ရုံးမှာ ခုတလော ထူးဆန်းတာတွေ ကြုံတွေ့နေတော့
မေးရင်းမြန်းရင်း အရင်ငယ်ငယ်တုန်းက သရဲတွေ့ဖူးတာပါ ပြန်သတိရသွားတယ်.။.
ငယ်ငယ်တုန်းက ရန်ကင်းမှာ နေရတော့ အဲ့ဒီတိုက်က အရင် အမျိုးသားဇာတ်ရုံဆောက်တုန်းက တရုတ်အင်ဂျင်နီယာတွေကို အဆောင်သဘောမျိုး ထားတဲ့တိုက်တဲ့.. နောက်သူတို့ ပြန်သွား၊ ဇာတ်ရုံလည်းဆောက်ပြီးသွားတော့မှ အနုပညာဦးစီးဘက်က ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာသဘောမျိုးထားတာပေါ့.. အဲ့ဒီတိုက်ကို ပြောင်းလာကြတော့ ကိုယ်က အသက် ၈ နှစ်လောက်၊ အိဖူးက ၅ နှစ်လောက်လား.. အဲ့မှာ ပြောင်းလာခါစကြီး တိုက်အသစ်နေရာအသစ်ဆိုတော့ ၂ ယောက်သား တိုက်အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ဆော့ကြတာပေါ့။..
ဆော့ရင်းနဲ့ အောက်ဆုံးထပ် ထောင့်ခန်းနဲ့ကပ်လျက်အခန်းက
မှောင်မှောင်မည်းမည်းနဲ့ လူလည်းမရှိတဲ့ပုံကြီးဆိုတော့ ဘာရယ်မဟုတ်ပါဘူး ပြတင်းပေါက်ကနေ သွားချောင်းကြည့်တာ။..
ကြည့်လိုက်တော့ အထဲမှာ ယောကျာ်းခပ်ကြီးကြီးတွေ ၄ ယောက် ၅ ယောက်လောက်လားမသိဘူး ရှိနေတယ်။.ထိုင်သူကထိုင် ရပ်တဲ့လူကရပ်ပေါ့..။ မှတ်မှတ်ရရ အင်္ကျီချွတ်ကြီးနဲ့ အဝတ်လှမ်းနေတဲ့လူတစ်ယောက်ကို မြင်တယ်။.. အဲ့ဒါနဲ့ ညီအစ်မ ၂ ယောက် လန့်သွားပြီး "လူရှိတယ်ဟ"ဆိုပြီး အမြန်လစ်ပြေးတာပေါ့နော်.. ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။
.ခုချိန်ပြန်စဉ်းစားတော့လည်း အိမ်မှောင်မှောင်မည်းမည်းမှာ လူတွေ ဟိုတယောက်ဒီတယောက်နဲ့ကို ဝိုးတဝါးပဲ မှတ်မိတော့တယ်။..
နောက်ပြီးတော့ အဲ့ဒီတိုက်မှာ မနက်ခင်း ၄ နာရီ ၅ နာရီလောက်ဆို ငရုတ်သီးထောင်းရင် ငရုတ်ဆုံကမြည်သလို ထုသံမျိုးတွေ အမြဲကြားရတယ်။.ကိုယ့်အခန်းရဲ့အပေါ်ထပ်ကထုနေတယ်ပဲ
လူတိုင်းက ထင်တာပေါ့။.တစ်ရက်ကျတော့ တိုက်ကလူတွေ အလှူတစ်ခုမှာ ဆုံမိစကားစပ်မိမှ အဲ့ဒီအသံဟာ ဘယ်အခန်းကမှ လုပ်နေတာမဟုတ်ဘူး။ဘယ်သူမှလည်း မနက်စောစောကြီးထပြီး ငရုတ်သီးမထောင်းဘူးပေါ့။အဲ့ဒီမှာ လူကြီးတွေ စကားပြောကြရင်း အဲ့ဒီမြေညီထပ်အခန်းက လူမရှိတဲ့အကြောင်းရယ်၊ အသံဗလံမြည်တာတွေရယ်ပြောကြတော့ ကိုယ်တို့ ညီအစ်မက ဝင်ပြောတာပေါ့.။. အဲ့အခန်းက လူကြီးတွေကလုပ်နေတာလား.. အဲ့အခန်းမှာ လူတွေရှိတယ်ပေါ့။.. မြင်ခဲ့တယ်ပေါ့.။. အဲ့ဒီမှာ လူကြီးတွေက ငြင်းတော့တာပဲ.။. မရှိပါဘူး။ လူမနေဘူး.။.
