Saturday, August 5, 2017

=လူထုကျန်းမာရေး(ရာသီတုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ချက်)=

+Public Health+ 
ရာသီတုပ်ကွေးရောဂါသည် ယခုကဲ့သို့ မိုးရာသီနှင့် မိုးအကုန် ဆောင်းအကူး
 ကာလများတွင် ဖြစ်ပွားလေ့ရှိပါသည်။
 - ရောဂါပိုးသည် လေထဲမှတစ်ဆင့်
အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်ရောက်ပြီး တစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ
ကူးစက်နိုင်ပါသည်။
- ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်
ရောဂါ ခံစားနေရသူများသို့ ပိုမိုကူးစက်နိုင်သည်။ ကူးစက်ခံရပါက ရောဂါ ပိုမိုပြင်းထန်
တတ်ပါသည်။
- အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါသည်။

- ရောဂါလက္ခဏာများမှာ -

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းစသည်တို့ဖြစ်ပါသည်။ ရာသီတုပ်ကွေး ရောဂါကို ကြိုတင် ကာကွယ်နိုင်
ပါသည်။
 -နှာချေတိုင်း၊ ချောင်းဆိုးတိုင်း၊ ရောဂါပိုးများကူးစက်မှုကိုဟန့်တားရန် ပါးစပ်နှင့်
 နှာခေါင်းကို အုပ်၍နှာချေ၊ ချောင်းဆိုးရန် တိုက်တွန်း အပ်ပါသည်။
 (လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် တစ်ခါသုံး ပါးစပ်နှာချောင်းစည်းတို့ အသုံးပြုနိုင်ပါသည်။)

 - ရောဂါပိုးများသည် လက်တွင်ကပ်ငြိနေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန်နှင့်
 ရောဂါလက္ခဏာ ရှိသူများအား ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ဖြင့်
 လက်ဆေးပါရန် တိုက်တွန်းပါသည်။ - တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာ
နေထိုင်ခြင်း၊ လူထူထပ်သော နေရာများသို့ သွားလာခြင်း တို့ကို ရှောင်ကြဉ်သင့်ပါသည်။ - ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက လုံလောက်စွာ အနားယူခြင်း၊ အရည်များများ
 သောက်သုံးခြင်း၊ ကိုယ်ပူချိန်မြင့်မားပါက ရေဖတ် တိုက်ခြင်းတို့ကို ဆောင်ရွက်ရန် 
လိုအပ်ပါသည်။ မိမိတွင် တုပ်ကွေးရောဂါလက္ခဏာများဖြစ်ပွားပါက ဆေးရုံ/ဆေးခန်း 
တို့တွင် ကုသမှု ခံယူပါ။ 



ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

No comments:

Post a Comment