Saturday, April 2, 2016

=သူတို့ သိချင်တာတွေကိုကွင်းဆင်းရှင်းပြတယ်။သူတို့ ရဲ့ ချွေးနည်းစာ အလှူငွေထည့်ဝင်တာကိုစနစ်တကျလက်ခံတယ်=

ဒီနေ့ မဲဆောက်မြို့ မက်ပ်ရေဒီယိုတင်ဆက်အပြီးအပြန်လမ်းမှာ မဲဆောက်မြို့ မယ်တော်ကျေးရွာအုပ်စုလောစုရပ်ကွက်ကအရပ်အခေါါ်- မန်ကျည်းပင်အထည်ချုပ်စက်ရုံက-*ဆရာမိုး..ဆက်ဆက်လာပါ*ဆိုတာနဲ့  အရောက်သွားခဲ့တယ်။ဒီကနေ့ ရေဒီယိုအသံလွှင့်ခဲ့တဲ့သတင်းတွေထဲက သူတို့ ပိုသိချင်တဲ့(မရှင်းလင်းတဲ့)ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ပန်းရောင်ကဒ်)အကြောင်းသေသေနဲ့ မှချာချာရှင်းပြခဲ့တယ်။ ပြီးတော့သူမတို့ က
သူမတို့ စက်ရုံငယ်မှာလုပ်ခလစာရက်မမှန်သလို အခုနောက်ပိုင်းနှစ်လပေါင်းပြီးမှတစ်လစာလိုလိုပေးလာတာမို့  စက်ရုံမှာလူတွေထွက်ကုန်ကြကြောင်း၊သူဌေးကလည်းအလုပ်ထွက်သွားသူတွေကိုဘာလစာမှမပေးပဲ
ဒီအတိုင်းထွက်စေကြောင်း ရင်ဖွင့်ကြပါလေရောဗျို့ ။ဒါနဲ့ ပဲထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက် ခရိုင်ခွဲအလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(LPO)ကဘာသာပြန် ၀န်ထမ်းတစ်ဦးရဲ့ ဖုန်းနံပါတ်ကိုပေးပြီးရုံးဖွင့်ရက်မှာအကျိုးအကြောင်းရှင်းပြဖို့ နဲ့ မိမိကလည်း

ဖုန်းဆက်ပြောပေးပါမယ်--လို့ နှစ်သိမ့်ဆွေးနွေးခဲ့ ရပါတယ်။ဒီလလခကို၁၂ရက်နေ့ မှာပေးမယ်ဆိုတာပေးပါ့မလားလို့  သူတို့ပူပန်စိတ်ဟာသကြံန်ကာလမှာပြည်တော်ပြန်ပြီးအိမ်လွမ်းစိတ်ကို ဖြေသိမ့်ချင်ကြတဲ့သူတို့ 
ခံစားချက်တွေကိုကျနော်နားလည်ခဲ့ပါတယ်။ ဒါ့အပြင်သူတို့ ကကျနော်ဦးဆောင်လှုပ်ရှားပေးနေတဲ့မဲဆောက်ဒေသ ရေဘေး-မီးဘေး-လမ်းသရဲရိုက်နှက်ဒဏ်ရာရမှုဘေး-ရဲအချုပ်ခန်းထဲထမင်း မစားရတဲ့ဘေး(ဘေးလေးဘေး)အတွက်အလှူငွေ၂၀၀ဘတ်၊လစဉ်ထုတ် မြန်မာပြည်သားစာစောင်
အတွက်၁၀၀ဘတ်ကိုလှူဒါန်းခဲ့ကြပါသေးတယ်။ ဒါကကျနော်နဲ့ သူတို့ ကြားမှာထားရှိတဲ့စေတနာနှောင်ကြိုးတစ်ခုပဲ ထင်ပါတယ်။ 

*လူထုကြားမှာ--အမှန်ရှာ--တွေ့ လာချက်လက်-အားလုံးအတွက်*

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ဒီလျှပ်စီး+

No comments:

Post a Comment