သမီးတို့ အမြင်မှားတာပါတို့.. ဘေးခန်းနဲ့ မှားကြည့်တာနေမှာပါတို့။.. ကိုယ်တို့ကလည်း မြင်ကိုမြင်ခဲ့တာဆိုတော့ အတင်းငြင်းတာပေါ့။.. မကျေနပ်လို့ နောက်တစ်ခါ အဲ့အခန်းသွားချောင်းသေးတယ်။ဒါပေမဲ့ ဒီတစ်ခါကျတော့ ဘာမှ မရှိပြန်ဘူး။.. မည်းမှောင်နေတာပဲ.။.
ခပ်ငယ်ငယ်ဆိုတော့ ဘာရယ်ညာရယ်လည်း မတွေးတော့ဘဲ အဲ့အခန်းကို မေ့မေ့ပျောက်ပျောက်ထားခဲ့ကြပြီး နောက်တော့ အိမ်ပြောင်းကြတော့မှ (အသက်လည်းပိုကြီးလာပြီဆိုတော့) မေကြီးကပြောပြတာ။
အမှန်က တရုတ်အင်ဂျီနီယာတဖွဲ့ အဲ့အခန်းမှာနေတာ။နေရင်း တရက်ကျတော့ ဇာတ်ရုံဆောက်ရင်း ငြမ်းပြိုတာလား။ ဘာဖြစ်တာလဲတော့မသိဘူး.. တဖွဲ့လုံး သေထားတာတဲ့.။အဲဒီတော့မှ "အမလေး ငါတို့ တွေ့လိုက်တာက သရဲအဖွဲ့ကြီးပါလားဟ"ဆိုပြီး ၂ ယောက်သား မျက်စိပြူးခဲ့ကြ။ဒါပေမဲ့ အတွေ့အကြုံတစ်ခုအနေနဲ့ ပြန်ပြောဖို့ကြတော့လည်း သရဲမှန်းမသိခဲ့တော့ သေချာမမှတ်ထားမိတာ။မျက်စိထဲ ပြန်မြင်ကြည့်ရင် မီးပျက်နေတဲ့အဆောင်ခန်းထဲက လူတွေကိုမြင်ခဲ့သလိုလောက်ပဲ ဝိုးတဝါးဖြစ်နေတော့တာပဲ။..
တလက်စထဲ ကိုယ်တွေမျက်စိပြူးသလို လူကြီးတွေ ပြူးခဲ့တဲ့အကြောင်းပါမှတ်မိနေတာက.. အဲ့ဒီတိုက်မှာနေတုန်းက ညနေဘက်တွေဆိုရင် မျက်နှာချင်းဆိုင်
တိုက်ရဲ့ အပေါ်ဆုံးထပ်ကိုသွားပြီး အင်္ဂလိပ်စာ သင်္ချာကျူရှင်တွေ တက်ရတယ်။၂ ယောက်စလုံးသွားကြတာပေါ့.။အဲ့မှာဘာလဲဆိုတော့
တိုက် ၂ တိုက်ကြားမှာ မြေနီလမ်းခပ်ဆိုးဆိုးတစ်ခုခြားနေတော့ ညနေဘက်သွားတိုင်း အဲ့ဒီလမ်းကိုဖြတ်တဲ့အခါမှာ လမ်းမှာ အုပ်စုဖွဲ့ပြီးနေတဲ့ ခွေးတစ်အုပ်က စိတ်မထင်ရင် မထင်သလို ဟောင်လိုက် လိုက်ဆွဲမလိုလုပ်လိုက်နဲ့ ဟန်ရေးပြတာပဲ။အရွယ်တွေကလည်း ၉ နှစ်လောက်နဲ့ ၅ နှစ်လောက်တွေဆိုတော့ စပ်စလူးထပြီး ဖြတ်သွားရင် ခွေးတွေက အမြင်မကြည်ဘူးနေမှာပါ။ကိုယ်တွေကလည်း အဲလိုဆိုတော့ ကြောက်တာပေါ့.။အဲ့ဒါနဲ့ ဘာလုပ်သလဲဆိုတော့ ကိုယ့်တိုက်ကနေ အောက်ကိုဆင်းတိုင်းမှာ တိုက်အောက်ကနေ
