ဒီနွေဟာ
ကိုယ့်ကိုယ် ပူလည်း ပူစေတယ်
အေးလည်း အေးစေတယ်
ရိုးတံတွေဟာ
ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့
လေပြည်အပြေးမှာ နွဲ့ယိမ်းနေပုံက
နွေအိုကျဲကျဲကို ချုပ်ရိုးအထပ်ထပ်သီပြီး
ကကွက်နင်းနေတဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ အပြည့်နဲ့ ။
အတားအဆီးမဲ့ ပြေးလွှားနေတဲ့
တိမ်နွယ်တိမ်ခက်တွေ . .
နေကြာပန်းတစ်ခင်းစာလောက်နဲ့တော့
သူတို့ကို မဆွဲဆောင်နိုင်ဘူး
လွတ်လပ်စွာပဲ ကွင်းပြင်တွေကို
ဖြတ်သန်းပြေးလွှားလိုက်ကြတယ် ။
မိုးပြာရောင်လွင်လွင် ကောင်းကင်ကနေ
နွေကျဲကျဲရဲ့ အလင်းတန်းတွေဟာ
ဖြာကျစီးဆင်းနေသလို
နွေရဲ့ နေ့ခင်းဟာ ပူသလို
နွေရဲ့ လေပြည်ဟာလည်း
အေးမြနေသလို နွေရယ် . . .
ငါ့ကို . . ခြုံပါ
မင်းရဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ကို . . နွေးထွေးပါ
မင်းရဲ့ လက်တစ်စုံနဲ့
ငါ့အိပ်မက်ကို ရေးခြယ်ပါ
မင်းရဲ့ အပြုံးပွင့်တွေနဲ့
ငါ့ကောင်းကင်ကို လင်းခြင်းပါ ။
နွေရဲ့ ကောင်းကင်ကို ကြည့်ပြီ
လဲကျနေရာကနေ ရုန်းထဖို့
ကိုယ့်လက်တစ်ဖက်ကို
အားတင်းဆွဲယူလိုက်တယ်
ဒါပေမဲ့ . . . .
လက်တစ်ဖက်က ဦးစွာ
ကြင်ကြင်နာနာ ကိုယ့်ကိုဆွဲထူပေးခဲ့တယ်
. .
. . . နွေ . . . . .
ကျွန်တော်က
နှင်းစက်တွေအောက်က ဆောင်းပါ
မှုန်ဝါးဝါး မြူခိုးမြူဝေထဲကနေ
ထွတ်တတ်တဲ့ကောင် မဟုတ်တော့
တခါတလေ မုတ်သုံကလေးဖြစ်ရတာကိုတောင်
ဝမ်းနည်းခဲ့ရ ။
သူမက နွေပါ . .
ရယ်သံနဲ့ ရက်ဖောက်ထားတဲ့
အလင်းတွေနဲ့ ထွန်းညှိပြီး
ကျွန်တော့်ကောင်းကင်နဲ့
တိမ်တိုက်မြို့လေးကို
နွေးထွေးစွာ တည်ပေးခဲ့တယ်
သူမဟာ
ကျွန်တော်ရဲ့ . . . . နွေ . . . .
/
//////////////////////////////////////
+လင်းခေတ်ဒီနို+

No comments:
Post a Comment