Wednesday, March 30, 2016
** ဆေးခါးကြီးတစ်​ခွက်​**
ကိုယ်​တိုင်​ လိုလားလို့ပဲဖြစ်​ဖြစ်
မိဘက ထားလို့ပဲဖြစ်​​ဖြစ်
ယူချ င်​ချ င်​ မယူချ င်​ချ င်
ကျူ ရှင်​ ယူဖြစ်​တဲ့တပည့်​နဲ့
သူ့ဆရာတို့ရဲ့ကြား ၊
ကိုယ်​တိုင်​ စိတ်​နာလို့ပဲဖြစ်​ဖြစ်
 အခြားတစုံတရာ​​​ကြောင့်​ပဲဖြစ်​ဖြစ်
အဆင်​မ​ပြေ ကွဲ​နေတဲ့မိဘနှစ်​ပါးနဲ့
သားသမီး တို့ရဲ့ကြား ၊
  ကိုယ်​တိုင်​ ချ စ်​လို့ပဲဖြစ်​ဖြစ်
နေချ င်​ချ င်​ မ​နေချ င်​ချ င်
 အိမ်​​ထောင်​သက်​ရှည်​ကြာ 
အက်​သံပါလာတဲ့ အတူ​နေလင်​မယားတို့ရဲ့ကြား ၊
 မြင်​သာလျ က်​ပဲဖြစ်​ဖြစ်
 မမြင်​သာလျ က်​ပဲဖြစ်​ဖြစ်
 မဖြစ်​မ​နေ ချ ည်နှောင်တွယ်ငင်
 ကြိုးတစ်မျှ င်မို့  
မျ က်​​စေ့စုံမှိတ်​ အံကြိတ်​မျို ချ 
သောက်​​သင့်​ကြတဲ့​ဆေးတစ်​ခွက်​ဟာ 
နားလည်​မှု ဆိုတဲ့​ဆေးခါးကြီးပါပဲ။ ။ ။ 
//////////////////////////////////////////
 +အိန်ခက်မျိုး+
No comments:
Post a Comment