ကျောက်ခဲ ခပ်သေးသေးအရွယ်တော်လေး ၂ ခုစီကောက်သွားတယ်။ လမ်းမှာ ခွေးကဟောင်ရင် ထုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ပထမ ၂ ရက်လောက်က အဆင်ပြေတယ်။ကျောက်ခဲလေးတွေကောက်.. ကျူရှင်ရောက်ရင် စားပွဲဘေးချထားပေါ့။နောက်တော့ ဆရာမက ဘာလို့ ကျောက်ခဲတွေအိမ်ထဲယူလာလဲ။ သဲတွေပေတယ်ဘာညာပြောတော့ ကိုယ်တွေလည်းအကြံထုတ်ပြီး နောက်ကျ ဘယ်လိုလုပ်လဲဆိုတော့ ကောက်လာတဲ့ ကျောက်ခဲလေး ၄ လုံးကို ကျူရှင်ရှိတဲ့တိုက် လှေခါးအကွေ့က ပန်းအိုးတွေတင်တဲ့ဘောင်ပေါ်မှာ တင်ထားခဲ့တယ်။.
ညနေစောင်း ကျူရှင်အလာမှာ ကျောက်ခဲ ၂ လုံးစီကောက်.. လှေခါးကွေ့မှာတင်ခဲ့.. ညကျကျူရှင်ပြီးတော့ အကွေ့ဘောင်ပေါ်က ကျောက်ခဲလေးတွေ လက်ထဲ ပြန်ဆုပ်ပြီး
ပြန်ကြ.. အဲလိုလုပ်နေတာ.. အဲ့ဒါလည်း ၄ ရက် ၅ ရက်လောက် အဆင်ပြေနေသေးတယ်.. နောက်တော့ကျတော့ ဘာဖြစ်သလဲဆိုတော့ ကိုယ်တွေညနေစောင်းမှာ ထားခဲ့တဲ့ ကျောက်ခဲလေးတွေက ကျူရှင်ဆင်းရင် ကြည့်ရင် မရှိတော့ဘူး.. ကိုယ်တွေလည်းမကျေနပ်ဘူး.. နောက်တစ်ရက် ထပ်ပြီးကောက်လာ.. တင်ထား.. ညဘက်ပြန်ရင် မရှိတော့ပြန်ဘူး.. အဲလိုနဲ့ ၃ရက်လောက်ဖြစ်လာတော့ သည်းမခံနိုင်တော့ဘဲနဲ့ ဉာဏ်ကြီးရှင်မယ်ညီက စဉ်းစားပြီး အတွေးခေါ်ရှင် အူးဖိကို တိုင်ပင်တာပေါ့ ။"ငါတို့ ကျောက်ခဲတွေကို အမှိုက်ထင်ပြီး ဖယ်ပစ်တာနေမှာ.. ဒီတော့ အမှိုက်လို့မထင်အောင်လို့ ငါတို့ အိမ်ကနေ ကြက်သွန်နီဥလေးတွေ ယူသွားမယ်.. ဒါဆို မဖယ်ပစ်လောက်တော့ဘူး"ဆိုပြီး.. ၂ ဦင်္းသားသဘောတူညီချက်နဲ့ ကြက်သွန်နီဥလေးတွေ ၂ ဥစီ ကိုင်သွားပြီး တင်ထားခဲ့တာပေါ့နော်.. ဒီတခါတော့ အောင်မြင်ပဟ ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ပေါ့။..
