကလည်း ကျနော်မက်ဖူးတဲ့ အိမ်မက်ကိုပြောပြလိုက်တယ်.. ပြီးတော့ အဲ့လို ထူးထူးဆန်းဆန်းတွေကိုပါပြောပြလိုက်တော့ ဘုန်းဘုန်းက သူမောင်းထုတ်ပေးမယ်တဲ့.. အဲ့လိုနာနာဘာဝတွေနဲ့ မပတ်သတ် ရဘူးတဲ့.. အသက်တိုပြီးကံနိမ့်တတ်တယ်.. ကိုယ့်ကိုပြုစားလို့ ရတယ်တဲ့.. အဲ့တုန်းကတော့ ဘုန်းဘုန်းပြောတာတွေနားမလည်ပေမဲ့လည်း ကြောက်ရတော့ လည်း ခေါင်းညိမ့်ရတာပေါ့.. ။ ပြီးတော့ ဘုန်းဘုန်းက ပြောတယ် သူအဲ့သရဲမကို အမျှပေးတယ်တဲ့ ဒါပေမဲ့ မကျွှတ်ဘူးတဲ့. သူကတော့ သူအရင်ရှိနေတဲ့ နေရာမှရှိနေမှာတဲ့. အဲ့တော့သတိထားနေဖို့ပြောတယ်.. ကျနော်ကတော့ ထုံးစံအတိုင်း တင်ပါ့ဘုရားပေါ့.. ပြီးတော့ ကျနော့် ကိုလည်း ဘုရားတရားများများလုပ်ခိုင်းတယ်. ကံအရမ်းနိမ့်နေလို့တဲ့...။ အလကားနေရင်းနဲ့တောင် ဖျားတယ်.. တော်တော်ကိုဖျားတာ.. နောက်မှ ဘုရားတရားကိုတော်တော်လုပ်မှ လူက ကံပြန်ကောင်းလာတာ...။ တစ်ခါတစ်လေ တစ်ယောက်ထဲနေလို့အပေါ်ထပ်များသွားလိုက်ရင် ဖြတ်ကနဲ နဲ့တွေ့လိုက်တယ်.. အဖြူေ၇ာင်လေးကို...။ အဲ့တုန်းက ဆို ဘုရားစာရွတ်ပြီး ပြေးတာ လုံးနေတာပဲ.. အခုတော့ကျနော်တို့ဆိုင်လည်းပိတ်လိုက်ပြီ.. ဒီလည်းပြောင်းလာပြီ...။ အဲ့ဆိုင်မှာဘာဆက်ဖြစ်လည်းတော့ မသိဘူး..။ ဒါကျနော်ဘဝမှာ ပထမဆုံး အားလုံးကိုပြန်မှတ်မိတဲ့အိပ်မက်..။ နောက်တစ်ခုရှိသေးတယ်. အဲ့တာက သရဲတော့မဟုတ်ဘူး..။ အဲ့တာလဲ မှတ်မှတ်ရရပဲ.. နောက်ကြုံရင်တော့ရေးမှာပါ..။ အခုတော့ အိပ်တော့မယ်.. ည ၃း၃၀ ရှိနေပြီ...။ လူလည်းနည်းနည်းတော့ကြောက်လာပြီ..။တာ့တာ..။- 


။။။။။။။။။။။။။။။။။။။။။။။။။။။ 

+မောင်စိုး(ရောရောသမမွှေ)+



No comments:

Post a Comment