ဦးနှောက်ရဲ့ ကြမ်းပြင် ပြေးလမ်းကြောင်းပေါ်
ခြေကျွံကျသွားတဲ့ အတွေးအခေါ်များ
ပါးစပ်ဖျားမှာ ရန်စကားခါးခါး အဖြစ်အသွင်ပြောင်း
စိတ်ဓာတ်တွေဟောင်းပြီး ဒဏ်ရာ ဝေဒနာတွေ အသစ်ဖြစ်ဆဲမို့ 
အနာဂတ် နံနက်ခင်းကို သွေးအားသွင်းရင်း
မျှော်လင့်ခြင်းများ နှလုံးသားမှာ စိုက်ပျိုးနေတယ်..။
ပြတင်းတံခါးကို တွန်းဖွင့်လိုက်စဉ်
အလင်းသစ်နဲ
့လေပြေ လေညင်းတွေ တိုးမ၀င်ပဲ
အိပ်မက်ဆိုးများသာ မဖိတ်ခေါ်ပဲ လှိမ့်ဝင်လာခဲ့
ကြာလာတော့ စကားလုံးတွေ ပုပ်သိုးပြီး
ပစ္စပ္ပုန် နေ့ ရက်တွေ အနံ့ ဆိုးထွက်နေတယ်..။
ကောင်းကင်မှာ အိုဇုန်းလွှာတွေ ပေါက်သွားလို့ 
လူတွေ စိတ်ဓာတ်တွေ ဖောက်ပြားလေသလား
မဆီမလျော်အတွေးနယ်ချဲ့ လျက်
ကောင်းကင်နဲ့ မြေပြင်ကို ရင်ကြားစေ့ရင်း
ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတိုက်ခိုက်မှုအောက်
အငိုက်မိသွားတဲ့ တောင်းတန်းလို ပျောက်ဆုံး
ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့အမှန်တရားကို
စိုက်ကြည့်နေယုံကလွဲပြီး
အလိုက်တသိ ဘာမှမလုပ်နိုင်တော့ပါ..။
အနာဂတ် လေယာဉ်က ထွက်တော့မယ်
ခုထိ အတိတ်ဂိတ်ဝမှာ အစစ်အဆေးကြား ပိတ်မိနေတုန်း
ခံယူချက်က လွဲပြီး ဘာမှ မပါခဲ့လေတော့
လောကအလယ် အသပြာ မရှိရင်
သောကကို ရင်မှာပိုက်ရင်း အသံပြာတဲ့ အထိ ဆုတောင်းလည်း
ကံကြမ္မာက ရောက်မလာပဲ တံခါးဝမှာ စိတ်ကောက်နေတယ်..။
သစ္စာတရားက အိပ်မောကျနေတုန်း
ဒေါသတွေက အိမ်အပြင်ကို ထွက်ပြီးနေပြီ
လောကဓံနဲ့ တည့်အောင် မပေါင်းတတ်လေတော
ပူလောင်ဆဲ နေ့ လည်နေ့ ခင်း ၊မျှော်လင့်ခြင်းတွေ
မီးဇာကုန်ဆီခမ်း
ည ညဆို အမှောင် ပက်ကြားအက်ထဲ
အိပ်မက်တွေ လမ်းလျှောက်ထွက်နေတယ်..။
့
ဘ၀ဆိုတဲ့ ကောင်းကင်အောက်
နောက်ကြောင်းပြန်လှည့်နေတဲ့
ယုံကြည်ချက်တွေ ဒီရေလို တက်လိုက် ကျလိုက်
မိုးမမြင် လေမမြင် ပျော်ရွှင်ဖို့ ရာ အကြောင်းမမြင်တော့
လောကကို အကောင်းမြင်တတ်ဖို့ 
စိတ်ဓာတ်ဟောင်းတွေကို ပေါင်းမြက်ပင်လို သုတ်သင်နေတဲ့
မြို့ ပြ
လမ်းအပျက်တွေကို လက်ဆင့်ကမ်းရင်း
အသက်ရှည်
သချိုင်္င်းကုန်းတွေကိုမြင်လည်း
ခုထိ သံဝေဂ မရသေးဘူး..။
အောင်ခိုင်မြင့်

No comments:
Post a Comment