Monday, March 14, 2016

**တစ်သက်တာနူတ်ဆက်လိုက်ပါပြီ....အို-မာစီ**

(သမီးလေးပမာအလွန်ချစ်ခင်ရသောခွေးမလေးတစ်ကောင် ကွယ်လွန်ခြင်း-၁နှစ်၎လပြည့်)

မဲဆောက်မြို့ ကအို--မာစီ
 ခွေးမလေးတစ်ကောင်ဖြစ်ပါသည်။

မမာစီအမေပါလာသဗျား
အလုပ်ပြုတ်လာတဲ့အလုပ်သမား။

 ဒီအလုပ်သမားတွေအတူနေ
 ဆရာမိုးတို့ ဂေဟာမလေ။

 ခွေးနီမကြီးကလေးမွေး
 ဖြူနက်စပ်ကြားမာစီလေး။

 မာစီလေးကလိမ္မာပြ
ပတ်ဝန်းကျင်ကလည်းချစ်ကြသဗျ။

တသွေးတမွေးနှင့်သမီးမာစီ
 ဆေးထိုးအပျိုကြီးဖြစ်ပါသည်။

 လေးလတစ်ကြိမ်သူဆေးထိုး
ဖွံ့ ထွားလှပအားယိုးယိုး။

  ဆရာမိုးသခင်ကသိပ်ချစ်သည်
 သမီးလေးကဲ့သို့ ပမာညီ။

 ပြေးကြိုပွတ်ခါ ကလူကစား
 နေ့ စဉ်နေ့ တိုင်းသခင့်အနား။ 

သခင်ခရီးသွားသော်လိုက်ပို့ သည် 
ကားဆိုင်ကယ်တွေအကြားမကြောက်မရွံ့ အတည် ။ 

လူတစ်ဦးမှမကိုက်ဖူး
 လိမ္မာလှတဲ့သမီးထူး။ 

သူနေမကောင်းစဉ်သခင်မှာ
 အကြောင်းရှိလို့ ခရီးသွားစဉ်ခါ 
 အစာမစားပါခွေကာလဲ 
လွမ်းဆွတ်တသသတိရမြဲ။ 

မလိုသူတွေအစာကျွေးတယ်
 စားချင်စဖွယ်အဆိပ်နှင့်နယ်။ 

မာစီလေးဟာအဆိပ်ပျော့ထိ
 သူမျောနေမှဆရာဝန်ပြကြည့်။ 

ဆရာဝန်ပြမှသိကြသည် 
အဆိပ်ပျော့နှင့်နှလုံးမညီ ။ 

ဘန်ကောက်ကားဂိတ်ကသခင်သည်
 ဖုန်းဆက်မေးလို့ အားပေးသည် 
**သမီးမာစီရေ..အားတင်းထား 
ဒီနေ့ ညအဖေ နဲ့ တွေ့ မယ်ဗျား။ 

ကျီကျီအီအီအသံပြန်ပေးသည် 
သမီးမာစီလေးစိတ်လျှော့ပြီ 
သခင့်အသံကိုသူလေကြား 
တုံးကနဲပဲလဲလို့ သွား။ 

 မဲဆောက်မြို့ သို့ သခင်မရောက်မီ 
သမီးမာစီဆုံးရှာသည်။ 

သခင်မှာတစ်ညလုံးအိပ်မရ 
သူ့ မြေပုံလေးမှာတသသ။ 

မနက်ကြတော့ပြန်ဖော်သည် 
**သမီးမာစီရေ..အဖေရောက်ပြီ**
 ပါးစပ်ဆီကထွက်တဲ့သွေး 
အဆိပ်ပျော့မိတာသေချာသလေး။ 

သူမသေတာ၁နှစ်ကျော်ကြာ
 မကြာမကြာသတိရတာ။

 တစ်ခါတစ်ခါမျက်ရည်စို့  
သူ့ ဓာတ်ပုံလေးရှေ့ ချလို့ ။ 

 လိမ္မာလှတဲ့သမီးရယ် 
အသက်ကဖြင့်တိုလွန်းတယ် 

သတိရချိန်မှာ ဆုချွေတောင်း 
ဘ၀ကူးလေးကောင်းစေကြောင်း။
 ဘ၀ကူးလေးကောင်းစေကြောင်း။
 ဘ၀ကူးလေးကောင်းစေကြောင်း။ ။ ၊၊ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ 

( မာစီလေးနေရာမှာအစားထိုးချစ်နေရသော
အပျိုကြီးခွေးမလေး-ပေါင်မုန့် )


+ဒီလျှပ်စီး+ 



မှတ်ချက်။ ။ သူမ-မာစီလေး(၃နှစ်ခွဲ)၏သေဆုံးသည့်နေ့ မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်နိုဝင်ဘာလ(၁၃)ရက်နေ့ ဖြစ်ပြီးကွယ်လွန်ပြီး ချိန်မှစပြီး သူမအတွက်ရည်စူးလျက် ၇ရက်ရက်လည်။ ၁လပြည့်၊၂လပြည့် ၊ ၃လပြည့် ၄လပြည့်၊၅လပြည့်။၆လပြည့်၊၇လပြည့်၊၈လပြည့်၊ ၉လပြည့် ၊ -၁၀လပြည့်၊၁၁လပြည့်၊၁နှစ်ပြည့်၊ ၁နှစ်၁လပြည့်၊၁နှစ်၂လပြည့်၊၁နှစ်၃လပြည့်ယခုလ၁နှစ်၎လပြည့်စသဖြင့်အမှတ်တရကို တနိုင်တပိုင်ကုသိုလ်ပြုပေးခဲ့ပါသည်။

No comments:

Post a Comment