Sunday, March 13, 2016

"ပန်းရောင်ကဒ်(ဘတ်) အတွက် ကုန်ကျငွေ "

ထိုင်းနိုင်ငံရောက် ရွှေ.ပြောင်းမြန်မာအလုပ်သမားတွေအတွက် (လူသစ်/တောင်ကျော်/ခိုးဝင်/အလည်VISA ဖြင့်လာသူများမပါ) ပန်းရောင်ကဒ်တွေ ကို 1-4-2016 မှ စပြီး ပြုလုပ်တော့မှာဖြစ်ပါတယ်တဲ့ ။ အမှန်တကယ် ကုန်ကျငွေကတော့ ပကန်စံခုမ် ( လူမှု.ဖူလုံကြေး) ၂ နှစ်စာ (သို.) ဆေးရုံဘတ် (ကျန်းမာရေး အာမခံ ၂နှစ်စာ+သွေးစစ်ခ) =3700 ဘတ် ထော်ရော်38/1 (နိုင်ငံခြားသားကိုယ်ရေးရာဇ၀င်) =80 ဘတ် WP(ယာယီအလုပ်လုပ်ခွင့်) ၂ နှစ် = 1900 စုစုပေါင်း = 5680 ဘတ် ဖြစ်ပါတယ် ။ ဒီကြားမှာ ကုန်ကျငွေကို 7-Eleven ဆိုင်တွေမှာ ပေးသွင်းနိုင်တယ်လို. ထိုင်းနိုင်ငံထုတ်သတင်းစာတစ်ခုမှာ ဖော်ပြထားပါတယ်။ ပန်းရောင်ကဒ်တွေ ပြုလုပ်ရာမှာ အမှန်တကယ် ကုန်ကျငွေကျသင့်သူဟာ ထိုင်းရောက်ရွှေ.ပြောင်းမြန်မာ အလုပ်သမား ဦးရေရဲ. ၂၀ % တောင် မရှိနိုင်ပါဘူး။ ထပ်ဆောင်းကုန်ကျငွေ အဖြစ် ကားခ+၀န်ဆောင်ခ(ပွဲစား) အပါအ၀င် ခန်.မှန်းကုန်ကျငွေ (6500/6700/7000) ဘတ် ခန်. ကုန်ကျနိုင်ပါတယ် ။ (မိမိအလုပ်ရှင်နဲ.တိုက်ရိုက်လုပ်သူများကတော့ ပုံမှန်ကုန်ကျငွေ (5680) ဘတ်ခန်. သာကုန်ကျနိုင်ပါတယ်။

 မှတ်ချက် ။ ။ လူသစ်များအတွက် အစီအစဉ်မရှိသေးကြောင်းသိရပါတယ်။ ယခု ပြုလုပ်ပေးမဲ့အစီအစဉ်မှာ ယာယီနိုင်ငံကူးလက်မှတ်(အနီရောင်) သက်တမ်း ၆ နှစ်ပြည်ပြီးသူတွေ ပြည်မည့်သူတွေ နှင့် ယာယီနိုင်ငံကူးလက်မှတ် (ခရမ်းရောင်) ၄ နှစ် ပြည့်ပြီးသူတွေ ပြည့်မည့်သူတွေ အပါအ၀င် လက်ရှိ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသည့် သူများအတွက် အကြုံးဝင်ကြောင်းသိရပါတယ်။ အစီအစဉ်မှာ အကြုံးမ၀င်သူများကတော့ (မည်သည့်အထောက်အထားမှ မရှိသော လူသစ်များ၊ MOU ဖြင့် ထိုင်းနိုင်ငံအတွင်းလာရောက်လုပ်ကိုင်သူများ ၊ အလည်VISA ဖြင့် ၀င်ရောက်လာသူများ) လုပ်ကိုင်ခွင့်မပြုထားပါ ။ 

........................................ 


+ဝေမင်း(ထိုင်းတောင်)+

No comments:

Post a Comment