တစ်နေ့လုံး ရှူသွင်းနေတဲ့လေထဲမှာ
အသက်ဓာတ်တစ်ချက်တလေမှ မပွင့်ဘူး
တစ်နေ့လုံး ခုန်နေတဲ့ နှလုံးသားထဲမှာ
အခိုက်ဓာတ် တစ်ချက်တလေမှ မထိခတ်ခဲ့ဘူး
တစ်နေ့လုံး ပျောက်ဆုံးနေခဲ့တယ် …
.နှစ်ဆယ့်လေးနာရီ ..
ကြားနေရတဲ့ မြင်ကွင်းတွေမှာက
နရီစည်းချက်တွေ တစ်ရောင်မှ မပါဘူး
တဖောက်ဖောက် ကျဆင်းလာတဲ့ အသံတွေမှာက
ငြိမ်းအေးမှု သံဝေဂတွေ တစ်စက်မှ မပါဘူး
တစ်ဘဝလုံး ပြုတ်ကျ ပျောက်ဆုံးနေခဲ့ရတယ်
နှစ်ပရိစ္ဆေတများစွာ ….
တစ်နွေပြီးတစ်နွေ ..
နေ့တာတွေကလည်း ရှည်ပြီးရင်း ရှည်နေခဲ့
ငါ .. မအိပ်စက်ရတာ ကြာနေခဲ့ပြီ …
မလိုလားအပ်မှုတွေနဲ့ပဲ
နိစ္စဓူဝ မျက်နှာချင်းဆိုင် ..
ဘာကိုမှ အနိုင်မရနိုင်တော့တာ
သေချာတဲ့အမှတ်တံဆိပ်က ငါ လား …
ငါ့ကိုယ်ငါက.. ပြန်မတွေ့တော့ဘူး …
ငါ့ကိုယ်ငါကလည်း … ပြန်မလိုချင်တော့ဘူး …
ငါ့ကို ရုတ်သိမ်း ငြိမ်းမှုတ် ပစ်လိုက်ဖို့
တန်ခိုးရှင်တစ်ပါးပါးတော့ လိုနေခဲ့ပြီ
ကြည့်စမ်း.. ရေခဲမြစ်တွေ အေးခဲရှည်လျားနေလိုက်ကြတာ .
.
ငါ .. ဘယ်တုန်းကတည်းက ငိုနေခဲ့မိပါလိမ့် ………..
+ မနော်ဟရီ+

No comments:
Post a Comment