Thursday, March 3, 2016

=လူထုကျန်းမာရေး("ထမင်းစားစဉ် ရေခဲရေ မသောက်သင့်")=

**Public Health** 
ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ၁၅ မိနစ်ခန့်အချိန်အတွင်း ရေခဲရေ၊ အလွန်အေးသောရေနှင့် အအေးမျိုးစုံတို့ကို မသောက် သုံးသင့်ကြောင်း နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ မကြာခဏ ဖတ်ရှုရပါတယ်။ ကျန်းမာရေးပါရဂူကြီးများ၏ လေ့လာတွေ့ရှိချက်များအရထမင်းစားစဉ် ရေခဲရေသောက်သူများနှင့်
 ရေနွေးသောက်သူများကို နှစ် ရှည်လများ လေ့လာဆန်းစစ်ကြည့်ရာ ရေနွေးကို သောက်သောသူများက အနာရောဂါ ပိုမိုကင်းရှင်းပြီး အသက်ပို ရှည်နေကြောင်း တွေ့ရှိရပါတယ်။ အစာစားနေစဉ် ရေအေးကို သောက်ပါက မကြာခင်မျာ စားထားသည့် အစာများကို အဆီအခဲအဖြစ်၊ အစိုင်အခဲအဖြစ် ပြောင်းလဲစေပြီး အာဟာရကို မဖြစ်စေပဲ ရောဂါကိုသာ ဖြစ်စေပါတယ်။ ၄င်းအဆီအခဲများဟာ အစာအိမ်၊ အူသိမ်အူမတို့ကို ထိခိုက်ပျက်စီးစေပြီး၊ အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် အသက်ရှု ကျပ်စေခြင်းတို့ကို ဖြစ်စေသည့်အပြင် ရေရှည်မှာ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာတို့ကိုလည်း ဖြစ်နိုင်ခြေပိုများစေပါ တယ်။

 ယခုဆိုလျှင် ကျန်းမာရေးအသိပညာပေး အလွန်မြင့်မားသည့် ဂျပန်နှင့် အမေရိကတို့လို နိုင်ငံတွေမှာ အစာမစားမီ စွပ်ပြုတ် တစ်ဇွန်းနှစ်ဇွန်းခန့်ကို အရင်သောက်ပေးဖို့နဲ့ အစာစားပြီးလျှင်လည်း ဟင်းရည်ပူပူ သို့မဟုတ် ရေနွေးကိုသာ သောက် သုံးကြသည့် အလေ့အထကို လေ့ကျင့်ကြဖို့ တိုက်တွန်းနေကြပါပြီ။ ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတို့ဟာ အသက်အရှည်ဆုံး နေထိုင်ကြရသည့် အကြောင်းရင်းတွေထဲမှာ ကျန်းမာရေး အသိ ပညာပေးမြင့်မားမှု ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ထို့ကြောင့် မိမိတို့လည်း အနာရောဂါကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရန် ကျန်းမာရေးအသိပညာများကို လေ့လာလိုက်စားသင့်ပါတယ်။ အစာစားနေစဉ်နှင့် အစာစားပြီး ၁၅မိနစ်အတွင်းမှာ အေးသည့်အရည်များကို ရှောင်ကြဉ်ကာ ပူနွေးသော အရည်များကိုသာ သောက်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီ Post လေးကိုလည်း သင့်မိတ်ဆွေတို့အား Share ပေးခြင်းဖြင့် ကျန်းမာရေးအသိပညာများကို လှူဒါန်းပေးနိုင်ကြပါတယ်။ 

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ 

 + စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)+ 

ကိုးကား - Health News For Long Life.

No comments:

Post a Comment