အဲလိုနဲ့ အဲ့ဒီညကျူရှင်ဆင်းတော့ လှေခါးအကွေ့လည်းရောက်ရော.. လူကြီးတွေ အများကြီးပဲ။ အဲ့ဒီ ဘောင်ကလေးနားမှာ.. မျက်စိမျက်နှာတွေလည်းပျက်ပြီး ကျွတ်စီကျွတ်စီနဲ့.. အဲ့ဒီဘောင်ကလေးရှိတဲ့အခန်းပိုင်ရှင် အန်တီကလည်း ဘာတွေပြောနေမှန်းမသိ။အလုပ်တွေများနေပုံရလို့ ကိုယ်တွေ ၂ ယောက်လည်း ဒီတစ်ခါလည်း ငါတို့ ခွေးကိုထုစရာ ကြက်သွန်ယူလို့မရပြန်ဘူးဆိုပြီး အသာလေး ဆင်းလာခဲ့ကြတာပေါ့။ပြီးတော့ အိမ်ရောက်တော့မှ မေကြီးကိုပြောပြတာပေါ့။သမီးတို့ပေါ့.. ခွေးထုဖို့ အဲလိုအဲလိုတွေ ပြင်ဆင်တာ မအောင်မြင်ဘူးပေါ့။အမြဲ အကြံစည်တွေပျက်တယ်ပြောတော့မှ .. အမေ့ခမျာ မျက်စိပြူးပြီး "ဟဲ့ အဲ့ဒါသမီးတို့ လုပ်နေတာလား.. အမလေး လာ လိုက်ခဲ့ကြ"ဆိုပြီး ကိုယ်တွေ ၂ ယောက်ကို လက်ဆွဲ.. အဲ့တိုက်ကိုကူး.. အပေါ်ထပ်ကိုတက်ပြီး ခုနက လူအုပ်ထဲသွားပြီး ကိုယ်တွေရဲ့ ခွေးထုပရောဂျက်ကြီးကိုရှင်းပြခိုင်းတယ်။
ဘာကြောင့်တုန်းဆိုတော့..
အဲ့ဒိအစွန်ဆုံးကအခန်းပိုင်ရှင် ဘောင်ကလေးရှိတဲ့အခန်းပိုင်ရှင်
အန်တီက ဒီတလောတွေ သူ့အခန်းဘောင်မှာ ကျောက်စရစ်ခဲလေးတွေ တွေ့တယ်ပေါ့။အမြဲ ၄ လုံးပဲ.. အမြဲ ဒီလိုအရွယ် size လေးတွေပဲပေါ့.. သတိထားပြီး
ကြည့်တော့ ညနေစောင်းဆို ပေါ်လာပြီး ည ဆို မရှိတော့ဘူး။
အဲ့လိုမျိုး ၆ ရက် ၇ ရက် တစ်ပတ်ဖြစ်လာတော့ သူလည်း
ကြောက်လာပြီး ဘာအမှောင့်လဲ ဘာပယောဂလဲဆိုပြီး
အဲ့ဒါတွေကို ဖယ်ဖယ်ပစ်တယ်ပေါ့။ဒါပေမဲ့ အဲလိုမျိုးဖယ်ပစ်တာ ၃ ခါလောက်လည်းကျရော ဒီနေ့ကျတော့ အဆင့်မြင့်လာပြီး ကြက်သွန်ဥပါ ရောက်လာပါပြီ ။သူ့ကို တယောက်ယောက်က ပယောဂတိုက်နေပါပြီဆိုပြီး ငိုမလို ရယ်မလိုနဲ့ ဘုန်းကြီးပင့်မယ်တွေ ပရိတ်ရွတ်မယ်တွေ ဖြစ်နေကြတာတဲ့ဗျို့.. အဲ့သတင်းက ကိုယ်တွေ ကလေးတွေသာ မသိတာ.. ကိုယ်တွေကျောက်ခဲတင်ပြီး ၁ ပတ်လောက်ကတည်းက တိုက် ၂ တိုက်က လူကြီးတွေကြားမှာ သတင်းပြန့်နေပြီး ဘူမသိကိုးမသိ ကြောက်နေကြတာဆိုပဲ။.
အဲလိုပါဆို ငယ်စဉ်တောင်ကျေးကတည်းက မယ်ညီနဲ့အူးဖိဆိုတာ့
တိုက် ၂ တိုက် (မိသားစုပေါင်း ၄၈ ခု) ကို ထိတ်လန့်ခြောက်ခြားစေခဲ့သူတွေပါဆိုနေ.. ....။
//////////////////////////////////////////////////////////////////
+နန်းညီ+

No comments:
Post a Comment